ဝန်ကြီး ကိုးဦး နေရာများ အပြောင်းအလဲလုပ်
ယခင်စစ်အစိုးရ လက်ထက်မှစ၍ အစိုးရနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြား ညှိနှိုင်း
ဆွေးနွေးရေအတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် လွန်းထိုးလှုပ်ရှားပြီး တာဝန်ယူခဲ့သူလည်းဖြစ်သော ဦးအောင်ကြည် သည် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးအဖြစ်မှ
ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။
လက်ရှိ သမ္မတရုံးဝန်ကြီးများ ဖြစ်ကြေသော ဦးသိန်းညွှန့်နှင့် ဦးစိုးမောင်တို့အပြင် နောက်ထပ် လေးဦး ထပ်မံဖြည့်စွက် လိုက်သည်။ ယခင် မီးရထားဝန်ကြီး ဦးအောင်မင်း၊ ယခင်စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ယခင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်း၊ ယခင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးတင်နိုင်သိန်းတို့မှာ သမ္မတရုံး ဝန်ကြီး များ ဖြစ်သွားကြသည်။
ယခင် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးအေးမြင့်မှာ စက်မှုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသည်။
ယခင် သမဝါယမဝန်ကြီးဖြစ်သော ဦးအုန်းမြင့်မှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရကာ ယခင်က ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစား ဝန်ကြီးဌာနကို ပူးတွဲတာဝန်ယူခဲ့သော ဦးတင့်ဆန်း မှာ ဟိုတယ်နှင့် ခရီးသွားလာရေးကို လက်လွှတ်လိုက်ရသည်။
သမ္မတရုံး ဝန်ကြီး ခြောက်ဦးထဲတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဦးဆောင်ဆွေးနွေးနေသော ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့ ပါဝင်လာခြင်းလည်း ဖြစ်သည်။
ဒုဝန်ကြီးများခန့်အပ်ခြင်းကိုလည်း ထုတ်ပြန်ရာ ဒုဝန်ကြီး ၁၅ ဦးအနက် အမျိုးသမီးလေးဦး ပါရှိလာသည်ကို
တွေ့ရသည်။
အဆိုပါ ဒုဝန်ကြီးများစာရင်းမှာ
| ၁ | ဒေါက်တာဒေါ်ခင်စန်းရီ | အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု |
| ၂ | ဒေါ်စုစုလှိုင် | လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး |
| ၃ | ဒေါက်တာ ဒေါ်သိန်းဌေး | ကျန်းမာရေး |
| ၄ | ဒေါက်တာ ဒေါ်သက်သက်ဇင် | ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ |
| ၅ | ရဲချုပ် ကျော်ကျော်ထွန်း | ပြည်ထဲရေး |
| ၆ | ဦးပိုက်ထွေး | ပြန်ကြားရေး |
| ၇ | ဦးသန်းဆွေ | ယဉ်ကျေးမှု |
| ၈ | ဦးအောင်သိမ်း | သမ္မတရုံး |
| ၉ | ဒေါက်တာ လင်းအောင် | ဘဏ္ဍာရေးနှင့် အခွန် |
| ၁၀ | ဦးဆက်အောင် | အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု |
| ၁၁ | ဦးသောင်းတင် | ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း |
| ၁၂ | ဦးထင်အောင် | စွမ်းအင် |
| ၁၃ | ဗိုလ်မှူးချုပ်ဝင်းမြင့် | လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား |
| ၁၄ | ဦးအေးမြင့်မောင် | ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ |
| ၁၅ | ဦးသောင်းထိုက် | အားကစား |

No comments:
Post a Comment