Thursday, October 25, 2012

“အခြေခံဥပဒေပြင်ဆင်ရေး သမ္မတ၏ သဘောထား ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်”


“အခြေခံဥပဒေပြင်ဆင်ရေး သမ္မတ၏ သဘောထား ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်” 

ပြည်သူ့လွှတ်တော်အ၀င် လက်မှတ်ရေးထိုးစဉ်
Popular News Journal, 24 October 2012 —-
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြောင်းလဲပြင်ဆင် သင့်ပါ က သမ္မတကြီး အပါအဝင် အစိုးရအဖွဲ့ အားလုံး ခေါင်းရှောင်နေ ရန် မဖြစ်နိုင်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အောက်တိုဘာ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးနှင့် သတင်း မီဒီယာ များတွေ့ဆုံပွဲတွင် နိုင်ငံတော် သမ္မတ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းလဲရေး မေးခွန်းနှင့် ပတ်သက်၍ ဖြေကြား သွားခြင်း အပေါ်ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ သုံးသပ် ပြောကြားခြင်း ဖြစ်သည်။

နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ၌ အောက်တိုဘာ ၂၁ ရက်က ပြည်တွင်းအခြေစိုက် မီဒီယာ များနှင့် နိုင်ငံတော် သမ္မတတွေ့ဆုံ ပွဲတွင် ပေါ်ပြူလာ နယူးစ် ဂျာနယ်မှ ”နိုင်ငံတော် သမ္မတအနေဖြင့် အခြေခံ ဥပဒေ ပြင် ဆင်ရေးသည် လွှတ်တော် ကိုယ်စားလှယ်များအပေါ် မူတည် သည် ဟု ပြည်တွင်း ပြည်ပ အင်တာဗျူးများတွင် ဖြေကြား ခဲ့ခြင်း ကြောင့် လက်ရှိ လွှတ်တော်ထဲ၌ ပြည်ခိုင်ဖြိုးပါတီမှ အမတ်အများစုရ ယူထားနိုင်သဖြင့် ဥက္ကဋ္ဌတစ်ယောက် အနေဖြင့် ပါတီဝင် အမတ်များကို အခြေခံ ဥပဒေပြင်ဆင်ဖို့ တိုက်တွန်း သွားရန် ရှိပါသလား။ သမ္မတကြီး၏ တစ်ဦးတည်း သဘောထား အနေ ဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးကို လိုလားမှု ရှိ မရှိ” မေးမြန်းခဲ့သည် တွင် နိုင်ငံတော်သမ္မတက ”အဲဒီအဖြေ ကို ဖြေရမယ်ဆိုရင်တော့ တိုတိုတုတ် တုတ်ပဲဖြေရ မှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါပြီး ဖြစ်ပါတယ်။ သမ္မတက သမ္မတသက်တမ်းအတွင်း မှာ ပါတီလုပ်ငန်းများ မလုပ်ရဆိုတဲ့ အတွက်ကြောင့် ကျွန်တော် သွားပြီး တော့ တိုက်တွန်းလို့လည်း မရဘူး။ ပြင် ပါလို့လည်း ပြောလို့မရဘူး။ ဒါ ကြောင့်မို့ ခုနက လွှတ်တော်ထဲမှာ ရှိနေကြ တဲ့ ပြည်ခိုင်ဖြိုး ပါတီသာမက ကျန်တဲ့ကိုယ်စားလှယ်တွေ အားလုံး ရဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီအဖြေ ပဲ ကျွန်တော်ဖြေရမှာဖြစ်ပါတယ်” ဟု ဖြေကြားခဲ့ပြီး ၄င်း၏ တစ်ဦးတည်း သဘောထားအား ထည့်သွင်း ဖြေ ကြားခဲ့ခြင်း မရှိပေ။ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံ ပွဲ၌ Eleven Media Group မှ အယ်ဒီတာချုပ် ဦးဝေဖြိုးကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်ပြီးမေးမြန်းခဲ့ရာ နိုင်ငံတော် သမ္မတက ”ဖွဲ့စည်းပုံအခြေခံ ဥပဒေ မှာ ပြင်ဆင်နိုင်သည့် အခွင့်အ လမ်းတွေ ကျွန်တော်တို့ ပေးထား ပြီး ဖြစ်ကြောင်း ၊ ပြင်ရေး မပြင်ရေးသည် ပြည်သူ တွေ ရွေးကောက် တင်မြှောက် ထားသည့် လွှတ်တော်ကိုယ်စားလှယ် များ၏ သဘော အတိုင်းဖြစ်ကြောင်း ဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
”လွှတ်တော် ကိုယ်စားလှယ် တွေအပေါ် မူတည်တယ်ဆို တာတော့ ဟုတ်တာပေါ့။ လွှတ်တော်ထဲကပဲ ပြောင်းရမှာပေါ့။ ဒါပေမဲ့ ထောက်ခံ လား မထောက်ခံဘူးလားဆိုတာ တော့ လုပ်နိုင်တာပေါ့။ အထူးသဖြင့် အစိုးရ အဖွဲ့ဝင်တွေ အားလုံး သမ္မတကြီးအပါအဝင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြောင်းလဲရေး မှာ ပြောင်းလဲသင့် တယ်ဆိုရင် ဝင်ပါရ မှာပေါ့။ ခေါင်း ရှောင်နေ လို့ ဘယ်ဖြစ်မလဲ။ အဲဒါ တော့ အန်တီကတော့ လုပ်သင့်လုပ် ထိုက်တယ်ဆိုရင် ဘယ်သူမဆိုဝင်ပါ ရမှာပေါ့။ အန်တီတို့ ကတော့ ဖွဲ့စည်း ပုံအခြေခံဥပဒေဟာ ပြောင်းလဲသင့် တဲ့ကိစ္စ လို့ မြင် တယ်။ ပြောင်းလဲသင့် တဲ့ကိစ္စမို့ ဒီမိုကရေစီ လမ်း ကြောင်းကို သွားချင်တဲ့ သူတိုင်း တိုက်တွန်းပြောဆိုရမယ့် ကိစ္စဖြစ်တယ်” ဟု ဒေါ် အောင်ဆန်း စုကြည် က အောက်တို ဘာလ ၂၂ရက်တွင် ပေါ်ပြူလာနယူးစ် နှင့်တွေ့ ဆုံစဉ် ပြော ကြားခဲ့သည်။
ထို့အပြင် ဒီချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် (မိတ္ထီလာမဲဆန္ဒနယ်)ကလည်း အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် ပါတီ၏ ဦးတည်ချက်တွင် ပါဝင် ပြီး ပြင်ဆင် ခွင့်ရပါက များစွာသော အချက်များကို ထည့်သွင်း သွားရမည်ဖြစ်ကြောင်း ပြောသည်။
ဥာဏ်လင်းအောင်၊ အောင်ထက်(NYK)

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။