"သတင်းဂျာနယ် ၊ နိုင်ငံရေးနှင့် ဘာသာရေး စာပေများ စာပေစိစစ်ရေး တင်ရန်မလိုတော့ဘဲ လွတ်လပ်စွာ ထုတ်ဝေခွင့်ရပြီ"
သြဂုတ် (၂၀)သတင်းဂျာနယ်များ အပါအ၀င် တင်ထုတ် အဖြစ်ကျန်ရှိ နေသေးသည့် ဘာသာရေး၊ နိုင်ငံရေးဆိုင်ရာ စာပေများ အားလုံးကို ထုတ်တင် စနစ်သို့ ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။သြဂုတ်လ ၂၀ ရက် နံနက်တွင် စာပေစိစစ်နှင့် မှတ်ပုံတင် ဌာန၌ ပြု လုပ်သော
စာပေစိစစ်ရေး မူဝါဒ အပြောင်းအလဲ အတွက် ညှိနှိုင်း ဆွေးနွေး ပွဲတွင် တရားဝင် ထုတ်
ပြန်ခဲ့ခြင်းဖြစ်ပြီး ပဉ္စမအဆင့် ဖြေလျော့မှု အဖြစ် တင်ထုတ် အဖြစ်ကျန်နေသည့် အုပ်စု (၂)မှ သတင်းနှင့်
ဘာသာရေး
ဂျာနယ် အမျိုးအစား (၂)မျိုး ၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ
မဂ္ဂဇင်းများ၊ ဘာသာရေး မဂ္ဂဇင်း(၂)မျိုး ၊ အထွေထွေ မဂ္ဂဇင်းများတွင်
နိုင်ငံရေးနှင့်  ဘာသာရေး ၊ တေးသီချင်းများနှင့်  ပြက္ခဒိန် အပါ အ၀င်(၄)
မျိုး ၊ သံရုံး စာပေများ အားလုံးသည် စာပေးစိစစ်ရေးသို့ ကြိုတင်တင်ပြရန်
လုံးဝမလို အပ်တော့ကြောင်း သိရသည်။
PopularNews


No comments:
Post a Comment