လူနှင့်မဟုတ်၊ မူဖြင့် အုပ်ချုပ်နေသည်

လွှတ်တော်က ချမှတ် သဘောတူလိုက်သည့် ဥပဒေကြမ်းများကို သမ္မတက (၁၅)ရက်အတွင်း အတည်ပြု ပေး ရကြောင်း၊ မှတ်ချက်နှင့် ပြန်ပို့လျှင် လွှတ်တော်က ပြန်လည်ဆွေးနွေးပြီး မူလအတိုင်း အတည်ပြုပါက လက်မှတ် မထိုးလျှင် (၁၅) ရက်အတွင်းအတည်ဖြစ်ကြောင်း၊ လွှတ်တော်က တင်သွင်းသည့် ဥပဒေကြမ်း သည် ပြည်သူက ရွေး ချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ သာမ က ကော်မတီများ၊ပညာရှင်များကပါပါဝင်ဆောင်ရွက်ခြင်းဖြစ်၍ပြည်သူက ပြဌာန်းခြင်းဖြစ်ကြောင်း၊ ပြဋ္ဌာန်းပြီးလျှင်အားလုံးကလိုက်နာရမည်ဖြစ်ကြောင်း၊ ပြည် သူ့ ဆန္ဒ၊ ပြည်သူ့ အသံ၊ ပြည်သူ့သဘောထားဖြင့် အုပ်ချုပ်သည့် ခေတ် တစ်ခေတ် ဖြစ်ကြောင်းလည်း သူရ ဦးရွှေမန်းက ပြောသွားခဲ့ကြောင်း ပြည်သူ့လွှတ်တော် အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။
တကယ်ဘဲ လူနဲ့ အုပ်ချုပ်နေတာလား၊ မူနဲ့ အုပ်ချုပ်နေတာလားဆိုတာ စာဖတ်သူများ ဘယ်လို သုံးသပ်မိပါသလဲ။ မြန်မာနိုင်ငံဟာ အချိန်တိုတိုအတွင်း လူနဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့ရာက မူနဲ့ အုပ်ချုပ်တဲ့ ယဉ်ကျေးတဲ့ နိုင်ငံရေး စနစ်ကို ပြောင်းလဲ ကျင့်သုံးတဲ့ ခေတ်ပြောင်းနေပြီလားဆိုတာ စာဖတ်သူများ သိကြမယ် ထင်ပါတယ်။
အိမ့်သံစဉ် ~
No comments:
Post a Comment