ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Sunday, September 2, 2012
ကုလားဟာ ဘင်္ဂလီ -အမေရိကပြည်ထောင်စုမှာ ပြောပြီ
ကုလားဟာ ဘင်္ဂလီ- မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးဆိုတာ မရှိ-တိုင်းရင်းသားလဲ မဟုတ်-အမေရိကပြည်ထောင်စု
နိုင်ငံတကာသို့  အစိုးရမှ ကိုယ်စားလှယ်များအဖြစ် စေလွှတ်သောအခါ ယခုကဲ့သို့  သမ္မတ
နောင်နှစ်မှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေ ထွက်လာမယ်
နောင်နှစ်မှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေ ထွက်လာမယ်
by အိမ့်သံစဉ်
ယနေ့
စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်နှင့်
မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း ဥက္ကဌ ဦးစိုးသိန်း ( မောင်ဝံသ) တို့
တွေ့ဆုံစဉ်၊ ဓာတ်ပုံ- ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာ
ပြန်ကြားရေး
ဝန်ကြီးသစ် ဦးအောင်ကြည်ကတော့ လာမယ့် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံမှာ
ပုဂ္ဂလိကပိုင် နေ့စဉ် ထုတ် သတင်းစာ တွေ ပေါ်ထွက်လာဖို့ ရှိတယ်လို့ ဒီကနေ့
ပြောလိုက်ပါတယ်။“ ကျနော်ရဲ့ ရိုးရိုးသားသား ယုံကြည်မှုကတော့ ဒီမိုကကရေစီ တနိုင်ငံမှာ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာ ဆိုတာ မရှိမဖြစ် လိုအပ်တယ်” လို့ ၀န်ကြီး ဦးအောင်ကြည်က မြန်မာတိုင်းမ် ကို ပြောလိုက်တာပါ။
မီဒီယာဥပဒေနဲ့ သတင်းစာကျင့်ဝတ်တွေ နိုင်ငံတကာစံတွေ အမီ အရင်ရေးဆွဲရဦးမယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် က မြန်မာတိုင်းမ်ကို ပြောပေမယ့် ထုတ်ဝေခွင့် ဘယ်နေ့ ပေးမယ်ဆိုတာ တိတိကျကျတော့ မပြောခဲ့ပါဘူး။
ဦးအောင်ကြည်ဟာ မကြာသေးမီက ပဲ ပြန်ကြားရေး ၀န်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ ကနဦး ပြန်ကြားရေး ၀န်ကြီးရဲ့ ပြောဆိုမှု ဟာ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အပြောင်းအလဲ လက္ခဏာလည်းဖြစ်ပါတယ်။
ဒီကနေ့မှာပဲ သတင်းစာဆရာအသင်းဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ သတင်းစာဆရာ ဦးစိုးသိန်း ( မောင်ဝံသ) နဲ့လည်း တွေ့ဆုံဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပျောက်ကွယ်သွားခဲ့ပြီး စာပေစိစစ်ရေး ဆိုတဲ့ ထိမ်းချုပ်မှုမှာ မြန်မာ့ သတင်းလောကဟာ နှစ်ပေါင်း ၄၈ နှစ်ကျော် အမှောင်ကျခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ နှစ်ပေါင်းများစွာ နိုင်ငံပိုင် သတင်းစာ ၃ စောင်၊ ၄ စောင်နဲ့ ဖြတ်သန်းလာခဲ့တာဖြစ်ပါတယ်။
မကြာတော့တဲ့ ကာလမှာ ဒီမိုကရေစီနိုင်ငံသွားနေတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအင်္ဂါရပ်တွေထဲမှာ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာတွေ ပေါ်ထွက်လာတော့မှာမို့ မြန်မာ့သတင်းလောက အာရုဏ်ဦးကို ပြန်ရောက်မယ်လို့ ပြောဆိုဝေဖန်ထောက်ပြနေကြပါတယ်။
ပုဂ္ဂလိက သတင်းစာတွေ ထွက်ပေါ်လာရင် မှန်ကန်တဲ့ သတင်းစီးဆင်းပြိုင်ဆိုင်မှုတွေကြောင့် နိုင်ငံပိုင် သတင်းစာတွေရဲ့ အဆင့်အတန်းလည်း တစုံတရာ တိုးတက်လာမယ်လို့ ခန့်မှန်း ပြောဆိုသူတွေလည်း ရှိပါတယ်။
မြန်မာ့မီဒီယာ အဆင့်အတန်းဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ မျက်နှာစာများမှာ ဂုဏ်ယူဝံ့ကြွားနိုင်ဘို့တော့ သတင်းသမား များရဲ့ ကျင့်ဝတ်များနဲ့ ကျွမ်းကျင်နှံ့စပ်မှုအပေါ် မူတည်မှာဖြစ်ပါတယ်။
ဇာဂနာ ဘာကြောင့် ဆဲဆိုခဲ့သနည်း
ဇာဂနာ ဘာကြောင့် ဆဲဆိုခဲ့သနည်း
by အိမ့်သံစဉ်
`
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) တွင် သတင်းစာရှင်းလင်းပွဲ လုပ်နေသော ကိုဇာဂနာ (ဓာတ်ပုံ - ဧရာဝတီ)
တနေ့က ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ပြည်ပရောက် မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါက်တာထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) တွင် သတင်းစာရှင်းလင်းပွဲ လုပ်နေသော ကိုဇာဂနာ (ဓာတ်ပုံ - ဧရာဝတီ)
နိုင်အောင်၊ ဒေါက်တာ သောင်းထွန်း၊ ဦးညိုအုန်းမြင့် တို့ ၃ ဦးကို ရန်ကုန် လေဆိပ်ကို သွားရောက်ကြိုဆိုရင်း လူရွှင်တော် ဦးဇာဂနာက သတင်းထောက်များကို ဆဲလိုက်တယ်ဆိုတဲ့ဖြစ်ရပ်ဟာ အတော်ပွဲဆူသွားပါတယ်။
ကမ္ဘာကပါ သိတဲ့ မြန်မာလူရွှင်တော် တယောက်အနေနဲ့ ဒီလို သတင်းထောက်တွေကို ဆဲဆိုတာမျိုး မဖြစ်သင့် ဘူးလို့ ဝေဖန်မှုတွေက ကျယ်လောင်ပါတယ်။ ဆဲဆိုသံပါတဲ့ ရုပ်သံ ပြကွက်ကလည်း အင်တာနက်မှာ ပျံ့နှံနေ တာပါ။ ဒါပေမယ့် အခု ဒီကိစ္စကို ဒေါက်တာလွမ်းဆွေနဲ့ ချက်တင်မှာ ပြောလိုက်တာကတော့ သူဆဲတာ တွန်းချတဲ့သူကို ပါတဲ့ ။ ကံကောင်းလို့ တွန်းချသူကြောင့် နဖူးမကွဲတာပါတဲ့။ ကြားထဲက ကျန်တဲ့သူတွေက ဖွလိုက်တာလို့ ဆိုပါ တယ်။ ဖြစ်စဉ် အမှန်ကို ကာယကံရှင်တွေက အသိဆုံးဖြစ်မှာပါ။
သတင်းသမားများကို ဇာဂနာ တောင်းပန်စာပေး
သတင်းသမားများကို ဇာဂနာ တောင်းပန်စာပေး
by အိမ့်သံစဉ်
လူရွှင်တော် ဦးဇာဂနာမှ မြန်မာဂျာနယ်လစ် ကွန်ယက်သို့ တောင်းပန်စာပေးပို့ခဲ့ပါကြောင်း သတင်းရရှိပါတယ်။
သတင်းထုတ်ပြန်ရေးကော်မတီ ၊ မြန်မာဂျာနယ်လစ်ကွန်ရက် ။
ပြည်သူနှင့် မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း
၂၀၁၂ သြဂုတ်လ (၃၁) ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပသို့
ထွက်ခွာ သွားသော ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူများအနက် တိုင်းပြည်သို့ ပြန်လာခွင့် ရသော ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဦးညိုအုံးမြင့်တို့ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်၌ သွားရောက် ကြိုဆိုခဲ့ပါသည်။
လေဆိပ်တွင် သတင်းရယူရန် စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင်ပြေပြေ သတင်းရ ယူနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း အဆင်မပြေဘဲအခြားခရီးသည်များကိုပါ အနှောက်အယှက် ဖြစ်စေခဲ့ပါသည်။
ထိုအပြင် သတင်းထောက်တစ်ဦးမှ ကျွန်တော့်အား တွန်းလိုက်သည့်အတွက် လဲကျသွားရာမှ အမှတ်မဲ့ ဆဲမိ ခဲ့ပါသည်။
ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူ နေသော သတင်းထောက်များအား လည်းကောင်း၊ စိတ်အနှောင့်အယှက် ဖြစ်သည်ဟု ကြားရသည့်အတွက် များစွာ ၀မ်းနည်း စိတ်မကောင်းဖြစ် ရပါသည်။
ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ်မှု နှင့်တိုးတတ်ရေး အတွက်သာ အမြဲလုပ်ဆောင်လိုသော ဆန္ဒရှိပြီး နိုင်ငံ၏ အရေးပါသော စတုတ္ထမဏ္ဍိုင်ကို အရှင်းစော်ကားလိုသော စိတ်မရှိသောကြောင့် ယခုဖြစ်ရပ် တွင် ပါဝင် ပတ်သတ်သူများနှင့် မီဒီယာများအား တောင်းပန်းအပ်ပါသည်။
ဇာဂနာ
ရခိုင် လယ်ယာမြေ စစ်ဆေးရေး ကော်မရှင် တာဝန်ခံ နေရာမှ တိုင်းမှူးဟောင် ဦးမောင်ဦး ဖယ်ရှားခံရ
ရခိုင် လယ်ယာမြေ စစ်ဆေးရေး ကော်မရှင် တာဝန်ခံ နေရာမှ တိုင်းမှူးဟောင် ဦးမောင်ဦး ဖယ်ရှားခံရ
by mmnewshub
ရခိုင်လယ်သမားများ ဘိုးစဉ် ဘောင်ဆက်ပိုင် လယ်ယာမြေများကို သိမ်းယူပြီး တပ်က စိုက်ခင်း လုပ်ထားသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ နိရဉ္စရာ)
နိရဉ္စရာသတင်းဌာန. ၁ရက်နေ့ သြဂုတ် ၂၀၁၂ —– ရခိုင်ပြည်နယ်
အသိမ်းခံထားရသော လယ်ယာမြေနှင့် တစ်ခြားမြေများ သိမ်းဆည်းခံရမူ စုံစမ်းရေး
ကော်မရှင်တွင် ယခင် အနောက်ပိုင်းတိုင်း တိုင်းမှူးလည်းဖြစ်၊ ပြည်ထဲရေး
ဝန်ကြီးဟောင်းလည်း ဖြစ်သူ ဦးမောင်ဦးအား တာဝန်ခံ အဖြစ် ခန့်အပ်ထားရာ
ယင်းသို့ ခန့်အပ်ရာမှာ မသင့်တော်ဟု ရခိုင် လွှတ်တော်ကိုယ်စားလှယ်များက
ကန့်ကွက်သဖြင့် ယခုအခါ တစ်ခြား တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးဖြင့်
၎င်းနေရာကို အစားထိုး တာဝန် ပေးအပ်လိုက်သည်ဟု သတင်း ရရှိသည်။“ အစကတော့ လွှတ်တော်ကနေ တာဝန်ခံ အဖြစ် ရခိုင်တိုင်းမှူးဟောင်း ဦးမောင်ဦးကို တာဝန် ပေးပါတယ်။ ဦးမောင်ဦးဟာ သူတိုင်းမှူးဘ၀နဲ့ ရခိုင်မှာ တာဝန်ကျစဉ်က လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး မရှင်းမလင်း တာလေးတွေ ရှိတော့ ဗိုလ်ချုပ် ဦးမောင်ဦးကတော့ မသင့်တော်ဘူးလို့ ကျွန်တော်တို့ ညှိနိုင်းတဲ့ အခါ သူနေရာမှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလွှင်ကို အစားထိုးပေးပါတယ်” ဟု အဖွဲ့ဝင် အဖြစ် ပါဝင်သူ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။
ရခိုင်ပြည်နယ် အပါအ၀င် တိုင်းနှင့် ပြည်နယ် ၁၄ ခု အတွက် ပြည်သူ့လွတ်တော်မှ လယ်ယာမြေနှင့် တစ်ခြားမြေများ သိမ်းဆည်းခံရမူ စုံစမ်းရေးကော်မီတီကို ဖွဲ့စည်း ပေးလိုက်ပြီ ဖြစ်ရာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွက် တစ်ပေါင်းတည်း ဖွဲ့စည်းပေးလိုက်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွက် ကော်မရှင် အတွက် အဖွဲ့တာဝန်ခံ ဗိုလ်မှူးချုပ် ဝေလွှင်၊ အဖွဲ့ဝင်များ အဖြစ် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်၊ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်နှင့် ချင်းအမျိုးသား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့ ဖြစ်ကြသည်။
“ အခုတော့ အစည်းအဝေး တစ်ကြိမ် ထိုင်ပြီးပါပြီ။ လွှတ်တော် အစည်းအဝေး က စက်တင်္ဘာ ပထမ ပတ်လောက်မှာ ပြီးနိုင်တဲ့ အတွက် ဒုတိယ ပတ်လောက်မှာ စုံစမ်းမူကို စတင်နိုင်ပါတယ်။ ပထမတော့ တိုင်ပင်ညှိနိုင်းရအုံးမယ် ဖြစ်ပါတယ်။ တိုင်ကြားထားတဲ့ စာတွေကို စစ်ဆေးရပါမယ်။ ပြီးရင် ရခိုင်ပြည်နယ် အစိုးရနဲ့ ညှိနိုင်းဆွေးနွေးပြီးမှ လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်” ဟု ဦးဘရှင်က ဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် လယ်ယာမြေနှင့် ဥယာဉ်ခြံမြေများကို အများဆုံး သိမ်းပိုက် ထားသည့် အဖွဲ့အစည်းမှာ မြန်မာ စစ်တပ်ပြီး တချို့ ရခိုင်တွင် တာဝန် ထမ်းဆောင်ခဲ့သော တိုင်းမှူးများ အပါအ၀င် တပ်မှူးများသည် တပ်မတော်၏ နာမည်ကို ကိုယ်ကျိုး အတွက် အလွဲသုံးစား လုပ်ပြီး လယ်ယာမြေများ၊ ဥယာဉ် ခြံမြေများကိုလည်း သိမ်းဆည်းသွားခဲ့သည်ဟု သိရသည်။
ထိုအထဲတွင် ရခိုင် တိုင်းမှူးဟောင်း တစ်ဦးဖြစ်သူ ပြည်ထဲရေး ၀န်ကြီးဟောင်း ဦးမောင်ဦးလည်း ပါဝင်သည်ဟု ကျောက်ဖြူမြို့မှ ဦးသန္တာမောင်မောင်က ပြောသည်။
“ တိုင်းမှူးဟောင်း ဦးမောင်ဦးက ကျွန်တော်တို့ ကျောက်ဖြူမြို့နယ် ဂုံးချိန် ကျေးရွာမှာ ရွာသားတွေ ပိုင်တဲ့ လယ်မြေတွေကို သိမ်းယူပြီး ဇနီးနာမည်နဲ့ ဂရမ်ဖေါက်ပြီး ဒေ၀ူးကိုးရီယား ကုမ္ပဏီကို သိန်းပေါင်း ၄၅၀ နဲ့ ရောင်းစားသွားခဲ့ပါတယ်။ ကျွန်တော်တို့ ကျောက်ဖြူ တစ်မြို့နယ် တည်း မှာတောင် သုံးလေး နေရာကို သိမ်းယူပြီး လုပ်စားသွားတာရှိပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို မြေယာ သိမ်းယူမူ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ခေါင်းဆောင် နေရာကနေ ဖယ်ထုတ်လိုက်တာဟာ အထူးသင့်တော် ကောင်းမွန်ပါတယ်” ဟု ဦးသန္တာ မောင်မောင် က ပြောသည်။
၎င်းပြင် ကျောက်ဖြူမြို့နယ် မင်းပြင်နှင့် တစ်ခြားနေရာများတွင်လည်း လက်ရှိ အချိန်ထိ စစ်တပ်မှ အရာရှိဟောင်းများ သိမ်းယူထားသော လယ်မြေများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
“ အခုအချိန်ထိ ဗိုလ်ချုပ် ဦးမောင်ဦးတို့၊ တိုင်းမှူးဟောင်း ၀င်းမြင့်တို့၊ ဒုတိုင်းမှူး သီဟသူရ မောင်နီ၊ ဗိုလ်မှူး စန်းမောင်မောင်တို့ ကျွန်တော်တို့ ကျောက်ဖြူမြို့နယ် မင်းပြင်နဲ့ တစ်ခြားနေရာတို့မှာ သိမ်းထားတဲ့ မြေတွေ အများကြီးရှိပါတယ်။ အဲဒီမြေတွေက သူတို့နာမည်နဲ့ ရှိတာတော့ မဟုတ်ဘူး။ သူတို့ရဲ့ ဇနီးတွေရဲ့ နာမည်နဲ့ မဟုတ်ရင် ဆွေမျိုးတွေရဲ့ နာမည်တွေနဲ့ ဂရမ်ဖေါက်ပြီး ရှိနေပါတယ်” ဟု မင်းပြား ရွာသား တစ်ဦးကလည်း ပြောသည်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်လည်း အသိမ်းခံရသော လယ်မြေဧက သောင်းချီ ရှိနေပြီး လတ်တလောပြဿနာ ဖြစ်ပွားနေသောနေရာမှာ ဗလိပေါက် ကျေးရွာတွင် ဖြစ်ကြောင်း သိရသည်။
မင်းပြားမြို့နယ် ဗလိပေါက်ကျေးရွာတွင် ရွာသားများ ဓါးမဦးချ လုပ်ကိုင်လာသော လယ်ဧက ၄၄၁ ဧကကို ကျောက်တော် အခြေစိုက် စကခ (၉) တပ်မမှ ၂၀၀၄ ခုနှစ်ကတည်းက သိမ်းယူသွားခဲ့ပြီး ယခုနှစ်တွင် လယ်သမားများက ၎င်းလယ်ယာမြေများကို ၎င်းတို့ သဘောဖြင့် တက်ရောက် ထွန်ယက် စိုက်ပျိုးရာမှ စစ်တပ်က တရားစွဲဆိုသဖြင့် ရွာသားများနှင့် မြန်မာတပ်မတော် အကြားတွင် တရား ဖြစ်နေကြောင်း သိရသည်။
အလားတူ မြောက်ဦး၊ ကျောက်တော်၊ တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ဘူးသီးတောင်၊ အမ်း စသည့် မြို့နယ်များတွင်လည်း စစ်တပ်က လယ်မြေ အမြောက်အများကို သိမ်းယူထားကြောင်း သိရသည်။
Subscribe to:
Posts (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။
Powered By Blogger Widgets