အငြင်းပွားဒေသ ရေနံမရှာဖို့ တရုတ်သတိပေး
တရုတ် ဗီယက်နမ် နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ရေပိုင်နက်တွင် တရုတ်ငါးဖမ်းသင်္ဘောများကို တွေ့ရစဉ်။
VOA News, 6 December 2012 — တောင်တရုတ်ပင်လယ်ပြင်မှာ တဘက်သတ်ဆန်ဆန်
ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေမှုကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက ဗီယက်နမ်ကို
သတိပေး လိုက်ပါတယ်။ ဒီဒေသအတွင်း တရုတ်-ဗီယက်နမ် နှစ်နိုင်ငံကြား ကာလရှည်ကြာ
ရေပိုင်နက် အငြင်း ပွားနေခဲ့ပြီး ပိုပြီးတင်းမာလာနေတာ ဖြစ်ပါတယ်။