ဇာတိ အညာဘက် မှာ ဦးအောင်သောင်း ဘာသာရေး သူရဲကောင်း ဖြစ်နေ
Freedom News Group, 10September 2012 —- ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီ ၏ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ
ဥက္ကဌ အဖြစ် လည်း တာဝန်ယူထား ကာ ကြံ့ခိုင်ရေး ပါတီ ၏ ထိပ် တန်း ခေါင်းဆောင် တစ်ယောက်
လည်း ဖြစ်သည့် ဦးအောင်သောင်း ကို သူ ၏ ဇာတိ ဖြစ်သည့် တောင်သာ မြို့ နယ် ၀ဲလောင် ဒေသ
တစ်ဝိုက် နှင့် မြင်းခြံ ဒေသ များ တွင် ပါ ဘာသာ ရေး သူရဲ ကောင်း သဖွယ် ဒေသ ခံ များ ထင်မြင် နေ
ကြ သည် ဟု FNG မှ သတင်း ရရှိသည်။
ခရစ်ယာန် ဘာသာရေး အဖွဲ့  အစည်း များ က ဆင်းရဲ နွမ်းပါးသည့် ထိုဒေသတစ်ဝိုက် တွင် သာသနာ
ပြု ရင်း ၎င်း တို့  ၏ ဘာသာ ထဲ သို့  သွတ် သွင်း ခြင်း ခံ ရ မှု များ ကို ဒေသရှိ ဦးအောင်သောင်း ၏ ဆွေ
မျိုး လုပ် ဖော် ကိုင် ဖက် များ က ဦးအောင် သောင်း ၏ ထောက်ပံ့ မှု ဖြင့် တား ဆီး ပေး နိုင် သည် ဟု
ဆိုသည်။
တောင်သာ မြို့  နယ် မှ ကြက်သွန် ၊ ငရုတ် ပွဲ ရုံ ပိုင်ရှင် တစ်ဦး က ” ဒီကို မစ်ရှင် တွေ လာတယ် လေ
မြို့ ပေါ် တွေ မှာ တော့ သိပ် စည်း ရုံး တာ မရှိ ဘူး ၊ ရွာ တွေ မှာ ပို များ တယ် ၊ အကူ အညီ တွေ ၊ လက်
ဆောင် ပစ္စည်း တွေ ၊ တခြား မက် လုံး တွေ နဲ့  ဆို တော့ တ ချို့  ဆင်း ရဲ နွမ်း ပါး သူ တွေ ဘာသာ ပြောင်း
သွား ကြတယ်။ ဦးအောင်သောင်း ရဲ့  ပါတီ က လူ တွေ နဲ့  သူ့  လူ တွေ ပေါင်း ပြီး အဲဒီ ဒေ သ တွေ မှာ
ထောက်ပံ့ ကြတာ ရှိ တယ်။ ဦးအောင်သောင်း လူ တွေ က လည်း အဲဒီလို စည်းရုံး ခံ ရ တဲ့ ဒေသ
တွေ မှာ လိုက် ကူ ညီတာ ရှိတယ် ဟု FNG ကို ပြောသည်။
ဘာသာရေး လူမျိုး ရေး သူရဲကောင်း သဖွယ် ဖြည်း ဖြည်း ချင်း ပြောင်း လဲ နေသည့် ဦးအောင်သောင်း
သည် မေလ နှောင်း ပိုင်း နှင့် ဇွန်လ ဆန်း က ဖြစ် ပွား ခဲ့ သည့် ရခိုင် ပြည်နယ် မငြိမ် သက် မှု များ တွင်
နောက် ကွယ် မှ ပါဝင် ခဲ့ သည် ဆိုသည့် သတင်း များ လည်း ထွက် ပေါ် ခဲ့ ဖူးသည်။
ဦးအောင်သောင်း သည် မန္တလေး မြို့  တွင် သီတင်း သုံး သည့် ဆရာ တော် အရှင် ၀ီရသူ (မစိုးရိမ်)
ကို လည်း သွား ရောက် ဖူးမျှော် ကြည် ညို ပြီး လှု ဖွယ် ပစ္စည်း များ ဆက် ကပ် ခဲ့ သည်။
ပြီးခဲ့ သည့် သီတင်း ပတ်က မန္တလေး မြို့  တွင် ပြုလုပ် ခဲ့ သည့် ရိုဟင်ဂျာ ဘင်္ဂါလီ ဆန့် ကျင် ရေး ဆန္ဒ
ပြမှု များ ကို ဦးအောင်သောင်း က ပင် နောက် ကွယ်မှ ထောက်ပံ့ ခဲ့ သည် ဟု မန္တလေး မြို့ မှ ပေါက်
ရောက် သူ များ က တွက် ဆကြသည်။
ဦးအောင်သောင်း အဖွဲ့  ၏ ကူညီ ပေး မှု ကြောင့် ဆဲရင်း တွင်း မှ ရုန်း ထွက် နိုင်ခဲ့ ပြီး ဘာသာ ပြောင်း
ရမည့် အဖြစ် ကို မရောက်ခဲ့ သည့် ဆိတ်ထိန်း ရွာမှ ဦးဘရင် က ” ဦးအောင်သောင်း ကယ် ပေ လို့ 
မကယ် ရင် တစ်ရွာ လုံး ခရစ်ယာန် ဖြစ် ပြီ ” ဟု FNG ကို ပြောသည်။
ထိုဒေသ တစ်ဝိုက် တွင် ခရစ်ယာန် ဂိုဏ်း လေး ခု ထက် မနည်း က စည်းရုံး ရေး ဆင်း နေ ကြ ပြီး ထို
စည်းရုံး ရေး မစ်ရှင် တွင် ပါရှိ သည့် ခရစ်ယာန် အဖွဲ့ ဝင် များ မှာ နာဂစ် အပြီး ဧရာဝတီ တိုင်း ဒေသ ၊
ကရင် ပြည်နယ် နှင့် ချင်းပြည် နယ် တို့  တွင် ပါဝင် ခဲ့ သည့် အတွေ့ အကြုံ ရှိ သူ များ ဖြစ်သည်။
ဦးအောင်သောင်း သည် စစ် အစိုးရလက် ထက် စက်မှု ၁ ၀န်ကြီး အဖြစ်တာဝန် ထမ်းဆောင် ခဲ့ စဉ် က
အတော် ပင် ကြွယ်ဝ ချမ်းသာ သူခဲ့ သူ ဖြစ် ပြီး အမရာဘဏ် လုပ်ငန်း ၊ ပို့  ကုန် သွင်း ကုန် လုပ်ငန်း များ
နှင့် အခြား စီးပွား ရေး လုပ် ငန်း များ ကို ပိုင် ဆိုင် ပြီး သူ ၏ ကြွယ်ဝ မှု မှာ ဦးတေဇ နှင့် ဦးဇော်ဇော်
လောက် နီး ပါး ပင် ရှိ မည် ဟု ရန်ကုန် အခြေစိုက် စီး ပွား ရေး လုပ်ငန်း ရှင် များ က သုံး သပ် ကြ
သည်။
No comments:
Post a Comment