Thursday, August 2, 2012

ဓာတ်အားပေးစက်ရုံမှဝန်ထမ်းအိမ်ယာများအားဖျက်ဆီးခံရ


ဓာတ်အားပေးစက်ရုံမှဝန်ထမ်းအိမ်ယာများအားဖျက်ဆီးခံရ 

   ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် မိုင်နားကျေးရွာအနိးမှာ တည်ဆောက်လျက်ရှိတဲ့ ၀ိုင်းမော်ပင်မ ဓါတ်အားခွဲရုံ အတွင်းက ၀န်ထမ်းအိမ်ယာ ၄ ခန်းတွဲ(၈)လုံးနဲ့ လုံးချင်းအိမ်ယာ(၁)လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဇူလိုင်လ(၅)၇က်နေ့က ၄င်းဓါတ်အားစက်ရုံ စတင် တည်ဆောက်ရာမှာ မြေဧက (၁၀၀)ကို   မြေပိုင်ရှင်(၂၉)ထံမှ ရယူခဲ့ပြီး ပိုင်ရှင်(၂၆)သီးကို   လျှော်ကြေးငွေေ ပးချေခဲ့ပြီးဖြစ်သော်လည်း ကျန်(၃)ဦးအား လျော်ကြေးပေးရန် ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။ 

        အဲ့ဒီကျန်ရှိတဲ့(၃)ဦးအနက် ဦးအားဆယ်၏သားဖြစ်သူ ယောဟန်က ဖခင်ပိုင်ဆိုင်တဲ့ မြေသိမ်းခံရမှုကို မကျေနပ် တဲ့အတွက် ဓါတ်အားခွဲရုံအတွင်းက လူမနေတဲ့ဝန်ထမ်းအိမ်ယာတွေကို ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
အခုလိုဖျက်ဆီးခဲ့တဲ့အတွက် မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လက်ထောက်ကြီးကြပ်မှုး ဦးဆန်းအောင်မှ ဇူလိုင်လ(၁၇)ရက်နေ့က ၀ိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။