လွှတ်တော်တွင်းဆွေးနွေးမှု အကျိုးရှိစေရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
AFP၂၀၁၂ခုနှစ်ဇူလိုင်လ၂၅ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်
ဝင်ရောက် ဆွေးနွေးနေစဉ်။
RFA News, 17 October 2012 —- NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ထဲ မှာ ဆွေးနွေးကြတဲ့အခါ
ဒီမိုကရေစီ နည်းကျ ဆွေးနွေးမှုတွေနဲ့ လူထုအတွက် အကျိုးဖြစ်မယ့် အဆိုတွေကို
ထောက်ခံဆွေးနွေးကြဖို့၊ လူထုအတွက် အကျိုးမရှိတဲ့ ဆွေးနွေးချက်တွေကို
ကန့်ကွက်ကြ ဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းလိုက်ပါတယ်။