မွတ်စလင် ဒုက္ခသည် ၃၀၀၀ ခန့် စစ်တွေသို့ ရောက်လာ
စစ်တွေမြို့ သဲချောင်းရွာအနီးရှိ ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်း (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
ဧရာဝတီသတင်းဌာန. ၂၆ရက်နေ့ အောက်တိုဘာ ၂၀၁၂ —- ရခိုင်ပြည်နယ် ပဋိပက္ခ
ဒေသတခုဖြစ်သော ကျောက်တော်ဘက်မှ ယနေ့နံနက်က ထွက်ပြေးလာသည့် မွတ်စလင် လှေ ၅၀
ခန့် စစ်တွေ ကမ်းခြေသို့ ဆိုက်ကပ်ခဲ့ရာ ယင်းလှေများပေါ်တွင် လူ ၃၀၀၀ ခန့်
လိုက်ပါလာကြောင်း သိရသည်။