မြန်မာပြည် အလယ်ပိုင်း ပုံမှန် အခြေအနေ ပြန်ဖြစ်လာ
ပုတီးကုန်းမြို့တွင်
ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး
ယူနေသည်ကို မတ်လ၂၈ ရက်နေ့က တွေ့မြင်ရစဉ် (ဓာတ်ပုံ – ကောင်းမြတ်မင်း /
ဧရာဝတီ)
ယမန်နေ့ညနေတွင် သမ္မတ ဦးသိန်းစိန်က ပြဿနာများအပေါ် အင်အားသုံး ဖြေရှင်းခြင်းကို မနှစ်သက်သော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ဥပဒေနှင့်အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် ပြောဆိုခဲ့ပြီးနောက် အခြေအနေများ တည်ငြိမ်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
မင်းလှမြို့နယ်မှ မြို့ခံ ဦးတင်ထွန်းက “မနေ့ကတော့ ထပ်ပြီး ဖြိုကြ ဖျက်ကြသေးတယ်။