Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Monday, April 22, 2013

Boston အပြင် အခြားတိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်ရှိခဲ့ပုံရ


Boston အပြင် အခြားတိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်ရှိခဲ့ပုံရ

ဘော်စတွန်ဗုံးဖောက်ခွဲမှု သံသယရှိသူ Tsarnaev ညီအစ်ကို။ဘော်စတွန်ဗုံးဖောက်ခွဲမှု သံသယရှိသူ Tsarnaev ညီအစ်ကို။

ဗွီအိုအေ (မြန်မာဌာန)
ဘော်စတွန် မာရသွန်ဗုံးခွဲမှုလုပ်တယ်လို့ သံသယရှိသူ ညီအစ်ကို ၂ ယောက်ဟာ နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဖို့လည်း စီစဉ်ခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြောင်း ထိပ်တန်းရဲအရာရှိတယောက်က ပြောလိုက်ပါတယ်။ Tsarnaev ညီအစ်ကိုနဲ့ ရဲတွေကြား သောကြာနေ့က အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက်မှာ ဖွက်ထားတဲ့ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို အာဏာပိုင်တွေ ရှာတွေ့ခဲ့တယ်လို့ ဘော်စတွန်မြို့ ရဲမှူးကြီး Ed Davis က CBS ရုပ်သံရဲ့ တနင်္ဂနွေနေ့ Face the Nation အစီအစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊အခင်းဖြစ်တဲ့နေရာမှာ မပေါက်ကွဲသေးတဲ့ဗုံးတွေနဲ့ ပြန့်ကြဲနေခဲ့ပြီး Tsarnaev ညီအစ်ကို ခိုးသွားတယ်ဆိုတဲ့ကားထဲမှာ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်း တခုကို ရဲကရှာတွေ့တယ်လို့ ရဲမှူးကြီးကပြောပါတယ်။ အပြန်အလှန်ပစ်ခတ်ခဲ့မှုအတွင်း အသက် ၂၆ နှစ်အရွယ် Tamerlan သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းကတော့ သူ့ညီ Dzhokhar ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ သူ့ကို ဖမ်းမိခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ် Dzhokhar ဟာ ပြင်းထန်တဲ့ဒဏ်ရာနဲ့ ဆေးကုသခံနေရဆဲဖြစ်ပါတယ်။ ဒဏ်ရာနဲ့ ဆေးအရှိန်တွေကြောင့် လောလောဆယ် စကားပြောနိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ သူ့ကုတ်ပိုးနဲ့ လည်ပင်းတဝိုက်မှာ သေနတ်ဒဏ်ရာတခု ရထားတယ်လို့ ဘော်စတွန်မြို့တော်ဝန် Thomas Menino က ABC ရုပ်သံကိုပြောခဲ့ပါတယ်။

ဒီဒဏ်ရာဟာ သူ့ဖာသာသူလုပ်လို့ရတဲ့ ဒဏ်ရာဖြစ်ကောင်းဖြစ်မယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ Dzhokhar Tsarnaev ရဲ့ အခြေအနေတိုးတက်လာရင် မေးမြန်းစစ်ဆေးဖို့ FBI အကြမ်းဖက်မှုတန်ပြန်ရေး အထူးကျွမ်းကျင်သူတယောက်က အသင့်ရှိနေပါတယ်။

အမေရိကန်လူ့အခွင့်အရေးချိုးဖောက်ဟု တရုတ်ဝေဖန်




အမေရိကန်လူ့အခွင့်အရေးချိုးဖောက်ဟု တရုတ်ဝေဖန်

ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်ပြည်ထောင်စုဟာ ကိုယ့်နိုင်ငံသားတွေကို ကိုယ်ပြန်ထောက်လှမ်းနေ သလို အမျိုးသမီးတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ လုပ်နေရုံသာမက သေနတ်ကိုင်ဆောင်ခွင့်ကို မထိန်းချုပ်နိုင်ဘဲ ရာဇ၀တ်ပြစ်မှုတွေ ကျုးလွန်ခွင့်ပြုထားတယ်လို့ တရုတ်အစိုးရက စွပ်စွဲလိုက်ပါတယ်။
အမေရိကန်အစိုးရက တရုတ်အစိုးရရဲ့ လူ့အခွင်အ့ရေး ချိုးဖောက်မှုတွေအတွက် ဝေဖန်တာကို တရုတ်အစိုးရက တနင်္ဂနွေနေ့မှာ အခုလို တုံ့ပြန်လိုက်တာပါ။
အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ နိုင်ငံရေးဆိုင်ရာ အလှူငွေလက်ခံပြီး နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ပျက်စီးစေတဲ့အပြင် ဘာသာရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေလည်း တိုးလာတာ တွေ့ရတယ်လို့ တရုတ်အစိုးရနိုင်ငံတော်ကောင်စီ ၀န်ကြီးများအဖွဲ့ရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာကို Xinghua သတင်းက ဖော်ပြထားပါတယ်။

ဆည်းဆာရိပ်တွင် စွန့်ပစ်ခံ ဘိုးဘွားများကိုပါ စောင့်ရှောက်နေရ


ဆည်းဆာရိပ်တွင် စွန့်ပစ်ခံ ဘိုးဘွားများကိုပါ စောင့်ရှောက်နေရ

ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်က ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာမှာ အခုနောက်ပိုင်း လာရောက်အပ်နှံတဲ့ သက်ကြီးရွယ်အိုတွေတင်မကဘဲ လမ်းဘေးမှာ စွန့်ပစ်ခံရတဲ့ ဘိုးဘွားတွေကိုပါ စောင့်ရှောက်ပေးလာရတယ်လို့ ဂေဟာတာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောအဆောင်မှာ စွန့်ပစ်ခံထားရပြီး တင်ပါးနဲ့ ကျောကုန်းမှာ အိပ်ရာနာတွေ ဆိုးဆိုးရွားရွားပေါက်နေတဲ့ အဘိုးတဦးအပါအ၀င် စွန့်ပစ်ခံဘိုးဘွား ၃ ဦးကို ကယ်တင်စောင့်ရှောက်ခဲ့တယ်လို့  ဆည်းဆာရိပ်က တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပတ်ဝန်းကျင်က အဲအိမ်မှာ အဘိုးတယောက် အိမ်ထဲမှာ တယောက်တည်း ဒုက္ခရောက်နေတယ်၊ ကြည့်မယ်သူလည်း မရှိဘူးဆိုပြီး အကြောင်းကြားတယ်။ သွားကြည့်ကြတော့ တောင်ဥက္ကလာ တက်လမ်းဆေးခန်း လမ်းဘေးက အိမ်ထဲမှာ အဖိုးက ဆီး၊ ၀မ်းတွေနဲ့ လဲနေတယ်။ သားထောက်သမီးခံမရှိဘူး။ တူတယောက်တော့ အဝေးမှာရှိတယ်ပြောတယ်။ ဒါနဲ့ အန်တီတို့ကခေါ်လာလိုက်တယ်။ အဘိုးက အဖျားတွေတက်တယ်၊ လမ်းမှာလည်း ၀မ်းတွေသွားတယ်။ နောက်တယောက်ကကျတော့ ကြည့်မြင်တိုင်မြို့နယ်ဆေးရုံ အမှိုက်ပုံနားမှာ အဘွားအို တယောက်ကို လာပစ်ထားကြတယ်။ မြေကြွက်တွေကိုက်ထားတယ်။ အဲနားက ကုလသမဂ္ဂက ကလေးတွေက ဆေးရုံဝိုင်းတင်ပေးကြတယ်။ ဆေးရုံကနေတဆင့် အန်တီတို့ဆီ ရောက်လာတယ်။ မြေကြွက်ကိုက်တဲ့ ဒဏ်ရာတွေတော့ မပျောက်သေးဘူး။”
ကျန်းမာရေးချို့တဲ့ပြီး၊ စောင့်ရှောက်မယ့်သူမရှိတဲ့ အသက် ၇၀ ကျော် ဘိုးဘွားတွေကို ရိပ်သာအမှုဆောင်အဖွဲ့က ညှိနှိုင်းလက်ခံပေးနေပြီး  အလှူရှင်တွေရဲ့အလှူငွေနဲ့ ရပ်တည်နေတဲ့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ ငွေအားနဲ့ လုပ်အားအလှူတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။
ဆည်းဆာရိပ်ကို ရောက်ရှိခိုလှုံနေတဲ့ အသက် ၈၁ နှစ်အရွယ် အဘွားဒေါ်ခင်သိန်းညွန့်က  ဒီရိပ်သာ ရောက်ရှိလာပုံကို “အဘွား တူ၊ တူမတွေက အိမ်ကိစ္စတွေနဲ့ အဆင်မပြေကြတော့ အဘွားနေထိုင်ရတာ၊ ခြေထောက်အောက်ပိုင်းတွေလည်း သိပ်မကောင်းတော့ နေမကောင်းချင်သလိုဖြစ်တော့ ငါတနေရာသွားနေတော့မယ်ဆိုပြီး အကူအညီတောင်းတော့ ဆရာမတယောက်နဲ့ သူတို့ ဆက်သွယ်ပေးတယ်။ ဆရာမကလာပြီး စစ်ဆေးပေးတယ်။ အဘွားလည်း အကုန်လုံးစွန့်ပြီး ဆရာမတွေနောက်ပဲလိုက်ခဲ့လိုက်တယ်။ ဒီမှာ အဘွားတို့ နောက်ဆုံးနေရာပဲလေ” လို့ ပြောပါတယ်။ကိုယ်ပိုင်ငွေနဲ့ တွံတေးမှာ မိဘဂုဏ်ဘိုးဘွားရိပ်သာ တည်ထောင်ထားတဲ့ ဦးထွန်းကြိုင်က ခိုကိုးရာမဲ့ ဘိုးဘွားတွေဆို သူ့ရိပ်သာကို လာပို့လို့ရတယ်လို့ ပြောပါတယ်။ ဘိုးဘွား ၂၉ ဦးအတွက် တနေ့ကို ကျပ် ၂ သောင်းခွဲဝန်းကျင် ကုန်ကျစရိတ်ရှိပေမယ့် ၁  နှစ်ကို ၁၅ ရက်စာလောက်ပဲ အလှူရှင်ရတယ်လို့ ပြောပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။