OIC မည်သည့်ပုံစံဖြင့်လာလာဆန့်ကျင်မည်ဟုစစ်တွေခေါင်းဆောင်များကဦးထွေးလှအားပြောကြား
Moe MaKa News, 14 October 2012 —- OICနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သူ နယ်စပ်/စည်ပင်ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှနှင့် စစ်တွေမြို့မှဦးဆောင်ဦးရွက်ပြုသူအချို့တို့ ယမန်နေ့ညနေခုနစ်နာရီခန့်တွင်အလွတ်သဘောတွေ့ဆုံကြရာတွင်၊ OIC က အသွင်တစ်မျိုးမျိုးဖြင့်ဝင်လာမှုကို ဆက်လက်ဆန့်ကျင်သွားကြမည် ဖြစ်ကြောင်းတွေ့ဆုံခဲ့သူများကပြောကြားခဲ့သည်ဟုယင်း
အစည်းအဝေးပြုလုပ်ရာနေရာတွင်ရှိနေခဲ့သူတစ်ဦးက Coral Arakan အားပြောကြားသည်။
OIC စစ်တွေမြို့တွင်ရုံးဖွင့်မည်ဆိုသည်မှာမဟုတ်ကြောင်းနောက်ဆုံးထုတ် Voice ဂျာနယ်ရှေ့ဖုံးပါ ၄င်းနှင့်အင်တာဗျူးကိုပြသရင်း ဦးထွေးလှကဒီကဒေသခံများ၏ စကားသံကိုကြားချင်သောကြောင့် ယခုလိုတွေ့ဆုံရသည်ဟု ရှင်းလင်းပြောကြားပြီးနောက်၊ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဌ) ၊ဦးထွန်းကျော် (အင်းပေါက်ဝကုမ္ပဏီ)၊ဦးကျော်ဇောဦး (၀ံလက်ဖောင်ဒေးရှင်း) ၊ဦးအောင်မြကျော် (ပြည်နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့်ဒေသခံလုပ်ငန်းရှင်တစ်ဦးတို့ဝင်ရောက်ဆွေးနွေးခဲ့ကြသည်
ဟုအဆိုပါအမည်မဖော်လိုသူကပြောကြားသည်။
ပြည်ထောင်စုအဆင့်နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူဒေါက်တာအေးမောင်ကစစ်တွေမှာသာမဟုတ်၊
ရန်ကုန်မှာထားလျှင်လည်းဆန့်ကျင်ရမည်ဖြစ်ကြောင်း၊မြန်မာပြည်သူတစ်ရပ်လုံးအားနစ်လုဆဲဆဲနွံတွင်းထဲမှ
ဆွဲထုတ်ရမည်ဖြစ်ကြောင်းဆွေးနွေးသွားသည်။
အခုမြန်မာနိုင်ငံဒေသအသီးသီးမှာ OIC ရုံးစိုက်မှာ ကိုကန့်ကွက်ဆန္ဒပြနေကြခြင်းသည် အစိုးရကခြေလှမ်းမှားတစ်လှမ်းကျွံနေသည် ကိုခြေပြန်နှုတ်ခွင့်သာအောင်ပြည်သူများက၀ိုင်းဝန်းဆန္ဒပြနေကြခြင်းဖြစ်ကြောင်း၊ပြည်သူများအနေဖြင့် ဆန့်ကျင်ကန့်ကွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည့် အလားအလာရှိနေကြောင်း ၄င်းကပြောကြားသွားသည်။