မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းသည် မြန်မာ-တရုတ်ဆက်ဆံရေးကို ပြောင်းလဲစေလိမ့်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား |
Sunday, 23 September 2012 01:27 |
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းသည် မြန်မာ-တရုတ် ဆက်ဆံရေးကို
ပြောင်းလဲစေလိမ့်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က
တရုတ်ဒုတိယသမ္မတ Xi Jinping နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု
ရိုက်တာနှင့်ဆင် ဟွာသတင်းတို့တွင် ဖော်ပြထားချက်အရ သိရသည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တရုတ်ဒုတိယသမ္မတ Xi Jinping တို့သည် တရုတ်နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် အကူးအပြောင်းကာလအတွင်း ရောက်ရှိနေသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ရေးကို အလေးထားပါကြောင်း၊ မြန်မာနိုင်ငံ၏ တရုတ် ပေါ်လစီသည် မပြောင်းလဲကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြော ကြားခဲ့သည်ဟု အဆိုပါသတင်းများတွင် ဖော်ပြထားသည်။ ထို့ပြင် မြန်မာပြည်သူများအနေဖြင့် တရုတ်နိုင်ငံ၏ ကာလကြာရှည် ထောက်ပံ့ကူညီမှုကို ဘယ်တော့မှမေ့မည်မဟုတ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပြီးခဲ့သည့် စစ်အစိုးရလက်ထက်တစ်လျှောက်လုံး မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်တွင် ထောက်ခံကာကွယ်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အခြားနိုင်ငံများထက် ပိုမိုလက်ဦးမှု ရယူနိုင်ခဲ့သည်ကို တွေ့ရသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်မှုကြောင့် ဥရောပ၊ အမေရိကန်တို့နှင့် ဆက်ဆံရေး ပြန်လည်တိုးတက်ကောင်းမွန်လာသလို အဆိုပါနိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် ချ မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ဆိုင်းငံ့မှုများ ပြုလုပ်လာကြသည်။ ထို့ပြင် အဆိုပါနိုင်ငံများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်ပြုလုပ်လာကြသည်။ ထိုသို့ မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက် စိုးရိမ်စရာဖြစ်လာစေကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြလာကြသည်။ သမ္မတဦးသိန်းစိန်သည် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ(နန်နင်း)နှင့် တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ သွားရောက်ခဲ့သည်။ ယခုခရီးစဉ်သည် သမ္မတဦးသိန်းစိန် ၂၀၁၁ ခုနှစ် မတ်လတွင် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်သည့် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ ပထမအကြိမ်ခရီးစဉ်မှာ ၂၀၁၁ ခုနှစ် မေလတွင် ဖြစ်သည်။ ယခုခရီးစဉ်ပြီးနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလနောက်ဆုံးပတ်တွင် သွားရောက်ရန် စီစဉ်ထားသည်။ |
Comments
အဲဒီထောက်ပံ့မှုတွေကြောင့်မြန်မာပြည်ကြီးကိုအောက်ပါအတိုင်းဖြစ်သွားစေပါတယ်၊
(၁)စစ်အုပ်ချုပ်ရေးသက်ဆိုးရှည်သွားခြင်း၊(ဒီလိုသက် ဆိုးရှည်သွားလို့ပြည်သူများခံစားရတဲ့အကျိုး
ဆက် ကတော့ရေးလို့မကုန်နိုင်ပါ)
၂) မြန်မာပြည်တွင်းခရိုနီလူတန်းစားများပေါ် ထွက်
လာ ပြီးလူတန်းစားကွာဟမှုအဆမတန်ကြီးမား
သွားခြင်း၊
၃)မြန်မာပြည်သူများပိုင်ဆိုင်တဲ့သယံဇာတများကိုပြည်
သူများစံစားရဘဲတရုတ်လက်ထဲသို့အောက်ဈေးနဲ့
လွယ်လွယ်ကူရောက်သွားခြင်း၊
၎) သဘာဝပါတ်ဝန်းကျင်ညစ်ညမ်းမှုဒါဏ်ကြောင့်သား
စဉ်မြးဆက်အတိဒုက်ခရောက်စေမယ့်၊ကျင့်ဝတ်မ
ရှိ တဲ့သယံဇာတတူးဖေါ်ရေးလုပ်ငန်းများပေါ်ထွက်
လာခြင်း၊
၅) မြန်မာပြည်ကိုထက်ခြမ်းပိုင်းလိုက်တဲ့ကျောက်ဖြူ
ကူမင်းရထားလမ်း၊ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်း
ကြောင့်တန်ဖိုးရှိတဲ့မြေယာများစွာပေးဆပ်လိုက်
ရခြင်း၊(အဲဒီအကျိုးဆက်ကလာအုံးမယ်ရေး
လို့ကုန်နိုင်မှာမဟုတ်ပါ)
၆) အရည်အသွေးမရှိအသုံးဆောင်ပစည်း၊စားသောက်
ကုန်များအတားဆီးမဲ့ဝင်ရောက်လာတာကြောင့်
မြန်မာပြည်သူများအဆိပ်မျိုနေရသလို
ဝယ်ယူသုံးစွဲစားသောက်နေရခြင်း၊
၇) အရှေ့မြောက်ဝင်ပေါက်ကနေအထိန်းချုပ်မဲ့စိမ့်ဝင်
လာနေတဲ့လူမျိုးရေးဝါးမျိုမှု၊စီးပွားရေးဝါးမျိုမှုတွေ
ကြောင့်ရန်ကုန်၊မန်းလေးနဲ့စက်မှုဇုံမြေကွက်များ
အဆမတန်ဈေးနှုန်းမြင့်တက်သွားခြင်း၊
အစရှိတဲ့မင်္ဂလာရှိလှတဲ့ကောင်းကျိုးအဖြာဖြာကိုမြန်မာ
ပြည်သူများအလူးအလှိမ့်ခံစားနေကြရပါကြောင်း
တင်ပြလိုက်ပါတယ်။
The Lady was warmly received by the USA President Obama (the world super power country no matter how they are criticized and the rest of the world leaders in service or not in service) during her trips. According to the diplomatic protocol, U Thein Sein should be received by the President of China unless this one has a very good excuse.
Needless to say, the honorary doctor/ piece of paper is as as worthy as the paper from the fake University bought by U Khin Shwe.
ဒါကဘာကိုပြသလဲဆိုရင် အဆင့်မရှိသော အစိုးရဆိုတာကို ပြတာလို့ ထင်တယ်၊ နှိပ်ချပြီးဆက်ဆံတယ်လို့ ထင်တယ်...
ပြည်သူ့အစိုးရမဟုတ်သော မြန်မာ့အစိုးရအဆက်ဆက်က အဆင့်အတန်းမှ မရှိတာပဲလို့ပဲ မှတ်ယူရတော့မယ်....ဒါဆို သိန်းစိန်ကို ပေးတဲ့ဒေါက်တာဘွဲ့ကရော?
ဘယ်လောက်အဆင့်မှီတဲ့ ကျောင်းလဲ ဆိုတာ ရှာကြည့်ရဦးမယ်...
မြန်မာပြည်သူများအနေဖြင့် ဆိုတဲ့နေရာမှာ မြန်မာစစ်အစိုးရအနေဖြင့်လို့ ဖြေမှ အောင်မှတ်ရမှာ ဦးသိန်းစိန်ရဲ့။ ကဲ ခုတော့ စာမေးပွဲကျပြီ။