မြန်မာထိပ်တန်း ကုမ္ပဏီများပါဝင် လျှောက်ထားသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်သစ် ၅၀၀ ကျော် ဖွင့်ခွင့်ပြုနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန စိစစ်နေ |
|
|
Sunday, 12 August 2012 10:59 | |
မြန်မာထိပ်တန်း နာမည်ကျော် ကုမ္ပဏီများဖြစ်သော မက်စ်မြန်မာ၊ ထူး၊ ရွှေတောင်၊
လွယ်ဟိန်းကုမ္ပဏီများ အပါအ၀င် စီးပွားရေးလုပ်ငန်းများ မှ လျှောက်ထားသည့်
ပုဂ္ဂလိက စက်သုံးဆီဆိုင်သစ် ၅၂၉ ဆိုင်ကို ဖွင့်ခွင့် ပြုနိုင်ရန်
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ
စိစစ်နေကြောင်း သတင်းရရှိသည်။
“ရောင်းချခွင့် လိုင်စင်ထုတ်ပေးနိုင်ဖို့ စိစစ်နေပါတယ်။
ရောင်းချလိုတဲ့နေရာတွေကို ပညာရှင်အရာထမ်း တွေပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့တွေ
ကွင်းဆင်းစစ်ဆေးနေပါတယ်။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် ဖွင့်လှစ်
ခွင့်ပေးသွားမှာပါ”ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားပါသည်။
စက်သုံးဆီသိုလှောင်ဖြန့်ဖြူး ရောင်းချခွင့်ကို ယခင်က အစိုးရကသာ ထိန်းချုပ်ထားပြီး ၂၀၁၀ ပြည့် နှစ် ဇွန်လ ၁၀ ရက်နေ့မှ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ထို သို့ ပုဂ္ဂလိကသို့လွှဲပြောင်း ရောင်းချခဲ့သော စက်သုံးဆီဆိုင် ၂၆၁ ဆိုင် အနက် လက်ရှိအချိန်ထိ ၂၅၆ ဆိုင် ဖွင့်လှစ်ရောင်းချနေပြီး အရောင်းဆိုင် ၁၄၀ ကို အသစ်ဖွင့်လှစ်ရောင်း ချခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ယခုအချိန် တွင် မြန်မာတစ်နိုင်ငံလုံး၌ ဖွင့်လှစ်ရောင်းချနေသော စက်သုံးဆီဆိုင် ၃၉၆ ဆိုင်ရှိပြီး အသစ်ဖွင့်ခွင့်ပြုရန် စိစစ်နေသည့် အရောင်းဆိုင် ၅၂၉ ဆိုင်ကိုခွင့်ပြုလိုက်ပါက ပုဂ္ဂလိကစက်သုံးဆီ ဆိုင်ပေါင်း ၉၀၀ ကျော် ရှိလာမည်ဖြစ်ပါသည်။ ယခုစက်သုံးဆီဆိုင်သစ် ၅၀၀ ကျော်အနက် အများစုမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဖွင့်လှစ်မည်ဟု သိရသည်။ |
ခွင့်ပြုလိုက်ပါ။
အပင်ပန်းခံပီး လိုက်စစ် မနေပါနဲ့။
ခွင့်ပြုမိန့် တင်တုံးတော့ ဘောင်ဝင်အောင်လုပ်ပြမှာပေါ့။
လိုက်စစ်နေရင် စစ်တဲ့လူ အရူးဖြစ်မှာဘဲ။
ဒါမျိုးက ဟိုး ဖဆပလ ခေတ် ကတဲက ဖြစ်လာတာ...
တိုင်းပြည်ပြာပုံတိုးနေတာကိုဘဲကြည့်ကြတော့...
စောဖေက နောကျေ နေဘီ။