Thursday, August 2, 2012

ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် နိုင်ငံခြားမြှုပ်နှံသူများကို ဖိတ်ခေါ်ထား


ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် နိုင်ငံခြားမြှုပ်နှံသူများကို ဖိတ်ခေါ်ထား 
ပြည်တွင်း၌ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်မည်ဖြစ်သောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားကြောင်း သတ္တုတွင်းညီလာခံ၌ သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။
''ကျောက်မီးသွေး deposit တွေကို coal turbine  တည်ထောင်ဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့လုပ် ကိုင်မယ့်သူတွေကို ဖိတ်ခေါ်ပါတယ်'' ဟု သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ လက်အောက်တွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၉ ရုံ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁)နှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လက်အောက်တွင် သဘာဝဓာတ်ငွေ့နှင့်ရေ နွေးငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၅ ရုံ စုစုပေါင်း လျှပ်စစ်စက်တပ်ဆင်အား (၃၄၉၄ ဒသမ ၉) မဂ္ဂါဝပ်ရှိပြီး ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကီလိုဝပ် နာရီသန်းပေါင်း (၁၀၃၃၈ ဒသမ ၀၈)ထုတ်လုပ်၍ မဟာဓာတ်အားလိုင်းသို့ ပို့ပေးခဲ့ကြောင်း သိရှိရ သည်။


No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။