စစ်တွေ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် ချာရီယာ ဥပဒေဖြင့် တရားစီရင်မူများ ရှိနေ
နိရဉ္စရာသတင်းဌာန. ၃ရက်နေ့ မတ်လ ၂၀၁၃ — စစ်တွေမြို့ မာန်စီ ကျေးရွာ အနီးရှိ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် ချာရီယာ ဥပဒေဖြင့် တရားစီရင်မူများ ဖြစ်ပေါ်နေကြောင်း သတင်း ရရှိသည်။
ယခုလက်ရှိ ရရှိသော သတင်းအရ မာန်စီကျေးရွာ အနီးရှိ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များက ချာရီယာ ဥပဒေဖြင့် တရားစီရင်မူများ ရှိနေရာ တချို့သူများမှာ သေဒဏ် အထိ အပြစ်ပေးခံနေကြရသည်ဟု ဆိုသည်။
များမကြာမှီက အဆိုပါ စခန်းမှ ဦးအာလီမော် ဆိုသူ မွတ်ဆလင် လူကြီး တစ်ဦးသည် ချာရီယာ ဥပဒေအရ သေဒဏ် အပြစ်ပေးခံခဲ့ရသည် ဆိုသော သတင်းများလည်း ကျယ်ပြန့်စွာ ထွက်ပေါ်နေသည်ဟု ဒေသ အာဏာပိုင် တစ်ဦးက ပြောသည်။