ကမ်းရိုးတန်းသွား အမြန်ရေယာဉ် များအား ကြပ်မတ် ပေးစေချင် (ပေးစာ )
ထားဝယ်-
မြိတ်- ကော့သောင်း ကမ်းရိုးတန်းသွား အမြန်ရေယာဉ် များသည် ရေကြောင်း
ဦးစီးဌါနမှ သတ်မှတ် ခွင့်ပြု ထားသည့် ခရီးသည် အရေအတွက်ထက် များစွာ ပိုမို
တင်ဆောင်ခြင်းကြောင့် ခရီးသည်များ ထိုင်ခုံနေရာ မရဘဲ အမြန်ယာဉ် အမိုးပေါ်
တက်စီးရခြင်း၊ လှေခါးများ၊ အိမ်သာ တံခါးဝ များတွင် ဖြစ်သလို
ထိုင်စီးရခြင်းများ အပြင် ခရီးသည်များအား အမြန် ရေယာဉ် ပိုင်ရှင်များ၊
အမြန်ရေယာဉ် အလုပ်သမားများမှ ရိုင်းစိုင်းစွာ ပြုမူ ပြောဆို ဆက်ဆံခြင်း
များ ပြုလုပ်လျက် ရှိရာ ခရီးသည်များ အနေဖြင့် တန်ရာ တန်ဖိုး အခကြေးငွေ
ပေးပြီး စီးနင်းသော်လည်း များစွာ အောက်ကျ နောက်ကျ ဖြစ်ရပါသည်။