NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့်အင်တာဗျူး
နွယ်နီစန်း The
Politics Journal 14.FEB. 2013
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ
နိုင်ငံရေးပါတီတွေအနေနဲ့လုပ်ကိုင်နိုင်စွမ်း ယှဉ်ပြိုင်နိုင်စွမ်းတွေ ဘယ်လိုရှိလာနိုင်ပါသလဲ။
ဖြေ။ ။ ၂၀၁၅ အတွက်ဆိုအခု
ပါတီတွေက (၅၀) ကျော်သွားပြီ။ (၅၄) ပါတီရှိသွားပြီ။ နောက်ထပ် လည်း တိုးဖို့ရာ ရှိနေပါသေးတယ်။
မသကာပြောမယ်ဆိုရင် ပါတီလေးငါးဆယ်ခုလောက်တော့တိုးရင်တိုးနေဦးမှာပါ။ ပါတီတွေအများကြီး
ဖြစ်လာမှာပါ။ ၂၀၁၅ ပွဲကတော့ ပြည်သူတွေမျက်စိလည်မယ့်ပွဲလို့ပြောရမှာပေါ့။ အင်အားကြီးပါတီကတော့
NLD နဲ့ ပြည်ခိုင်ဖြိုးပါတီပေါ့။ ကျန်တဲ့ပါတီတွေက သူတို့လောက်အရှိန်အ၀ါမကြီးပေမယ့်လို့
အချို့ပါတီတွေက စည်းရုံးရေးအင် အားကောင်းတယ်။ အချို့ပါတီတွေက နိုင်ငံရေးသိက္ခာရှိခဲ့ကြတယ်။
တချို့ပါတီတွေက နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ ပါတီမျိုးကျတော့ နိုင်ငံရေးဥပဓိရုပ်ကောင်းတာပေါ့။
အဲဒါတွေထည့်တွက်မယ်ဆိုရင် မှန်မှန်ကန်ကန်သွားမယ်ဆိုရင်တော့ ပြည်မမှာ ပြည်ခိုင်ဖြိုးပါတီနဲ့
NLD ကအဓိကပြိုင်ဖက်ဖြစ်မှာပေါ့။ ကျန်တဲ့ပါတီတွေလဲ သူတို့အင်သူတို့အားပေါ့လေ။ စည်းရုံးရေးကောင်းတဲ့နယ်မြေတွေမှာ
ရနိုင်တဲ့အနေအထားရှိပါတယ်။ ပြည်နယ်တွေမှာတော့ တိုင်းရင်းသားပါတီတွေက နံပါတ်(၁) ပေါ့လေ။
ရာခိုင်နှုန်း ၈၀၊၉၀ တော့ရမှာပေါ့။ ကျန်တဲ့ပါတီဘယ်ပါတီမဆို တိုင်းရင်းသားပါတီတွေကိုကျော်တက်
ပြီးတော့ land-slide နိုင်သွားဖို့တော့မဖြစ်နိုင်ပါဘူး။ ဥပမာဆိုပါစို့- ရှမ်းမှာဆိုရင်
ရှမ်း(၃) ပါတီရှိတယ်လေ။