ရသ
-သက္က မိုးညို-
-၂၅။၁.၂၀၁၃
၁။ ဖေ့စ်ဘုတ်ဝယ် “အင်မတန်” ဟူသည့် ၀ိသေသန အသုံးပြုလိုသော စာနှစ်ပုဒ်ဖတ်လိုက်ရသည်။ တစ်ပုဒ်ကိုတော့ဖြင့်“အင်မတန် ကျက်သရေ မင်္ဂလာရှိသော” ဟူသည့် စကားလုံး ဖြည့်လိုပါသည်။ အခြားတစ်ပုဒ်ကိုကား အင်မတန်၏နောက်တွင် သင့်တော်ရာ ဖြည့်စွပ်ကြပါရန် တောင်းပန်လိုပါသည်။ ဘာဖြည့်ရမည်မှန်း မသိ၍ ဖြစ်ပါသည်။
၂။ အင်မတန်ကျက်သရေမင်္ဂလာရှိသော စာအကြောင်းကို ပထမပြောလိုပါသည်။ ဇာတ်လမ်းအစသည် မြန်မာ့အလင်း သတင်းစာတွင် သွေးတိုးနေသူများကို လက်ချောင်းဆယ်ချောင်း ထိပ်ကလေးများကို အပ်သန့်သန့်နှင့် ဖောက်၍ ကုသနိုင်သည်ဟု ရေးသားထားခြင်းကို ဖေါ်ပြရာမှစသည်။ ထိုသို့ အသက်နှင့် ဆိုင်သောကုသမှုတွင် စနစ်တကျ သုတေသနပြု သက်သေပြထားခြင်း မရှိသောနည်းများကို အသုံးပြုခြင်းသည် အန္တရယ်ရှိကြောင်း ဆရာ ချာလတန်တူးဘစ်မှ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်အား ထောက်ပြခဲ့သည်။ ကြေးမုံတွင် ထပ်မံပါလာပြန်သည်။ ထပ်မံထောက်ပြခဲ့သည်။