စစ်တပ် သရော်သည့် ကာတွန်း သတိပေးခံရ
မြန်မာတိုင်းမ် ဂျာနယ်၌ ဖော်ပြထားသော ကာတွန်း ဟန်လေး၏ စစ်တပ်ကို သရော်သည့် ကာတွန်း
လက်ရှိတပ်မတော်၏ အနှောင့်အယှက်ကြောင့် သမ္မတ ဦးသိန်းစိန် ဆောင်ရွက်နေသော ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ မအောင်မြင်သည့် အဓိပ္ပာယ် ယူဆရသော ကာတွန်းကို အောက်တိုဘာ ၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်၏ အင်္ဂလိပ် ပိုင်းတွင်ဖော်ပြခဲ့သည့်အတွက် ဆောင်းပါးရှင် ပြည်ချစ်သား က“အမှန်က ဤသို့ဖြစ်ပါသည်”ဟူသော ဆောင်းပါးဖြင့် ယမန်နေ့က တုံ့ပြန်ရေးသား၍ သတိပေးထားခြင်း ဖြစ်သည်။