လက်ပံတောင်းတောင် ကြားဖြတ်အစီရင်ခံများအပေါ် ပြည်သူများ လက်ခံနိုင်မှသာလျှင် အပြီးသတ်အစီရင်ခံစာ ထွက်ရှိမည်
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံများအပေါ် ပြည်သူလူထု လက်ခံနိုင်သည့် အခြေအနေပေါ် မူတည်၍ အပြီးသတ်အစီအရင်ခံစာထွက်ရှိမည် ဖြစ်ကြောင်း ပုလဲမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မြန်မာ့ခေတ်သို့ပြောကြားသည်။
နိုဝင်ဘာလအတွင်း လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်း ခံရပြီးနောက် နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းပေးသော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး သည်ဇန်နဝါရီ ၃၁ ရက်မတိုင်မီ ကြားဖြတ်အစီအရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။