မိုးသီးဇွန် နဲ့ ABSDF ဘာလဲ ဘယ်လဲ??? ( 2 )
by မောင်ကျောက်ခဲ
မေးတာလွယ်သလောက် ဖြေရခက်တဲ့ မေးခွန်းတခုကတော့ "တတိယ-နိုင်ငံရောက် တောခိုကျောင်းသားတွေ အခု ဘာတွေလုပ်နေကြသလဲ" ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
အသေချာသုတေသနလုပ်ပီး
ထုတ်ပြန်ထားတဲ့စာရင်းဇယားဆိုလို့ တစ်ခုမှ မရှိပါဘူး။ တတိယနိုင်ငံရောက်
ဒုက္ခသည် ၅-သောင်းကျော်ထဲမှာ ၈၈-က တောခိုခဲ့တဲ့ကျောင်း သား ၃-ထောင် ကျော်
ရှိပါတယ်။ တကယ်တော့ ABSDF ဆိုတာ ဒုက္ခသည်တွေ အများဆုံး မွေးထုတ်ပေးရာ
နေရာဖြစ်ပါတယ်။ ဒီနေ့ ဒုက္ခသည်ဘဝကနေ တတိယနိုင်ငံရောက်ကြီး အထောက်အပံ့တွေ
တောင်းစား ချမ်းသာ နေသူအများစုက ABSDF က ဖြစ်ပါတယ်။
အဲဒီထဲက
အဆင်ြ့မင့်ပညာ ဒေါက်တာ ဘွဲ့နဲ့ မဟာဘွဲရသူ အယောက် ၃၀-မရှိပါဘူး။ ကျောင်းသား ၃
ထောင်မှာ မဟာ ဘွဲ့ရသူ ၃၀ မရှိဘူးဆိုကတည်းက ကျောင်းသားတပ်မတော်က
ကျောင်းသားတွေက ဘယ်လိုကျောင်းသားတွေလဲ ဆိုတာ သိနိုင်ပါတယ်။ ABSDF ထဲကို
စဝင်တုန်းကတော့ မြန်မာအချင်းချင်း အနိမ်ခံရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့
ဝင်ခဲ့ကြပါတယ်။ ABSDF ထဲ ရောက်ပြီးချိန်ကစပြီး ထိုင်းရဲက နှိမ်လိုက်၊
လူဟောင်းတွေ ရှေ့လူတွေက နှိမ်လိုက်၊ တတိယ နိုင်ငံရောက်တော့လည်း နော်ဝေရဲ၊
အော်စတြေးလျ ရဲတွေက မဖမ်းအောင် ဒူးထောက်တောင်းပန်မတတ် အနှိမ်ခံရပြန်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော် ၃-ကျိပ်ဦးဆောင်တဲ့ ဗမာ့လွတ်မြောက်ရေးတပ်မတော်မှအပ
အဲဒီနောက်ပိုင်းတောခိုခဲ့တဲ့ဗမာ
ပြည်ကွန်မြူနစ်ပါတီ။ ပြည်ချစ်လွတ်မြောက်ရေးတပ်ဦး။ ကျောင်းသားတပ်မတော်နဲ့
လူမျိုးစုတပ်ဖွဲ့ အ သီးသီးဟာ အခုချိန်ထိ အောင်ပွဲနဲ့အတူ
အိမ်ပြန်နိုင်တာမျိုး တဖွဲ့မှ မရှိပါဘူး။ လူတွေကပဲ အရေအချည်းမရှိတာလား၊
ခေါင်းဆောင်တွေကပဲ ညံ့တာလား၊ လုပ်ဆောင်မှုတွေကပဲ မှားယွင်းနေတာလား ဆိုတာ
အသေအချာ မပြောနိုင်ပါဘူး။ အဲဒီအချက်တွေ အားလုံးလည်း ဖြစ်နိုင်ပါတယ်။
ထိုင်နိုင်ငံဝန်ကြီးချုပ်အသစ်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး ကလည်း
သိပ်ကောင်းနေတော့ နယ်စပ်က အဖွဲ့တွေလည်း တစ်ဖွဲ့မှ အခြေအနေမကောင်းတော့။
ဒိုနာတွေ (အလှူရှင်) ကလည်း နယ်စပ်က အဖွဲ့တွေ အားလုံးကလည်း
နယ်စပ်ကအဖွဲ့တွေကို မပေးတော့ဘူးလို့ သိရပါတယ်။ တတိရနိုင်ငံရောက် ABSDF
အဖွဲ့ဝင် တွေကတော့ နိုင်ငံအတွက်၊ လူမျိုးအတွက်တွေ ဘာမှ သတိမရတော့ပါဘူး။
ဒုက္ခသည်စခန်းကလူတွေ။
မြန်မာနိုင်ငံထဲကလူတွေက
နိုင်ငံခြားထွက်ချင်လို့ အသဲအသန် ကျိုးစား နေကြချိန်မှာ
တတိယ-နိုင်ငံရောက်ပီးမှ အားလုံးကိုစွန့်ပီး မြန်မာပြည်ပြန်မယ်ဆိုတဲ့လူတွေက
လူမိုက်တွေသာ ဖြစ်ကြကြောင်း၊ နိုင်ငံအတွက်တွေ၊ တိုင်းပြည်အတွက်တွေ
မေ့ထားပြီး အခွင့်အရေးရတုန်းမှာ ကောင်းကောင်း ယူကြဖို့ ဆန္ဒရှိနေကြပါတယ်။
အဆိုးဆုံးကတော့ ABSDF ဆိုရင် နာမည်ကောင်း တစ်ခုမှ မရှိပဲ နာမည်ပျက်တွေ
များနေသလို၊ ဘယ်သူမှလည်း အထင်မကြီးကြပါဘူး။ အထင်မကြီးချင်လည်း
မကြီးချင်စရာပါပဲ တော်တော်များများ က
အချင်းချင်းကိုက်ဖို့လောက်စဉ်းစားနေကြသူတွေပါ။
ဘာမှလည်းလက်တွေ့လုပ်ဖို့မစဉ်းစားတတ်ကြသလို၊ ဘာမှလည်း အရည်ချင်းရှိရှိ
မလုပ်တတ်ကြပြန်ပါဘူး။ အထူးသဖြင့် တတိယနိုင်ငံတွေမှာ
ရောက်ပြီးအလုပ်မရှိအလုပ်ရှာ၊ အရက်သောက်၊ မုန့်ရှု၊ သူများမယားကြာခို၊
လင်ရှိမယားတွေက ဖောက်ပြန်၊ အားမရရင် ကိုယ့်အထုတ်ကိုကိုယ် အင်တာနက်ကနေဖြေကြ။
ABSDF ရဲဘော်ဟောင်းတွေအချင်းချင်းတည့်တာရှားတယ်။ အားလုံးဆရာကြီးပဲ။
ဗိုလ်တွေကြီးပဲ။
ပညာလည်းဟုတ်တိပတ်တိမသင်၊
အလုပ်လည်းကောင်းကောင်းမလုပ်၊ ကြာလာတော့ လူထုတစ်ရပ်လုံးက ABSDF
ရဲဘော်တွေဆိုရင် ရွံ့ရှာစရာ၊ စက်စုတ်စရာ လို့ သိလာကြပါတယ်။ သိသာသိစေ
မမြင်စေနဲ့ စကား ရှိပေမယ့် ABSDF အဖွဲ့ဝင်အားလုံး မဆင်ချင်ကြပါဘူး။
ဒါပေမယ့် အားလုံးကတော့ ကိုယ့်ကိုကိုယ်ဟုတ်လားပြီထင်နေကြပါတယ်။ ဒီလိုနဲ့ပဲ
သမိုင်းတွေက မကောင်း၊ အနာဂတ်တွေက အစွန်းရောက်ဖြစ်ကုန်ပါတယ်။ အသက်တွေကလည်း
အားလုံး ၅၀ နီးပါးကပ်နေပြီ။ နောက် ၁၀ နှစ်ဆိုရင် ပင်စင်ရကြတော့မှာ ပါ။ တတိယ
အရွယ်ရောက်နေကြပေမယ့် ဘယ်သူမှ တရားမပေါက်ကြပါဘူး။ သူတို့သားသမိးတွေနဲ့
ဘေးနားက လူငယ်တွေက အတုခိုးမှ အနာဂတ်ပါ ဒုက္ခရောက်ကြရပါအုံးမယ်။
နိဂုံးချုပ်ရရင်တော့ ဒီနေ့ နာမည်ပျက်တွေနဲ့ ABSDF ကို ဘယ်မျိုးဆက်သစ်မှ
အတုမယူကြပါနဲ့။ ABSDF ထဲကနေ တတိယ နိုင်ငံရောက် လူ သုံးထောင်ကျော်ထဲမှာ
ထွန်းပေါက်သွားတဲ့လူ တစ်ယောက်မှ မရှိပါဘူး။ လူမွှေးလူတောင် မပြောင်တဲ့
လူတွေကတော့ အကုန်ပါပဲ။
တတိယနိုင်ငံကို နေထိုင်ဖို့ အခွင့်အရေး
အရဆုံးက ABSDF ဖြစ်ခဲ့ပေမယ့် ABSDF ဟာ အရင်တုန်းကလည်း လူထုကောင်းအောင် ဘာမှ
မလုပ်ခဲ့ပါဘူး။ အခုလည်း ဘာမှ လုပ်မနေကြပါဘူး။ နောက်နောင်လည်း သူတို့ဘဝ နဲ့
မိသားစုအတွက် လုပ်ရင်း သေကြမယ့်လူတွေချည်းပါ။ ရဲဘော်သုံးကျိတ် ပြည်ပကနေ
အပြည်မှာ လူထုတစ်ရပ်လုံးက ပန်းကုံးစွပ် ကြိုဆိုခဲ့ကြပေမယ့်
ကျောင်းသားတပ်မတော်သားတွေ ပြည်ပကနေ ပြန်လာရင်တော့ ပန်းခွေစွပ်ချင်တဲ့
ပြည်သူတွေ အများကြီးက စောင့်နေလျှက် ရှိကြောင်းပါ။
Popout အရှက်တရားလုံးဝ
မရှိ၊ အဆင့်တန်းမရှိ ဆဲဆို၊ ဦးသိန်းစိန်ကို ဖိနပ်နဲ့ပေါက်၊ နိုင်ငံကို
အရှက်ကွဲအောင် လုပ်ပြီး ဒေါ်လာ ယူသွား သူများကို စက်တင်ဘာ (၁) ရက်၊ မနက် (၈)
နာရီ၊ ရန်ကုန်လေဆိပ်ရောက်မည်။ ဒီလိုလူမျိုးတွေကို
ဂုဏ်ပြုကြိုဆိုသင့်သလား.... တန်ပြန် သင်ခန်း စာပေး သင့်သလား...
နောင်လာနောင် သားတွေ အတု ယူ မမှားဖို့ တာဝန်ကျေလို သူများ မနက် (၇)
နာရီခွဲတွင် လေဆိပ်၌ စုမည်။ သမ္မတကြီး ဦးသိန်းစိန် နှင့် နိုင်ငံသိက္ခာအတွက်
မည်သည့် ဘက်တော်သား မဆို ဖိတ်ခေါ်သည်။ အင်္ကျီအနီဝတ်ခဲ့ပါ။ ဆင်ကြယ်ဖိနပ်
စီးလာပါ။
ဗဟုသုတဘဲ နဲရော့လေသလား? တရုပ်ကုမ္မဏီကရမယ့် ကော်မရှင်ကိုဘဲမျှော်ကိုးလေသလား?
by than htut
ယနေ့ထုတ်မြန်မာ့အလင်းသတင်းတွင်
" တရုပ်နိုင်ငံတွင်ထုတ်လုပ်ထားသည် မြန်မာကြိုက် ချယ်ရီဝက်ဂွန်
မီနီစလွန်းကားများကိုယခုလကုန်မှစတင်ကာ
ပြန်လည်ရောင်းချပေးသွားမည်ကြောင်းတာဝန်ရှိဌာနတာဝန်ရှိသူတဦးထံမှသိရှိရသည်။
ကားတွေကရောက်နေပြီ၊စတင်ရောင်းချဖို့အတွက်ပြင်ဆင်နေပါတယ်။ လက်ရှိဈေးကွက်ရဲ့
လိုအပ်ချက်အရ ကားစီးရေ ၂၀၀ဝန်းကျင်ကိုရောင်းချပေးသွားမှာဖြစ်ပါတယ်။ "
ပါရှိလာတဲ့ သတင်းကိုဖတ်လိုက်ရတော့ မြန်မာနိုင်ငံရဲ့
သက်ဆိုင်ရာဌာအာဏာပိုင်တွေဟာ နိုင်ငံတကာမှာ တရုပ်ထုတ်ကားကြောင့်
အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ပစ္စည်းတခုအသုံးပြုထားမှုကြောင့်
သူတို့နိုင်ငံတွေမှာ ဓါတ်ခွဲစစ်ဆေးနေတယ်ဆိုတဲ့ သတင်းကိုမဖတ်မိတာလား၊
နိုင်ငံတကာဗဟုသုတနည်းပါးတာလား၊
တရုပ်ကုမ္မဏီကနေ ပေးလာမယ့်ကော်မရှင်ငွေကိုမျှော်ကိုးပြီး
ခွင့်ပြုနိုင်သူအာဏာပိုင်တဦးဦးကဘဲ အန္တရယ်ဖြစ်စေနိုင်တာကိုသိသိကြီးနဲ့
ခွင့်ပြုခဲ့တာလား အတွေးတွေများလာရပါတယ်။
ခုလိုခေတ်ပြောင်းစပ်ကူးမတ်ကူးကာလမှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်မယ်တဲ့
အရာရှိကြီးတွေ ကြုံးဝါးသံကို အစိုးရဌာနအသီးသီးမှာလည်း ကြားနေရတော့
တို့မြန်မာပြည်သူတွေ ဒီလိုဥာဉ်ဆိုးတွေ လက်က အမြန်ဆုံး
လွတ်ကင်းဖို့......(Aung pan)
AF Ijournal
"တရုတ်လုပ် Chery ကား မော်ဒယ်နှစ်ခုတွင် ကျောက်ဂွမ်းများပါဝင်ခြင်း ရှိ မရှိ စစ်ဆေးနေ"
တရုတ်လုပ် Chery ကားမော်ဒယ်နှစ်ခုတွင် ကျောက်ဂွမ်းများပါဝင်မှု ရှိ မရှိ
ဓာတ်ခွဲခန်းတွင် စစ်ဆေးနေကြောင်း သိရသည်။အဆိုပါ Chery ကား မော်
ဒယ်နှစ်ခုမှာJ3 ဆီဒင်ကာ နဲ့
T11ပြိုင်ကားမော်ဒယ်များဖြစ်ကြပြီး၊
ယင်းကားများကိုတင်သွင်းသည့် ဗား တက်စ်ကုမ္ပဏီက ကျောက်ဂွမ်းပါ
ဝင်သည်ဆိုသောအင်ဂျင်နှင့်အိပ်ဇော စနစ်မှ ဂတ်စကက်နမူနာခြောက်ခု ကို ဆက်စကို
ဓာတ်ခွဲခန်းသို့ပို့ပြီး စစ်ဆေးလျက်ရှိသည်။ ဓာတ်ခွဲခန်းမှ အဖြေကိုလာမည့်
ရက်သတ္တပတ် တွင်သိရမည်ဆို၏။
ကျောက်ဂွမ်း(Asbestos) ဆို သည်မှာ မီးမလောင်နိုင်သည့်ပစ္စည်း
တစ်မျိုးဖြစ်ပြီး၊ မီးသတ်သမားများ ဝတ်ဆင်လေ့ရှိသည့် မီးခံဝတ်စုံတွင်
ထည့်သွင်းအသုံးပြုသော်လည်း လူ သားတို့အတွက် အန္တရာယ်ရှိသဖြင့်
ကမ္ဘာ့နိုင်ငံငါးဆယ်တို့တွင် ကျောက်ဂွမ်းသုံးခြင်းကို တားမြစ်ပိတ်ပင်ထား
ကြသည်။ ယင်းသို့ တားမြစ်ပိတ်ပင် သည့် နိုင်ငံများထဲတွင် သြစတြေး
လျနိုင်ငံသည်လည်း အပါအဝင်ဖြစ် လေရာ ယင်းChery ကား မော်ဒယ် နှစ်ခုတို့တွင်
ကျောက်ဂွမ်းများ ပါဝင် နေကြောင်းသေချာပါက ကားအစီး ရေ ၂၃ဝဝဝ
ကိုယင်းတို့လာရာဌာန သို့ ပြန်ပို့မည်ဖြစ်ကြောင်းသိရသည်။
ကျောက်ဂွမ်းမှထွက်သည့်အနံ့ကိုကြာရှည်စွာရှူရှိုက်ပါကအသက်ရှူလမ်းကြောင်းတွင်
ရောဂါ ဖြစ်နိုင်ကြောင်း ဆေးပညာရှင်များက ဆိုသည်။ မောင့်အဲလိဇဘက် ဆေး ရုံမှ
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပါရဂူ ဒေါက်တာချန်တောင်အင်က
''ကျောက်ဂွမ်းအမျှင်တွေဟာ အ ဆုတ်ထဲဝင်တာများရင် အန္တရာယ် ဖြစ်စေနိုင်တယ်။
အဆုတ်ထဲကို ကျောက်ဂွမ်း အမျှင်တွေရောက်နေ တာကို နှစ် ၂ဝ ကနေ ၃ဝ လောက်
ကြာမှသိရတတ်တယ်။ ဒါကြောင့် ရောဂါဖြစ်နေတာကို လူတွေမသိကြ တာများတယ်''ဟု
ပြောသည်။
ကျောက်ဂွမ်းအမျှင် စလေးများ သည် အသက်ရှူသည့်အခါ နည်း
နည်းချင်းပါသွားပြီးနောက် ယင်း အမျှင်များ ထောင်နှင့်ချီ၍ အဆုတ်
ထဲသို့ရောက်နေပါက ဖယ်ရှားပစ်ရန် ခက်ခဲသည်ဟု ၄င်းက ဆိုသည်။
စင်ကာပူနိုင်ငံတွင်မူ Chery ကားပေါင်း ၁၈ဝဝ ကျော်မျှ မောင်း
နှင်သွားလာနေကြသော်လည်း ယခု သံသယဖြစ်နေကြသည့် မော်ဒယ် များမှာမူ ၄၁၄
စီးသာရှိကြောင်း သိရသည်။ စင်ကာပူနိုင်ငံတွင်လည်း ကျောက်ဂွမ်းကို ၁၉၈၉
မှစတင်၍ တားမြစ်ခဲ့ပြီး၊ ကားများတွင် အသုံး မပြုရန် ကိုမူ ၁၉၉၅ ခုနှစ်တွင်
တား မြစ်ခဲ့ကြောင်း သိရသည်။
''ဝူဟူး အခြေစိုက် Chery ကားစက်ရုံကလည်း စင်ကာပူကို ပို့တဲ့ကားတွေမှာ
ကျောက်ဂွမ်းတွေ ပါမပါဆိုတာကို စစ်ဆေးနေပါ တယ်''ဟု ယင်းကားများကို တင်
သွင်းသော ဗားတက်စ်ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဆင်ခိုင်ဘီက
စထရိတ်တိုင်းမ်စ်သတင်းစာသို့ ပြော ကြားခဲ့သည်။
သတင်းထောက်များအား ဇာဂနာဆဲ
by Myanmar Express Group
From : Messenger
ABSDF
ဥက္ကဋ္ဌဟောင်းဒေါက်တာ နိုင်အောင်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမှုကို
ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ စောင့်ဆိုင်းသတင်းရယူနေသော ပြည်တွင်း
ပြည်ပ သတင်းထောက်များအား စွယ်စုံရ အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ
ဆဲဆိုသွားခဲ့ကြောင်း ယင်းသို့ သွားရောက်သတင်းယူရာတွင် ပါဝင်ခဲ့သော
ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောသည်။
ယနေ့မွန်းလွဲ
၂ နာရီဝန်းကျင်ခန့်က ABSDF ဥက္ကဋ္ဌ ဟောင်းဒေါက်တာနိုင်အောင်၊
ငြိမ်းချမ်းရေးအကျိုး ဆောင် ဦးညိုအုန်းမြင့် (NLD-LA ) နှင့် ဒေါက်တာ
သောင်းထွန်း (NCGUB) တို့သည် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာခဲ့ရာ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များ
သွားရောက် သတင်းရယူခဲ့ပြီး ဦးလှမောင်ရွှေ၊ ဇာဂနာ၊ ဦးကျော်ရင် လှိုင်အပါအဝင်
ပြည်တွင်းမှ နာမည်ကြီးပုဂ္ဂိုလ်တချို့ လည်း သွားရောက်ကြိုဆိုခဲ့ကြသည်။
ယင်းသို့
သတင်းရယူခြင်း သတင်းဓာတ်ပုံရိုက် ကူးရန် စောင့်ဆိုင်းနေသည့် ဂျာနယ်လစ် ၅ဝ
ဝန်းကျင် ခန့်ရှိပြီး ပြည်ပဆိုက်ရောက်ဌာန အထွက်လမ်းတွင် ဝိုင်း
ဝန်းပိတ်ဆို့နေကြသည့်အတွက် ဒေါက်တာနိုင်အောင်နှင့် အဖွဲ့အား
လမ်းရှင်းပေးနေသည့် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုခဲ့ခြင်းဖြစ်သည်။
''သူပြောတဲ့
အသံအနေအထားက သာမန်ပြောတဲ့ အနေအထားမျိုးမဟုတ်ဘဲ ဒေါသသံနဲ့ ပြောတာ၊ ခင်ဗျား
တို့ ဗမာလိုပြောနေတာ နားမလည်ဘူးလား၊...... ပဲ ကွာလို့ အကျယ်ကြီးနဲ့ ဆဲတာ'' ဟု ကိုယ်တွေ့ကြုံရ သည့် သတင်းထောက်တစ်ဦးက ပြောသည်။
''တကယ်တော့
သူတို့က နိုင်ငံရေးလုပ်ဖော်လုပ် ဖက် အသိမိတ်ဆွေပေါ့ဗျာ၊ ကာယကံရှင်ဘက်က
ဘာမှ မပြောဘဲနဲ့ သူ့ဘက်က အခုလို ရိုင်းစိုင်းတဲ့အသုံးအနှုန်း ပြောခဲ့တာကတော့
နိုင်ငံရေးလုပ်နေတဲ့ သူတစ်ယောက် အနုပညာရှင်တစ်ယောက်အနေနဲ့
မလုပ်သင့်လုပ်ထိုက် ဘူးလို့ ကျွန်တော်ထင်ပါတယ်။ မီဒီယာတွေက ပိတ်နေ တာကို
အခုလိုမျိုး အသုံးအနှုန်းမျိုးမဟုတ်ဘဲ အခြား အသုံးအနှုန်းတစ်ခုခုနဲ့
ပြောရင်လည်း ရမှာပါ။ အလွန် ဆုံးအနေနဲ့ လေသံခပ်တင်းတင်းနဲ့ပြောရင်တောင်
ကျွန် တော်တို့ဘက်က အဆင်ပြေအောင် လုပ်ပေးနိုင်မှာပါ။ ခုကျတော့ သူ့အနေနဲ့
လိုအပ်တဲ့ အတိုင်းအတာထက် ပိုသွားတယ်လို့ ကျွန်တော်မြင်တယ်။ မီဒီယာဘက်က
တော့ဗျာ သတင်းဖြစ်တဲ့လူလာတော့ သတင်းအချက်အ လက်တွေ၊ ပုံတွေရဖို့
ကြိုးစားကြတာပေါ့။ သူ့အနေနဲ့ နားလည်ပေးသင့်တယ်။ သူထောင်က လွတ်လာတုန်း ကလည်း
ခုလိုပဲ ဖြစ်ခဲ့တာ'' ဟု အဆိုပါ နေရာတွင် သတင်းရယူနေသည့် ပေါ်ပြူလာသတင်းဂျာနယ်မှ အယ်ဒီတာ ကိုဥာဏ်လင်းအောင် မှတ်ချက်ပြုပြောကြားသည်။
''တို့သတင်းထောက်တွေမှာ
အားနည်းချက်တွေ ရှိတယ်ဆိုတာ လက်ခံပါတယ်။ ကိုယ့်အလုပ်ကိုပဲ အာရုံ
စိုက်ပြီးလုပ်တဲ့အတွက် တခြားသူကို ထိခိုက်သလို ဖြစ် သွားတာတွေလည်း
ရှိနိုင်ပါတယ်။ ဒီအပေါ်မှာ အဆူခံ၊ အပြောခံရတာတွေရှိပေမယ့် အခုလို
အဆဲခံရတာတွေအ ထိတော့ မဖြစ်သင့်ဘူး။ အထူးသဖြင့် တစ်စုံတစ်ရာအ
တိုင်းအတာအဆင့်ရှိတဲ့ သူက အခုလို လုပ်တာတော့ မဖြစ်သင့်ဘူး၊ သူက လူကြီးပဲ၊
ဆုံးမရင်တောင် ရနိုင် ပါတယ်။'' ဟု NHK သတင်းဌာနမှ ကိုသီဟက ပြော သည်။
ဇာဂနာကို
ဘက်စုံ စွယ်စုံရ အနုပညာရှင်ဟု ခေါ်ဆိုလေ့ရှိကြပြီး ၎င်း တက်ကျွမ်းသော
စွယ်စုံအတတ်ပညာတွင် မိုက်ရိုင်းဆဲဆိုခြင်း၊ မယဉ်ကျေးခြင်း
များလည်းပါဝင်ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ခရီးစဉ်တုန်းကလည်း
အင်္ဂလန်မှ မြန်မာများနှင့် ဇာဂနာ ပြဿနာ တက်ခဲ့ပြီး နောက်တခေါက်
အင်္ဂလန်လာလျှင် ဝိုင်းထိုးကြရန် ကြေညာထားသည်။
ယနေ့ နေ့လည်း ၂
နာရီတွင် ကမ္ဘာပေါ်မှာ
နိုင်ငံနဲ့လူမျိုးအတွက်စွန့်လွတ်စွန့်စားတော်လှန်ရေးလုပ်ရင်း
သန်းကြွယ်သူဌေးဖြစ် သွားခဲ့တဲ့ အင်မတန်ထူးဆန်းတဲ့ လူသတ်ကောင်
ဒေါက်တာနိုင်အောင် နှင့် ဒေါက်တာသောင်းထွန်း ဆိုတဲ့ လူနှစ်ယောက်
မြန်မာနိုင်ငံ ကိုရောက်ရှိလာပါပြီဖြစ်သည်။။
Myanmar Express