Thursday, November 29, 2012

အစိုးရ၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပါတ်သက်သော အရေးယူဆောင်ရွက်မှုများသည် ဥပဒေနှင့်အညီဖြစ်ကြောင်း အစိုးရရှင်းလင်း


အစိုးရ၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပါတ်သက်သော အရေးယူဆောင်ရွက်မှုများသည် ဥပဒေနှင့်အညီဖြစ်ကြောင်း အစိုးရရှင်းလင်း   PDF Print
Thursday, 29 November 2012 17:30
AddThis Social Bookmark Button

a1
အစိုးရ၏ နှိမ်နှင်းမှုကြောင့် မီးလောင်ဒဏ်ရာများ ရရှိသွားသော သံဃာတော်တစ်ပါး မုံရွာဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ်

a2
အစိုးရ၏ နှိမ်နှင်းမှုကြောင့် မီးလောင်ဒဏ်ရာများ ရရှိသွားသော သံဃာတော်တစ်ပါး မုံရွာဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ်


အစိုးရ၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပါတ်သက်သော အရေးယူဆောင်ရွက်မှုများသည် ဥပဒေနှင့်အညီဖြစ်ကြောင်း အစိုးရက ရှင်းလင်းခဲ့သည်။

နိုဝင်ဘာလ ၂၉ ရက်နေ့စွဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၁/၂၀၁၂ ဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါသတင်းထုတ်ပြန်ချက်တွင် အချက် (၆)ချက်ပါဝင်ပြီး အမှတ်စဉ် (၃)တွင် "လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်မှစ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝသယံဇာတ ထုတ်ယူမှုနည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု အခြေခံ၍ နိုင်ငံတော်အတွက် စီးပွားရေးတွက်ခြေကိုက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ နည်းပညာများ ရရှိမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ကို စနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကောင်းမွန်သောရည်ရွယ်ချက်များ ရှိနေသည်ကိုမျက်ကွယ်ပြု၍ လူအများအားစည်းရုံးလှုံ့ဆော်ပြီး စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ ကြေးနီစီမံကိန်း အတွင်းပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကို သိရှိလျက် သပိတ်စခန်းများ ဖွင့်ခြင်း၊ စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်းထောက်ပံ့ရေးစနစ်များကိုဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောက်အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာလူစုလူဝေးနှင့် ဆူပူ ဆန္ဒပြလာခဲ့သည်။" ဟူ၍ ဖော်ပြထားပါသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် စီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်းများအားလုံး နိုဝင်ဘာလ ၂၇ ရက် ည ၁၂ တွင် နောက်ဆုံးထားဖယ်ရှားရှင်းလင်းပေးရန် သတိပေးခဲ့ကြောင်း၊ သို့ရာတွင် ဆန္ဒပြသူများ ထွက်ခွာခြင်း မရှိသည့်အတွက် ၂၈-၁၁-၂၀၁၂ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နှင်းရေး နည်းစနစ်များအတိုင်း လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် "ထိုသို့ဆောင်ရွက်ရာတွင် အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယို ဗုံးများနှင့် မီးခိုးဗုံးများကိုသာအသုံးပြုခဲ့ပြီးအင်အားအလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။ လူအုပ်စုခွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံ များတွင် ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆေးဝါးကုသပေးလျက်ရှိကြောင်းသိရှိရသည်။" ဟူ၍ ဖော်ပြထားပြီး ကြေညာချက်၏ အမှတ်စဉ် (၆) တွင် "ထိုသို့ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။" ဟူ၍ ဖော်ပြပါရှိပါသည်။ ယင်းနှင့်ပါတ်သက်၍ ယခုဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းခဲ့မှုအပေါ် အမှန်တကယ် ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်း ဟုတ်၊မဟုတ် ဝေဖန်မှုများရှိနေသည်။

ha-29-11-1
အစိုးရ၏ နှိမ်နှင်းမှုကြောင့် မီးလောင်ဒဏ်ရာများ ရရှိသွားသော သံဃာတော်တစ်ပါး မုံရွာဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ်

"လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်လို့ လက်ရှိ အစိုးရရဲ့ သဘောက မိမိအစိုးရရဲ့ အကျိုးစီးပွားကို ကာကွယ်ပြောဆိုနေသလို ဖြစ်နေတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာလည်း စုံစမ်းရေးကော်မရှင် ဖွဲ့ပြီးဆောင်ရွက်မယ့် ကိစ္စကို အမြန်ဆုံးအကောင်အထည် ဖော်သင့်ပါတယ်။ ဒီကိစ္စမှာ နစ်နာမှုတွေရှိခဲ့တဲ့ ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်ဖို့လည်း လိုအပ်တယ်။ အကြမ်းဖက်အင်အားသုံးပြီး ဖြေရှင်းတာဟာ ခေတ်မမီတော့ဘူးလို့လည်း ပြောချင်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဥပဒေပညာရှင် ဒေါက်တာ ညိုညိုသင်းက ပြောကြားခဲ့ပါသည်။
"လက်ပံတောင်းအရေးမှာ ဥပဒေအရ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ကြေငြာချက်က အင်မတန် မှားယွင်းနေပါတယ်။ ကျွန်တော်တို့လို ဥပဒေအတိုင်ပင်ခံ တစ်ယောက်အနေနဲ့ ဘယ်လိုအချက်တွေ မှားယွင်းခဲ့တယ်ဆိုတာ ပြောပြပါမယ်။ ပထမဆုံးအချက်က လက်ပံတောင်းတောင် စီမံကိန်းမှာ သဘာသပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတွေအတွက် ကာကွယ်ပေးမှုမရှိပါဘူး၊ ဒါကနိုင်ငံတကာ ထုတ်ပြန်ချက်ဥပဒေကို ချိုးဖောက်တာပါ။ ဒုတိယအချက်အနေနဲ့ ပြောရရင် ဦးပိုင်၊ ၀မ်ပေါင်တို့ လုပ်နေတဲ့ လက်ပံတောင်းတောင် စီမံကိန်းဟာ သတ္ထုတွင်းဝန်ကြီးဋ္ဌာနက ခွင့်ပြုရတာပါ။ ခွင့်ပြုတဲ့နေရာမှာလည်း နေထိုင်တဲ့ ဘေးပတ်ဝန်းကျင်၊ ရွာသူရွာသားတွေရဲ့ လူနေမှုဘ၀ မထိခိုက်မှ ခွင့်ပြုရပါမယ်။ လက်ပံတောင်းတောင် စီမံကိန်းဟာ စတင်ခွင့်ပြုကတည်းက အဲ့ဒီအချက်တွေ ပါဝင်ကိုက်ညီမှု မရှိဘဲ ခွင့်ပြုခဲ့တာပါ။ တတိယအချက်က လက်ပံတောင်းတောင် စီမံကိန်းမှာ လယ်သိမ်းယူခံရတဲ့သူတွေအတွက် ဘ၀ ပြန်လည်ရပ်တည်မဲ့ အစားထိုးစီမံကိန်း လုပ်မပေးဘဲ အဓမ္မလုပ်ဆောင်ခဲ့တာပါ။ နောက်ဆုံးအချက်ကတော့ ဒီစီမံကိန်းကို စတင်လုပ်ဆောင်ခဲ့စဉ် ကတည်းက တရားမျှတမှု မရှိသလို အခုလို အကြမ်းဖက်နှိမ်နင်းခဲ့တာလည်း ဥပဒေနဲ့ လုံးဝမညီပါဘူးလို့ ပြောချင်ပါတယ်"ဟု Purple Equity Law Firm မှ ဥပဒေအတိုင်ပင်ခံ ကိုဖိုးဖြူက ပြောပါသည်။
တရားလွှတ်တော်ရှေ့နေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက "အဲဒီဒေသမှာရှိတဲ့ သပိတ်စခန်းတွေကို ရှုပ်သိမ်းဖို့ သတင်းစာထဲမှာ ကြေညာထားတာတော့ တွေ့တယ်။ ဒါပေမယ့် အရေးယူတဲ့အခါမှာ အင်အားသုံးပြီး ဖြိုခွင်းတာက တရားဥပဒေနဲ့ညီမညီ ပြန်သုံးသပ်သင့်ပါတယ်။ ကျွန်မသုံးသပ်ချင်တာကတော့ ဘယ်လိုပဲ ကြေညာထားသည်ဖြစ်စေ လူထုနဲ့ ညှိုနှိုင်းဆောင်ရွက်သင့်တယ်။ လူထုကိုအရမ်းနစ်နာအောင် မလုပ်သင့်ဘူး။ ဒီလိုလုပ်ရာကတစ်ဆင့် နောက်ထပ်ဆင့်ပွား ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။
တရားလွှတ်တော်ရှေ့နေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က "အဲဒီဒေသမှာ ပုဒ်မ ၁၄၄ ထုတ်ထားတယ်။ ၁၄၄ ထုတ်ပြီးရင် အခုလိုထုတ်ပြန်ထားကြောင်းကို တီဗီ၊ သတင်းစားမှာ ကြေညာရတယ်။ အဲဒီဧရိယာမှာရှိတဲ့ လူစုလူဝေးကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့ ရပ်ရွာအေးချမ်း သာယာရေးကို ပျက်ပြားစေနိုင်တယ်လို့ သတ်မှတ်ပြီး လူစုခွဲဖို့ အမိန့်ပေးနိုင်တယ်။ ဖမ်းနိုင်တယ်။ အင်အားကို အနည်းဆုံး သုံးရမယ်လို့ ဥပဒေမှာပါတယ်။ နောက်ဆုံး သေနတ်နဲ့ မျက်ရည်ယိုဗုံး သုံးရန်သင့်မသင့်ကို ရဲအရာရှိ ဆုံးဖြတ်ချက်အတိုင်း ဆုံးဖြတ်နိုင်တယ်လို့ ပါတယ်။ သတိပေးတာကို ဆက်လုပ်နေရင် သေနတ်နဲ့ ပစ်နိုင်တယ်လို့ပါတယ်။ ဒီကိစ္စတွေကြောင့် လူထုနစ်နာမှုရှိတာတော့ အမှန်ပဲ"ဟု ပြောကြားခဲ့သည်။
"ဥပဒေအရ နှိမ်နင်းတယ်ဆိုတဲ့ နေရာမှာ အနိမ့်ဆုံးကနေ ငြင်ငြင်သာသာ ကိုင်တွယ်သင့်တယ်။ ငြင်ငြင်သာသာ ကိုင်တွယ်ရက်နဲ့ ကိုင်တွယ်လို့မရမှ ပိုပြီးတင်းကျပ်တဲ့ အရေးယူမှု လုပ်ရမယ်။ အခုကလည်း အဓိကရုဏ်းဆိုတဲ့ အနေအထားမျိုး ရောက်ရဲ့လား၊ အဓိကရုဏ်းဆိုပြီး နှိမ်နင်းတဲ့အခါ အခြေခံညွှန်ကြားချက်ကို လိုက်နာရဲ့လား။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ဒီမိုကရေစီနိုင်ငံအဖြစ် သွားနေသလို တရားဥပဒေစိုးမိုးရေး Rules of Law ကို ကျယ်ကျယ်ပြန့်ပြန့်လည်း ပြောလာကြတယ်။ ဒီကိစ္စကိုလည်း ဥပဒေအတိုင်း ဖြစ်စေချင်တယ်။ အခုအချိန်မှာ လွှတ်တော် ၃ ရပ်လည်း ရှိနေပြီဖြစ်လို့ ဒီကိစ္စအတွက် အရေးပေါ်လွှတ်တော်ခေါ်ပြီး ဥပဒေနဲ့အညီ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးသင့်တယ်" ဟု ရှေ့နေများကွန်ယက်မှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုးတင့်ရီက ပြောပါသည်။
အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူလူထုနှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မှန်ကန်သော ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲ ပြဋ္ဌာန်းပေးလျက်ရှိသည်။
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် (၂-၁၂-၂၀၁၁)ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်စေရန်နှင့် ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံသားများ အနေဖြင့် မိမိတို့၏ လိုအင် ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများဖြင့် ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များကိုစနစ်တကျ ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်သည်။
၃။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်မှစ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝသယံဇာတ ထုတ်ယူမှုနည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု အခြေခံ၍ နိုင်ငံတော်အတွက် စီးပွားရေးတွက်ခြေကိုက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ နည်းပညာများ ရရှိမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ကို စနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကောင်းမွန်သောရည်ရွယ်ချက်များ ရှိနေသည်ကိုမျက်ကွယ်ပြု၍ လူအများအားစည်းရုံးလှုံ့ဆော်ပြီး စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ ကြေးနီစီမံကိန်း အတွင်းပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကို သိရှိလျက် သပိတ်စခန်းများ ဖွင့်ခြင်း၊ စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်းထောက်ပံ့ရေးစနစ်များကိုဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောက်အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာလူစုလူဝေးနှင့် ဆူပူ ဆန္ဒပြ လာခဲ့သည်။
၎။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက စီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်းအားလုံးသည် ၂၇-၁၁-၂၀၁၂ ရက် ည (၁၂)နာရီတွင် နောက်ဆုံးအချိန် ထားပြီးဖယ်ရှားရှင်းလင်းပေးရန်နှင့် အကယ်၍ ဖယ်ခြားရှင်းလင်းခြင်းမပြုပါကဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတည်ဆဲဥပဒေများအတိုင်းအဆင့်ဆင့် ဖြေရှင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၇-၁၁-၂၀၁၂ ရက်တွင် သတိပေးထုတ်ပြန်ကြေညာခဲ့ သည်။ နောက်ဆုံးထွက်ခွါပေးရန် သတ်မှတ်သည့်အချိန် မတိုင်မီလုံခြုံရေး တပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာမေတ္တာရပ်ခံခဲ့သည့်အပြင်၊ သတ်မှတ်အချိန် ကျော်လွန်သွားခဲ့သည့်တိုင် ထွက်ခွာပေးခြင်းမရှိသည်ကိုထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည်။
၅။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါနေရာများမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်းမရှိသဖြင့်၂၈-၁၁-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နှင်းရေး နည်းစနစ်များ အတိုင်းအဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယို ဗုံးများနှင့် မီးခိုးဗုံးများကိုသာအသုံးပြုခဲ့ပြီးအင်အားအလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။ လူအုပ်စုခွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံ များတွင် ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆေးဝါးကုသပေးလျက်ရှိကြောင်းသိရှိရသည်။
၆။ ထိုသို့ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
 

Comments 

 
0 #40 U Thant 2012-11-30 10:10
Seeing monks in burn in skin, wounded and pain is not a comfortable view.
Should monk participate in demonstration?
Why do they become monkshood and for ?
Learning and teaching or practicing of Buddha's teaching is the Main matter of the monks. And hundred of thousands of monks in all over the country are doing what Buddha want them to do.
People should not support those monks.
Politic is civilians matter ,not the monk.
If government is not doing right ,they will suffer later.
Farmer may need to fight harder. But monks are should not be there.
 
-3 #39 U Thant 2012-11-30 09:31
This is not religion problem.
Monks are should not be there.
If they are not there , nothing will happen to them.
This is not monks problem or job.
This is problem between farmers and government. (problem of civilians )
Monks have nothing to do with this problem. They should not present there. Monks are violating Buddha 's rule.
 
+11 #38 KO KYAW - BUTALIN 2012-11-30 08:18
ကိုယ့်မြေကိုယ်ကာကွယ်ဖို့ အားထုတ်ကြတာ မီးလောင်ခံကြရလောက်အောင်ထိအပြစ်ကျူးလွန်အကြမ်းဖက်နေကြတဲ့ လူတွေမဟုတ်ပါဘူး။ ကိုယ်တိုင်ကငြိမ်းချမ်းစွာမဖြေရှင်းနိုင်ယင် နည်းနည်းစောင့်ပြီးဖြေရှင်းဖို့ ကြိုးစားတဲ့လူကိုအချိန်ပေးသင့်ပါတယ်။ ဘာလက်နက်မှမကိုင်တဲ့လူတွေကိုတောင်ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ရင် လက်နက်ကိုင်တဲ့လူတွေနဲ့ ဘယ်လိုများဖြေရှင်းကြမလဲတော့တော်တော်တွေးကြည့်လို့ ကိုမရနိုင်ဘူး။ ခုကတော့ ဆန်ရင်းနာနာဖွတ်ဆိုသလိုပဲ ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးဆိုယင်တော့အသေပဲထောင်းနေတော့တာပဲ။ ဒီလူတွေလိပ်ပြာသန့် သန့် နေနိုင်တာလည်း မြန်မာတွေမှဟုတ်ကြသေးရဲ့ လားတောင်မသိဘူး။ အချက်အလက်လာကောက်တဲ့ဦးအောင်မင်းကြီး သမတဆီတင်ပြပေးပါမယ်ဆိုတာ ဒါက သူပေးတဲ့အဖြေလား။ မဟုတ်ယင်တော့အကိုင်အတွယ်မတတ်တဲ့လူတွေကိုတာဝန်မပေးတာကောင်းပါတယ်။ အစိုးရလည်းသိက္ခာကျ ပြည်သူတွေလည်းနစ်နာ စိတ်ဓါတ်ပိုင်းဆိုင်ရာအရလည်း တိုင်းပြည်ချစ်စိတ် ကာကွယ်လိုစိတ်တွေကို အကြမ်းဖက်နှိပ်ကွပ်နေသလိုပဲ။ ဘာမှကိုကောင်းကွက်မရှိဘူး။
 
+8 #37 myo kyaw 2012-11-30 04:30
Quoting Phoe Khant:
Quoting myo kyaw:
၇ဟန်းများနှင့် ဆန္ဒပြမှုများမှာ လုံးဝ အပ်စပ်မှုမရှိပါ။
စစ်တပ်နဲ့တိုင်းပြည်အုပ်ချုပ်ရေးဘာမှမပတ်သက်ပါ။စစ်တပ်က စီးပွာရေးလုပ်တယ်ဆိုတာလဲ လုံးဝမအပ်စပ်ပါ။
ယခု စစ်တပ်မှ ဆန္ဒပြသူများအား နှိမ်နင်းခြင်း ဆိုသောအကြောင်းအရာ လုံးဝမပါပါ။ လုံထိမ်းများမှ နှိမ်နင်းခြင်း၊ ထိမ်းသိမ်းခြင်း သာဖြစ်ပါသည်။ စစ်တပ်မှ စီးပွားရေး လုပ်သည်ဆိုသည့် အကြောင်းအရာလည်း မရှိပါ။ စစ်ထွက် လောဘကြီးလူတစ်စုက စီးပွားရေးလုပ်ပါသည်။ စစ်တပ်မှ စီးပွားရေးမလုပ်ပါ။ ထိုသူများ စီးပွားတိုးပွားလာသော်လည်း စစ်တပ်ကို မည်သည့်ထောက်ပံ့မှုမျှ ပေးမည်မဟုတ်ပါ။ ယခုစစ်တပ်မှ တိုင်းပြည်အုပ်ချုပ်ခြင်း လုံးဝမရှိပါ။
 
+5 #36 myanmarpyithar2100 2012-11-30 04:04
Quoting U Thant:
Quoting ဂေါက်ကြီး:
တိုင်းပြည်တစ်ပြည်မှာ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးဆုံးတွေထဲမှာပါတယ်ဗျ။ တရားဥပဒေစိုးမိုးဖို. နိုင်ငံသားတိုင်း(ရဟန်းသံဃာများ,အစိုးရ၀န်ထမ်းများအပါအ၀င်) တရားဥပဒေကိုလေးစားဖို. လိုတယ်ဗျ။ ဘာသာရေးနှင်.နိုင်ငံရေးဟာ မရောနှောသင့်ဘူးဗျ။ ဘာသာရေးက နိုင်ငံရေးအပေါ် လွှမ်းမိုးလာရင် အင်္ဂလန်အလယ်ခေတ်ကလို ဖာသာ(ဘုန်းကြီး)တွေက အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးလာပါမယ်။ဘာသာရေးက အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးလာရင် နိုင်ငံရေးသမားများဟာ ရဟန်းဝတ်ပြီး အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးခြင်း၊ နိုင်ငံရေးသမားများဟာ ရဟန်းငယ်များအား ဆည်းကပ်ပြီး နိုင်ငံရေးလုပ်စေသောကြောင့် သာသနာ့တာဝန်များမထမ်းဆောင်နိုင်ခြင်း ၀တ်နည်းမညီခြင်း ၊ ရဟန်းအတုများ ပေါများလာခြင်း ဖြစ်မယ်ဗျ။
ထို.ကြောင်. ပြတ်ပြတ်သားသား အပြားပြားလျှင် မှူများခတ်သိမ်း ဆောင်တိုင်းညိမ်း၏
မှတ်ချက်။ ။ဂေါက်ကြီး သည် အစိုးရဘက်တော်သားမဟုတ်ပါ၊ လွတ်လပ်စွာရေးသားခြင်းဖြစ်၏။ ငါကွ ဂေါက်ကြီး!
I agree that.
People need to know what is monk's job, what is civilian's job. :-?
ကောင်လေး မင်းလည်းအရှက်မရှိဘူးလား။ မင်းပြောတဲ့ အခြေခံဥပဒေက ရပ်ကွက်ထဲကလူတွေကို မလာမနေရဆိုပြီး ငါ xxx မ xxxxx တွေက အတင်းထောက်ခံခိုင်းခဲ့တဲ့ဟာကြီးလေ။ တစ်တိုင်းပြည်လုံးလိုက်မေးပါဦး အဲဒါကြီးကို သူတို့နဲ့ပေါင်းပြီး ကြီးပွါးနေတဲ့ ၀န်ထမ်း/စစ်သားတွေထဲကတောင် ဖတ်ဖူးမြင်ဖူးတဲ့လူ ဘယ်နှစ်ယောက်ရှိလို့လဲ။ ဘာ ဥပဒေလဲ။ xxxx လား။ ငါ့ဥပဒေကော မင်းသိချင်သေးလား။ လာခဲ့လေကွာ သွေးရှိရင်ပေါ့ online ပေါ်မှာလက်သီးပုန်းလာထိုးမနေနဲ့။
 
+4 #35 Sayergyi 2012-11-30 02:16
I have a Dream, One day that we live in peace, all SPDF in Jail, including President Thein Sain and all U Pine Members. DawAgSanSuKyi becomes the Prime-minister of the State, and ALL Monks are FREE and no Monks in Jail.
 
+30 #34 Proxy 2012-11-29 22:47
"နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် "
ခက်ဆစ်အဖွင့်
နိုင်ငံတော် = မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်
အများပြည်သူ = အဖတရုတ်ပြည်သူ့သမ္မတနိုင်ငံ
 
+24 #33 Phoe Khant 2012-11-29 22:42
Quoting myo kyaw:
၇ဟန်းများနှင့် ဆန္ဒပြမှုများမှာ လုံးဝ အပ်စပ်မှုမရှိပါ။
စစ်တပ်နဲ့တိုင်းပြည်အုပ်ချုပ်ရေးဘာမှမပတ်သက်ပါ။စစ်တပ်က စီးပွာရေးလုပ်တယ်ဆိုတာလဲ လုံးဝမအပ်စပ်ပါ။
 
+40 #32 myo1 2012-11-29 22:41
ဟုတ်ပါတယ် ခင်ဗျား...မှန်ပါတယ် ခင်ဗျား...အရှင်လတ်လတ် မီးနဲ့ ရှို့ တာဥပဒေနဲ့  ညီပါတယ်ခင်ဗျား....တရုတ်ဥပဒေနဲ့ မြန်မာပြည်မှာ စီရင်ခြင်းဖြစ်ပါတယ်....လက်ခုပ်လေးချီးမြှင့်ပေးကြပါ....
 
 +28 #31 ko htay 2012-11-29 22:40
ဂေါက်ကြီးဆိုတဲ့ကောင်က စောင်ရူး ရှရှားမှာ ကျောင်းတက်နေတဲ့ စစ်ခွေးထဲကတစ်ကောင်ပဲ မင်းမှတ်ထားကွ တိုင်းပြည်ပျက်စီးနေတာ မင်းတို့လိုစစ်သားတွေကြောင့်ဆိုတာ မြဲမြဲမှတ်ထား ဘုရားသားတော် သံဃာတော်တွေကိုတောင် စော်ကားတဲ့ နွားတွေ အပြောတမျိုးအလုပ်တမျိုးနဲ့ သတင်းထုတ်ပြန်လိုက်ပြန်ရုတ်သိမ်းလိုက်နဲ့ မင်းတို့စစ်ခွေးတွေစောက်ရှက်ကိုမရှိဘူး
 
+22 #30 Shweyoelatt 2012-11-29 22:21
တရားဝင်ဥပဒေကိစ္စကတော့ လက်လွန်သူတာဝန်ရှိသူ (အထူးသဖြင့် စစ်ကိုင်းတိုင်းက)+ နောက်ဆက်တွဲစစ်ဆေးမှုတွေခံရတဲ့အခါကျတော့ ရှင်းကြပေါ့... အခုထဲက ခုခံဖို့ အချက်အလက်တွေ စုထားပါတော့
 
 +21 #29 soranotomo 2012-11-29 22:17
တရားဥပဒေဆိုတာ ရင်းနှီးမြုပ်နှံသူ(တယုတ်)အတွက် အဓိကလား ပြည်သူအတွက် အဓိကလား ..... အစိုးရဆိုတာ ပြည်သူကို အဓိကကာကွယ်ရမှာလား.... နိုင်ငံခြားသား ရင်းနှီးမြှပ်နှံသူတွေကို ကာကွယ်ပေးမှာလား.... ပြည်သူတွေ စီမံကိန်းကို ကန့်ကွက်နေကြတာ အားနေကြလို့ မဟုတ်ပါဘူး .... သူတို့ရဲ့ ကျန်းမာရေး စီးပွါးရေး လူမှုဘ၀တွေအပေါ် သက်ရောက်လာတဲ့ စီမံကိန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကကို ကန့်ကွက်နေကြတာပါ... အစိုးရ နားလည်ထားသင့်တာက သာမန်ပြည်သူတွေဟာ ကိုယ့်စီးပွါးရေးကို လုပ်ပြီး ကိုယ့်မိသားစုနဲ့ကိုယ် အေးအေးချမ်းချမ်းလေး နေချင်ကြတာပါ... အခုလဲ အစိုးရအကောင်အထည်ဖော်သမျှ စီမံကိန်းတွေဟာ သတင်းစာထဲမှာပဲ ပြည်သူတွေကို အကျိုးပြုနေတာပါ... လက်တွေ့ချမ်းသာနေတာက ဘယ်သူတွေလဲ ဆိုတာ အားလုံးသိကြပါတယ်... လက်တဆုပ်စာကောင်းစားဖို့အတွက် အများစုက စတေးပေးရမယ်ဆိုတာ ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့ ဘယ်နိုင်ငံမဆို လက်မခံပါဘူး....
 
 +39 #28 အောင်ဘု 2012-11-29 21:25
အခုပြောနေတဲ့ တည်ဆဲဥပဒေတွေ နည်းဥပဒေတွေ အသာထားအုံး
ဟိုးထိပ်ဆုံး အခြေခံဥပဒေ ကစလွဲနေတာ မတရားတာတွေ ရေးထည့်ထားခဲ့တာ
သိကြတဲ့အတိုင်း ပြည်သူလူထုက အမှန်တကယ် ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားပြုသူတစ်ဦးမှ မပါပဲ
စိတ်တိုင်းကြ ချည်ပြီးတုပ်ပြီး ပွဲသိမ်းမီးငြိမ်း လူ့ဘဝမှာ သေခါနီးအထိ ထင်သလို နေလို့ရအောင် အချိန်ယူပြီး ရေးဆွဲထားကြတာ
အဲဒီအထိ စိတ်မချသေးဘူး ပြင်ဆင်မှာစိုးလို့ ၂၅% ကိုလွှတ်တော်ထဲ အတင်းဆွဲထည့် ထားခဲ့ကြတယ်
ကိုယ့်တိုင်းသူပြည်သားကို ညှင်းပန်းနှိပ့်စက်တော့မယ်ဆိုရင် ဥပဒေစကားလုံးကိုသုံးပြီး ဖိနှိပ့်ဖမ်းဆီး နှိပ်စက်ညှင်းပမ်း လုပ်လာခဲ့တာကြာပြီ
အဲဒီလို ထင်သလိုလုပ်ဖို့ ဆွဲထားတဲ့ဥပဒေတွေသာ လိုက်နာနေရရင် မြန်မာပြည် လွတ်လပ်ရေးတောင် ရခဲ့မှာမဟုတ်ဘူး
 
 +43 #27 Zawtika 2012-11-29 20:37
သြော်သြော်......
ဥပဒေ နဲ့ ညီညွတ်အောင်လုပ်တယ် ဆိုတာ မီးလောင်ဗုံး နဲ့ မီးလောင်တိုက် သွင်းတာ ကို ပြောတာကိုး...............
မှတ်ထားနော်...
 
+6 #26 Public Servant 2012-11-29 20:23
Quote:
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်
အားပြန် ပယ်ဖျက်လိုက်ပါပြီတဲ့ EMG ရေ...၊
(REF: HMUU ZAW FACEBOOK)
 
-44 #25 U Thant 2012-11-29 19:46
Quoting ဂေါက်ကြီး:
တိုင်းပြည်တစ်ပြည်မှာ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးဆုံးတွေထဲမှာပါတယ်ဗျ။ တရားဥပဒေစိုးမိုးဖို. နိုင်ငံသားတိုင်း(ရဟန်းသံဃာများ,အစိုးရ၀န်ထမ်းများအပါအ၀င်) တရားဥပဒေကိုလေးစားဖို. လိုတယ်ဗျ။ ဘာသာရေးနှင်.နိုင်ငံရေးဟာ မရောနှောသင့်ဘူးဗျ။ ဘာသာရေးက နိုင်ငံရေးအပေါ် လွှမ်းမိုးလာရင် အင်္ဂလန်အလယ်ခေတ်ကလို ဖာသာ(ဘုန်းကြီး)တွေက အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးလာပါမယ်။ဘာသာရေးက အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးလာရင် နိုင်ငံရေးသမားများဟာ ရဟန်းဝတ်ပြီး အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးခြင်း၊ နိုင်ငံရေးသမားများဟာ ရဟန်းငယ်များအား ဆည်းကပ်ပြီး နိုင်ငံရေးလုပ်စေသောကြောင့် သာသနာ့တာဝန်များမထမ်းဆောင်နိုင်ခြင်း ၀တ်နည်းမညီခြင်း ၊ ရဟန်းအတုများ ပေါများလာခြင်း ဖြစ်မယ်ဗျ။
ထို.ကြောင်. ပြတ်ပြတ်သားသား အပြားပြားလျှင် မှူများခတ်သိမ်း ဆောင်တိုင်းညိမ်း၏
မှတ်ချက်။ ။ဂေါက်ကြီး သည် အစိုးရဘက်တော်သားမဟုတ်ပါ၊ လွတ်လပ်စွာရေးသားခြင်းဖြစ်၏။ ငါကွ ဂေါက်ကြီး!
I agree that.
People need to know what is monk's job, what is civilian's job. :-?
 
 -37 #24 harryang 2012-11-29 19:41
ဟေ့ကောင် မြန်မာလို မရေးတတ်ရင် လာမရေးနဲ့။ ဘယ်သူမှ မဖတ်ဘူး။ လူတွေ မဖတ်တတ်လို့ မဟုတ်ဘူး။ မဖတ်ချင်လို့။ ဒီမှာ လူတွေ ဒီသတင်းဖတ်ပြီး အရမ်းခံပြင်းနေတာတွေ မင်းခေါင်းပေါ်ရောက်လာမယ်။ မင်းအလကားကောင်ပဲ။ ဆန်ကုန်မြေလေး
Quoting AMKs:
I have not noted any news about how they ( government and China company ) got agreement two years ago.
I think at that time . D A S S K was still under arrest.
The Myanmar Government (military ) was still under Than Shwe and they did it by themselves without letting people know.
I truly believe, they have done ' Chee Loon Let Loon ' with China and they don't want to lose their face with China. so in this ' do or die ' situation when china is giving them lots of pressure, they just turn their face to own community and people to crack down.
They might do this for two reasons.
1. to crack down and crack down and crack down . for that bloody ' U Paing Limited ' which is mainly involved with all thieves of ex military and crony.
2. In case of their concession to people, that is, in case of they dissolve the agreement with China, they might show China a ' good reason ' proving that ' well, We , as a government has done what we can to keep the agreement - see.. we cracked down with ' this and that ' method on this day - but finally we cannot stand without ignoring the people's desire.
Out of about two hypotheses, the former is more likely. But the latter may be a trump card as well.
Whatever it is , The Military Government before ( and current government as well, but lesser extent ) have done a lot of things very very bad for people. They owed a lot of money for weapons, and also for their own commission ( a slice of brokerage ) , food . As Aung Min said in his words. But that situation is the 'dire consequence of Ne Win ( their Ah Phay lay ) - that is why I said,. .once the system fail, there will be lots and lots of consequences.
when U Aung Min stated in his speech to people 3 days ago in video clip, he stated ' because of our mistake ' ..He confessed that . he did not express all of them. He did not have to . understandable.
U Aung Min , no matter what he is ex-military , he is categorized as ' moderate ' I will say. He is intrinsically good. compared to other La Bar Jar Aung T Lin, Aung thaung . or some more .
As we all stated, Thein Sein admin is , undoubtedly under ' rock and the hard place ' . He is covering for Than Shwe, Khin Nyunt and many others wrong doers. That is his job . That is what we all are paying the price for that.
That is what people are paying for their ' big mistakes and mistakes ' . very unfair.
In fact, Myanmar is under threat of China. From China's point of view, it is quite justifiable. Because Myanmar took heaps of ' favors ' from China . WHY ? wHY? because of their ( Myanmar military ) own mistakes. years and years system failure, corruption , cruelty, frauds, unfairness . those sorts of things. to name a few. ..
And then they point the fingers to ' those who sanctioned. They even said, Saw Maung ... ' we will keep exchange 6 kyats- 1 U S dollars. ' ' we have food, plants, everything . we will not starve ' . then U aung Min Just said, ' we were hungry , no food left ' ..in 1988 when he said a few days ago..
 
+47 #23 maungmgu 2012-11-29 19:37
မီးခိုးဗုံး နဲ့ မီးလောင်ဗုံး ကို ကျေညာချက်မှာ စာလုံးပေါင်းများမှား သလားဗျ၊
ပုံတွေမှာကြည့်ရင် အသိသာကြီးကို၊
ပိုပြီးသေချာအောင် နိုင်ငံခြားသတင်းထောက် တယောက်ယောက်ကို ဒဏ်ရာရသူတွေဆီ ခေါ်ပြကြည့်ပါလား၊
အဓိကရုဏ်းနှိမ်နင်းတဲ့ ဒီလိုမီးခိုးဗုံးကို ရခိုင်ပြည်နယ်မှာ ကုလားတွေ အိမ်ကို ခဲနဲ့ပေါက်၊ မီးတွေလိုက်ရှို့နေတုံးက ဘာလို့ မသုံးလဲ၊ ဒါ ဆိုတခါထဲ တည်ငြိမ်ပြီး အခုလို(၂)ခါ လဲ ပြန်ဖြစ်မှာ မဟုတ်ဘူး၊
အဖမ်းခံထားတဲ့ ကိုယ့်စစ်သားတွေကိုရော ရှာတွေ့ပြီလား၊ မတွေ့ရင်ဝင်ရှာမှာလို့ပြောထားတဲ့အတိုင်း ဝင်ရှာ ပြီးပြီလား ၊ ဟိုနိုင်ငံကိုကြောက်နေလိုက်ရ၊ ဒီနိုင်ငံက တံတွေးဆွတ်သွားတာခံလိုက်ရ မဖြစ်ပါစေနဲ့ သမ္မတကြီးရယ် ။
 
+5 #22 AMKs 2012-11-29 19:25
I have not noted any news about how they ( government and China company ) got agreement two years ago.
I think at that time . D A S S K was still under arrest.
The Myanmar Government (military ) was still under Than Shwe and they did it by themselves without letting people know.
I truly believe, they have done ' Chee Loon Let Loon ' with China and they don't want to lose their face with China. so in this ' do or die ' situation when china is giving them lots of pressure, they just turn their face to own community and people to crack down.
They might do this for two reasons.
1. to crack down and crack down and crack down . for that bloody ' U Paing Limited ' which is mainly involved with all thieves of ex military and crony.
2. In case of their concession to people, that is, in case of they dissolve the agreement with China, they might show China a ' good reason ' proving that ' well, We , as a government has done what we can to keep the agreement - see.. we cracked down with ' this and that ' method on this day - but finally we cannot stand without ignoring the people's desire.
Out of about two hypotheses, the former is more likely. But the latter may be a trump card as well.
Whatever it is , The Military Government before ( and current government as well, but lesser extent ) have done a lot of things very very bad for people. They owed a lot of money for weapons, and also for their own commission ( a slice of brokerage ) , food . As Aung Min said in his words. But that situation is the 'dire consequence of Ne Win ( their Ah Phay lay ) - that is why I said,. .once the system fail, there will be lots and lots of consequences.
when U Aung Min stated in his speech to people 3 days ago in video clip, he stated ' because of our mistake ' ..He confessed that . he did not express all of them. He did not have to . understandable.
U Aung Min , no matter what he is ex-military , he is categorized as ' moderate ' I will say. He is intrinsically good. compared to other La Bar Jar Aung T Lin, Aung thaung . or some more .
As we all stated, Thein Sein admin is , undoubtedly under ' rock and the hard place ' . He is covering for Than Shwe, Khin Nyunt and many others wrong doers. That is his job . That is what we all are paying the price for that.
That is what people are paying for their ' big mistakes and mistakes ' . very unfair.
In fact, Myanmar is under threat of China. From China's point of view, it is quite justifiable. Because Myanmar took heaps of ' favors ' from China . WHY ? wHY? because of their ( Myanmar military ) own mistakes. years and years system failure, corruption , cruelty, frauds, unfairness . those sorts of things. to name a few. ..
And then they point the fingers to ' those who sanctioned. They even said, Saw Maung ... ' we will keep exchange 6 kyats- 1 U S dollars. ' ' we have food, plants, everything . we will not starve ' . then U aung Min Just said, ' we were hungry , no food left ' ..in 1988 when he said a few days ago..
 
+61 #21 naymyo1992 2012-11-29 19:23
အင်း...သမ္မတ ကြီး ဦးသိန်းစိန်... နောက်ဆုံးတော့မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးရုပ်ပဲပြန်ပေါ်လာပါလား၊ဦးသိန်းစိန်ကိုနိုဘယ်ဆုမပေးမိတာကံကောင်းပါတယ်၊မဟုတ်ရင်နိုဘယ်ဆုရွေးချယ်ရေးကော်မတီတစ်ခုလုံးတော့ရှက်လွန်းလို.သတ်သေကုန်မှာပဲ၊
 
+24 #20 Public Servant 2012-11-29 19:21
မျက်ရည်ယိုဗုံး ဟုတ်မဟုတ် Quote:
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ရေး ဆနပြပွဲကို ဖြို ခွင်း ရာမှာ သုံးခဲ့တဲ့ ဗုံးဟာ မျက်ရည်ယိုဗုံး အမျိုး အစား ဖြစ်နိုင် ခြေနည်းတယ်လို့  ရန်ကုန်တက္ကသိုလ် ဓါတုဗေဒဌာန အငြိမ်းစား ပါမောက္ခ ဒေါက်တာ ခင်မောင်ညို က သုံးသပ်ပါတယ်
www.thithtoolwin.com/2012/11/blog-post_7053.html?utm_source=BP_recent#.ULdYJWc8qnk
 
 -55 #19 myo kyaw 2012-11-29 19:17
၇ဟန်းများနှင့် ဆန္ဒပြမှုများမှာ လုံးဝ အပ်စပ်မှုမရှိပါ။ ရဟန်းများသည် သာသနာကို ထိန်းသိမ်းရန်၊ တရားဘာဝနာပွားရန်၊ တရားဟောရန်၊ သာသနာကိစ္စကိုသာ ပြုလုပ်ရပါမည်။ ဆွမ်းခံ၊ ကိစ္စထွေထူး အပြင် ဘုန်းကြီးကျောင်းပြင်ပသို့ ထွက်ခွာရန် မသင့်ပါ။ (၀ိနည်းနှင့် အညီရဟန်းများ များစွာရှိပါသည်။ ဘုရားဟောကျင့်ဝတ်တွင် စည်းကမ်းကြီးစွာ ပြဌန်းထားပါသည်။ ရဟန်းများ ဘုန်းကြီးကျောင်းပြင်ပထွက်လျှင် သင်္ကန်းရုံရ်ျ ထွက်ရပါသည်။ သင်္ကန်းရုံဆိုသည်မှာ ကိုယ်တစ်ခြမ်းသင်္ကန်းခြုံခြင်းမဟုတ်ပါ။ စနစ်တကျ ခန္ဒာကိုယ်ကို အများမမြင်နိုင်စေရန် လုံလုံခြုံခြုံဝတ်ဆင်ရ်ျ နေကထိုင် (ထိုင်လျှင်ခင်းစရာအ၀တ်) ကိုယ်ဆောင်သွားရပါမည်။ ထီး၊ ယက်တောင်ကိုင်ဆောင်ထားရပါမည်။ မျက်စိတောင်မြောက်မကြည့်ရပါ။ စကားကိုလည်း ကြယ်လောင်စွာ မပြောရ။ စသည့်….. ဖြင့် များစွာရှိပါသည်။သို့သော် ဗွီဒီယိုကြည့်၊ ဘောပွဲသွားကြည့်သော ရဟန်းများ၊ လဘက်ရည်ဆိုင်ထိုင်သော ရဟန်းများ၊ ဆိုင်ကယ်စီးသော ရဟန်းများ၊ ပြသနာဖြစ်လျှင် လူစုပြီး ၀ိုင်းရိုက်သော ရဟန်းများလည်း ရှိပါသည်) ထိုရဟန်းများကြောင့် သာသနာတော် ညိုးနွမ်းနေပါသည်။ အခြားဘာသာများမှ ကြည့်လျှင် ပြောစရာဖြစ်နေပါသည်။ ခရစ်ယန် ဘုန်းတော်ကြီးများ ဆန္ဒပြသောပွဲရှိပါသလားခင်ဗျာ၊ ဟိဒ္ဒူ၊ အခြားဘာသာများ တွင်မရှိပါ။ ပြည်သူများက ဆဒ္ဒပြသည်ကို လက်ခံပါသည်။ ရဟန်းများကိုလည်း စီစစ်သင့်သည်ဟု ထင်မိပါသည်။
 
 +38 #18 lordvladimer 2012-11-29 19:08
ရှက်ဖို့နဲ့ တာဝန်ယူတက်ဖို့တော့လိုမယ်.... ဒီပုံတွေက အင်းအားသုံး မသုံး ကြည့်သူတိုင်းသိပါတယ်....
 
+56 #17 salamander 2012-11-29 19:06
Quote:
အစိုးရ၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပါတ်သက်သော အရေးယူဆောင်ရွက်မှုများသည် ဥပဒေနှင့်အညီဖြစ်ကြောင်း အစိုးရက ရှင်းလင်းခဲ့သည်။
အေးပေါ့လေ။ ခင်ဗျားတို.ရယ်။ ခင်ဗျားတို.ရဲ. ဘိုးတော်ကြီးတွေရယ်။ ခင်ဗျားတို.ရဲ.ဆွေတော်မျိုးတော်တွေကို ကာကွယ်ဖို. ထုတ်ထားတဲ့ ဥပဒေတွေနဲ.အညီပေါ့။ ဟုတ်တယ်မဟုတ်လား။ ခင်ဗျားတို.အာဏာရှိတုန်းတော့ လုပ်ထားဦးပေါ့။ ကိုယ့်စေတနာ ကိုယ်အကျိုးပေးပါလိမ့်မယ်။
 
+62 #16 freedomfighter 2012-11-29 18:49
ပထမ သတင်းတွေ ဖတ်ရတုန်းက ဦးသိန်းစိန်ကို တစ်ယောက်ယောက် တွယ်လိုက်ပြီလို့ အောင်းမေ့နေတာ ... အခုလို ရှင်းလင်းချက် ထွက်လာတော့ ကျွန်တော်တို့ ပြည်သူတွေအတွက်လည်း ရှင်းလင်းသွားတာပေါ့။
#15 yinyin 2012-11-29 18:28
ရက်စက်လိုက်ကျတာ-----
သက်သေပစ္စည်းတစ်ခု
.........................
ဒီဓာတုလက်နက်ဟာ စိုးစွပ်တဲ့နေရာတွေကို ပစ်ဖောက်လိုက်မယ်ဆိုရင် မီးလောင်စေပါတယ်။
အဲဒီရေနဲ့တွေ့ထိအခါမှာ အက်စ်အဖြစ်ပြောင်းလဲပြီး အဝတ်အထည်၊ အသားတွေကို သာမာန်မီးခဲလိုမဟုတ်ပဲ လောင်မြိုက်သွားပါတယ်။ အဓိကကတော့ ရေနဲ့တွေ့ရင်ပိုပြီး လောင်မြိုက်စေတယ်။ လောင်အားကောင်းတယ်ပေါ့ဗျာ။
အဲဒါကြောင့် ရဟန်းရှင်လူတွေကို ရေနဲ့ အရင်ဖြန်းလိုက်တယ်။ ပြီးတော့မှာ ယခုမြင်တွေ့ရတဲ့ လက်နက်ဆန်းတွေနဲ့ ပြည်သူတွေကို ပစ်ပေါက်ခဲ့တာ ဖြစ်နိုင်တယ်ဟု ဒေါက်တာကျော်စွာကပြောခဲ့ပါတယ်။
 
-33 #14 ဂေါက်ကြီး 2012-11-29 18:27
Snipher said that(ဟေ့ ဂေါက်ကြီးရေ့ ဂေါက်ရောဂါရနေလျှင်လည်း အေးအေး
ဆေးဆေးအနားယူဆေးသောက်လိုက်ပါဦးနော့်)
ဂေါက်ကြီး also said that ဟုတ်ကဲ.
blue prince said that (။ဂေါက်ကြီး သည် အစိုးရဘက်တော်သားမဟုတ်ပါ၊ တပ်မတော်သားကိုယ်စားလှယ်အမတ်ဖြစ်ပါသည်)
ဂေါက်ကြီး reply that မဟုတ်ဘူးဗျ
 
+53 #13 myint thein 2012-11-29 18:20
အခင်းဖြစ်ပွားတုန်းက ညသန်းခေါင်ကျော်သုံးနာရီဆိုတော့ သတင်းထောက်တွေ ဗွီဒီယိုကင်မရာတွေနဲ့ သတင်း မရိုက်ယူ လိုက်ရဘူးပေါ့။ ဒါပေမဲ့ အခုမြင်ရတဲ့ မီးလောင်ဒဏ်ရာတွေပါတဲ့ သတင်းဓာတ်ပုံဟာ အကြမ်းဖက်နှိမ်နင်းခြင်းရဲ့ ပြင်းထန်မှုကိုပြနေပါတယ်။ ဆရာတော်တွေကို ကိုယ်ချင်းစာ သနားပါတယ်။
 
+71 #12 Change 2012-11-29 18:12
Quote:
"ထိုသို့ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း"
"နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်" တဲ့
ဘယ်သူတွေရဲ့အကျိုးစီးပွါးတုန်း ???
ဗြောင်လိမ်ဗြောင်စားတွေ...
အရှက်မရှိပြောထွက်သေးတယ်...
တစ်တိုင်းပြည်လုံးဒီကိစ္စကိုသိနေပြီ...
အရင်လိုဝါဒဖြန့်နေလို့အပိုဘဲ...
 
+86 #11 jungleman 2012-11-29 18:09
မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး လို့မှူးဇော်ရေးထားတာဘာသဘောလဲ။ ဘယ်မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးကမှ မီးမလောင်နိုင်ပါဘူး။ မျက်ရည်ယိုဗုံးဆိုရင် အနံ့ရှူလိုက်ရင် ပါးစပ်ထဲမှာချိုနေပါတယ်။ ပြီးမှမျက်ရည်တွေထိန်းမနိုင်သိမ်းမရထွက်တာပါ။ မီးခိုးဗုံးက ကစဥ့်ကလျားဖြစ်အောင် ဖြိုခွင်းတာပါ။ နှစ်ခုတွဲသုံးတာကို လက်ခံပါတယ်။ ဘယ်နှယ့်ကြောင့် မီးလောင်ဗုံးကိုပါတွဲသုံးရတာ လဲဆိုကိုနားမလည်နိုင်တော့ပါဘူး။ ဒဏ်ရာရတဲ့အနေအထားတွေက လူတိုင်းသိပါတယ် မညာချင်ကြပါနဲ့။
 
 +106 #10 mon min 2012-11-29 18:06
ဒုတိယ ဟိုလိုကော့စ် ဖြစ်လာပြီ။ ဟစ်တလာလိုရက်စက်တဲ့သူတောင် ဂျာမန်အချင်းချင်းမီးမတိုက်ဘူး။အခုဟာက....
ကိုယ့်တိုင်းပြည်ရဲ့ အထွတ်အမြတ်ထားတဲ့သံဃာတွေတောင်မချန် မီးနဲ့တိုက်ရဲတယ်ဆိုတော့ ခင်ဗျားတို့ အစိုးရ သတ္တိကို လက်ဖျားခါတယ်။
နာဇီဖက်ဆစ်ထက်ဆိုးတဲ့ လုပ်ရပ်ကို ခင်ဗျားတို့ကျူးလွန်လိုက်ပါပြီ။ ပြည်သူတွေရင်ထဲမှာလဲ ခင်ဗျားတို့ကိုပိုပြီး အယုံအကြည်မဲ့လာကြပြီ။
တိုင်းပြည် ကိုဘယ်လိုလိမ်လိမ်၊ နှစ် ၅၀ တိတိအလိမ်ခံခဲ့ရတဲ့ပြည်သူတွေဟာ နုံအတဲ့သူတွေဖြစ်သွားကြပြီလို့ ထင်ရင်မှားလိမ့်မယ်။
တရုတ်ကြီးအတွက်စိတ်မကောင်းပါဘူး။နေရာတကာအချိုအချောင်လိုက်နှိုက်ပြီး မြန်မာ ပြည်သူတွေကိုဒုက္ခပေးခဲ့တာတွေအတွက်....
ခင်ဗျားတို့တရုတ်ပြည်ကိုလဲ တူသောအကျိုး ခံစားရပါစေလို့ပဲဆုတောင်းပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ တရုတ်မယားပါသားများ ကျဆုံးပါစေ။
 
+24 #9 blue prince 2012-11-29 18:01
တိုင်းပြည်တစ်ပြည်မှာ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးဆုံးတွေထဲမှာပါတယ်ဗျ။ တရားဥပဒေစိုးမိုးဖို. နိုင်ငံသားတိုင်း(ရဟန်းသံဃာများ,အစိုးရ၀န်ထမ်းများအပါအ၀င်) တရားဥပဒေကိုလေးစားဖို. လိုတယ်ဗျ။ ဘာသာရေးနှင်.နိုင်ငံရေးဟာ မရောနှောသင့်ဘူးဗျ။ ဘာသာရေးက နိုင်ငံရေးအပေါ် လွှမ်းမိုးလာရင် အင်္ဂလန်အလယ်ခေတ်ကလို ဖာသာ(ဘုန်းကြီး)တွေက အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးလာပါမယ်။ဘာသာရေးက အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးလာရင် နိုင်ငံရေးသမားများဟာ ရဟန်းဝတ်ပြီး အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးခြင်း၊ နိုင်ငံရေးသမားများဟာ ရဟန်းငယ်များအား ဆည်းကပ်ပြီး နိုင်ငံရေးလုပ်စေသောကြောင့် သာသနာ့တာဝန်များမထမ်းဆောင်နိုင်ခြင်း ၀တ်နည်းမညီခြင်း ၊ ရဟန်းအတုများ ပေါများလာခြင်း ဖြစ်မယ်ဗျ။
ထို.ကြောင်. ပြတ်ပြတ်သားသား အပြားပြားလျှင် မှူများခတ်သိမ်း ဆောင်တိုင်းညိမ်း၏
မှတ်ချက်။ ။ဂေါက်ကြီး သည် အစိုးရဘက်တော်သားမဟုတ်ပါ၊ လွတ်လပ်စွာရေးသားခြင်းဖြစ်၏။ ငါကွ ဂေါက်ကြီး!

။ဂေါက်ကြီး သည် အစိုးရဘက်တော်သားမဟုတ်ပါ၊ တပ်မတော်သားကိုယ်စားလှယ်အမတ်ဖြစ်ပါသည်
 
+78 #8 Snipher 2012-11-29 18:00
ဒီတစ်ပတ်ထုတ်ဂျာနယ်တွေမှာ ဒီဓါတ်ပုံနှင့် သမ္မတရုံးက ထုတ်တဲ့
ထုတ်ပြန်ချက်နှင့်တွဲပြီး ရိုက်နှိပ်ဖော်ပြပေးစေချင်တယ် EMG ရေ..
 
+50 #7 Tokegyi 2012-11-29 17:59
"လက်ပံတောင်းအရေးမှာ ဥပဒေအရ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ကြေငြာချက်က အင်မတန် မှားယွင်းနေပါတယ်။ ကျွန်တော်တို့လို ဥပဒေအတိုင်ပင်ခံ တစ်ယောက်အနေနဲ့ ဘယ်လိုအချက်တွေ မှားယွင်းခဲ့တယ်ဆိုတာ ပြောပြပါမယ်။ ပထမဆုံးအချက်က လက်ပံတောင်းတောင် စီမံကိန်းမှာ သဘာသပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတွေအတွက် ကာကွယ်ပေးမှုမရှိပါဘူး၊ ဒါကနိုင်ငံတကာ ထုတ်ပြန်ချက်ဥပဒေကို ချိုးဖောက်တာပါ။ ဒုတိယအချက်အနေနဲ့ ပြောရရင် ဦးပိုင်၊ ၀မ်ပေါင်တို့ လုပ်နေတဲ့ လက်ပံတောင်းတောင် စီမံကိန်းဟာ သတ္ထုတွင်းဝန်ကြီးဋ္ဌာနက ခွင့်ပြုရတာပါ။ ခွင့်ပြုတဲ့နေရာမှာလည်း နေထိုင်တဲ့ ဘေးပတ်ဝန်းကျင်၊ ရွာသူရွာသားတွေရဲ့ လူနေမှုဘ၀ မထိခိုက်မှ ခွင့်ပြုရပါမယ်။ လက်ပံတောင်းတောင် စီမံကိန်းဟာ စတင်ခွင့်ပြုကတည်းက အဲ့ဒီအချက်တွေ ပါဝင်ကိုက်ညီမှု မရှိဘဲ ခွင့်ပြုခဲ့တာပါ။ တတိယအချက်က လက်ပံတောင်းတောင် စီမံကိန်းမှာ လယ်သိမ်းယူခံရတဲ့သူတွေအတွက် ဘ၀ ပြန်လည်ရပ်တည်မဲ့ အစားထိုးစီမံကိန်း လုပ်မပေးဘဲ အဓမ္မလုပ်ဆောင်ခဲ့တာပါ။ နောက်ဆုံးအချက်ကတော့ ဒီစီမံကိန်းကို စတင်လုပ်ဆောင်ခဲ့စဉ် ကတည်းက တရားမျှတမှု မရှိသလို အခုလို အကြမ်းဖက်နှိမ်နင်းခဲ့တာလည်း ဥပဒေနဲ့ လုံးဝမညီပါဘူးလို့ ပြောချင်ပါတယ်"ဟု Purple Equity Law Firm မှ ဥပဒေအတိုင်ပင်ခံ ကိုဖိုးဖြူက ပြောပါသည်။

ဥပဒေနဲ့ မညီတဲ့ကောင်တွေက ဥပဒေနဲ့အညီလို့ ခွေးစကားပြောပြီး လောင်မီးတိုက်ကြတာပေါ့လေ .. ထွီ
 
+61 #6 winkoko.dr 2012-11-29 17:59
သမ္မတကြီး ကျန်းမာပါစေ။ ဒီလိုသံဃာတွေဖြစ်သလို မခံစားရပါစေနဲ့။ ဘ၀ဆက်တိုင်း တရားဥပဒေစိုးမိုးရေးဆိုတဲ့ ခေါင်းစဉ်ကို အလွဲသုံးစားပြုတဲ့လူတွေနဲ့ မဆုံစည်းပါစေနဲ့။ ညတိုင်း စိတ်လက်ချမ်းသာ အိပ်ပျော်နိုင်ပါစေ။ ဘ၀ကူးကောင်းပါစေ။
 
+98 #5 kyawsithu 2012-11-29 17:54
:cry: လေးစား ရပါသော.. ပြည်သူ့ တွေ၏ အချစ်တော် ဟု ထင်ရပါသော သမ္မတ ကြီး ဦးသိန်းစိန် ခင်ဗျား.. သမ္မတ ကြီး၏ ကြီးမားလှသော မေတ္တာဓါတ်ကြောင်..ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်နေသော သံဃာတော်များနှင့် ပြည်သူများမီးလောင် အနာတရ ဖြစ်ခဲ့ရ ပါပြီ....သမ္မတ ကြီး ဦးသိန်းစိန် မှာ တာဝန် အရှိဆုံး ဟု ယူဆပါသည်..
ကျေးဇူး ပြု ပြီး ဖြေရှင်းပေးပါ.... :sad:
 
+24 #4 Snipher 2012-11-29 17:51
(တိုင်းပြည်တစ်ပြည်မှာ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးဆုံးတွေထဲမှာပါတယ်ဗျ။ တရားဥပဒေစိုးမိုးဖို. နိုင်ငံသားတိုင်း(ရဟန်းသံဃာများ,အစိုးရ၀န်ထမ်းများအပါအ၀င်) တရားဥပဒေကိုလေးစားဖို. လိုတယ်ဗျ။ ဘာသာရေးနှင်.နိုင်ငံရေးဟာ မရောနှောသင့်ဘူးဗျ။ ဘာသာရေးက နိုင်ငံရေးအပေါ် လွှမ်းမိုးလာရင် အင်္ဂလန်အလယ်ခေတ်ကလို ဖာသာ(ဘုန်းကြီး)တွေက အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးလာပါမယ်။ဘာသာရေးက အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးလာရင် နိုင်ငံရေးသမားများဟာ ရဟန်းဝတ်ပြီး အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးခြင်း၊ နိုင်ငံရေးသမားများဟာ ရဟန်းငယ်များအား ဆည်းကပ်ပြီး နိုင်ငံရေးလုပ်စေသောကြောင့် သာသနာ့တာဝန်များမထမ်းဆောင်နိုင်ခြင်း ၀တ်နည်းမညီခြင်း ၊ ရဟန်းအတုများ ပေါများလာခြင်း ဖြစ်မယ်ဗျ။
ထို.ကြောင်. ပြတ်ပြတ်သားသား အပြားပြားလျှင် မှူများခတ်သိမ်း ဆောင်တိုင်းညိမ်း၏
မှတ်ချက်။ ။ဂေါက်ကြီး သည် အစိုးရဘက်တော်သားမဟုတ်ပါ၊ လွတ်လပ်စွာရေးသားခြင်းဖြစ်၏။ ငါကွ ဂေါက်ကြီး!)

ဟေ့ ဂေါက်ကြီးရေ့ ဂေါက်ရောဂါရနေလျှင်လည်း အေးအေး

ဆေးဆေးအနားယူဆေးသောက်လိုက်ပါဦးနော့်
 
 +67 #3 Snipher 2012-11-29 17:49
ဒာစိုးရက ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ကျင့်သုံးခြင်းဆိုတဲ့ ဖော်ပြ
ချက်သည် လူထုတစ်ရပ်လုံးကို နားလှည့်ပါးရိုက် လုပ်ခြင်း သက်သက်ပဲ။ လူထုကို စော်ကားလွန်အားကြီးနေပြီ။ မှတ်မိနေပါ
တယ်။ ရွှေဝါရောင်တော်လှန်ရေးတုန်းက အာဏာပိုင်တွေ ပြောခဲ့
ရှင်းခဲ့တဲ့ စကားအတိုင်းပါပဲ။ ခင်ဗျားတို့ ဘီလူးအရေခြုံတွေပါပဲ။
လက်ရှိအစိုးရအနေနဲ့ လူထုကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်
ထုတ်လွှင့်ပြီး လူထုကိုတောင်းပန်ဖို့ လုပ်ဆောင်ကြဖို့ တောင်းဆို
လိုပါတယ်။ ဒီလိုမှမဟုတ်ရင် မြန်မာပြည်မှာရှိတဲ့ တရုတ်အကျိုး
စီးပွားရေးတွေရဲ့ အနာဂတ်ကို ရင်လေးနေမိနေပြီဗျာ။
 
+86 #2 Change 2012-11-29 17:48
မင်းတို့လုပ်တာ ဥပဒေနှင့်အညီဖြစ်လားမဖြစ်လား ဓာတ်ပုံကိုကြည့်...
ခွေးမျိုးတွေ!....
 
-113 #1 ဂေါက်ကြီး 2012-11-29 17:46
တိုင်းပြည်တစ်ပြည်မှာ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးဆုံးတွေထဲမှာပါတယ်ဗျ။ တရားဥပဒေစိုးမိုးဖို. နိုင်ငံသားတိုင်း(ရဟန်းသံဃာများ,အစိုးရ၀န်ထမ်းများအပါအ၀င်) တရားဥပဒေကိုလေးစားဖို. လိုတယ်ဗျ။ ဘာသာရေးနှင်.နိုင်ငံရေးဟာ မရောနှောသင့်ဘူးဗျ။ ဘာသာရေးက နိုင်ငံရေးအပေါ် လွှမ်းမိုးလာရင် အင်္ဂလန်အလယ်ခေတ်ကလို ဖာသာ(ဘုန်းကြီး)တွေက အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးလာပါမယ်။ဘာသာရေးက အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးလာရင် နိုင်ငံရေးသမားများဟာ ရဟန်းဝတ်ပြီး အုပ်ချုပ်ရေးအပေါ် လွှမ်းမိုးခြင်း၊ နိုင်ငံရေးသမားများဟာ ရဟန်းငယ်များအား ဆည်းကပ်ပြီး နိုင်ငံရေးလုပ်စေသောကြောင့် သာသနာ့တာဝန်များမထမ်းဆောင်နိုင်ခြင်း ၀တ်နည်းမညီခြင်း ၊ ရဟန်းအတုများ ပေါများလာခြင်း ဖြစ်မယ်ဗျ။
ထို.ကြောင်. ပြတ်ပြတ်သားသား အပြားပြားလျှင် မှူများခတ်သိမ်း ဆောင်တိုင်းညိမ်း၏
မှတ်ချက်။ ။ဂေါက်ကြီး သည် အစိုးရဘက်တော်သားမဟုတ်ပါ၊ လွတ်လပ်စွာရေးသားခြင်းဖြစ်၏။ ငါကွ ဂေါက်ကြီး!
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။