Sunday, September 2, 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းသည် ကိုယ်ကျိုးစီးပွား ကာကွယ်လွန်းပြီး ယခင်ခရိုနီများသာ ပိုမို ချမ်းသာလာနိုင်ကြောင်း ဝေဖန်မှုများ ရှိနေ


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းသည် ကိုယ်ကျိုးစီးပွား ကာကွယ်လွန်းပြီး ယခင်ခရိုနီများသာ ပိုမို ချမ်းသာလာနိုင်ကြောင်း ဝေဖန်မှုများ ရှိနေ 
Sunday, 02 September 2012 09:55
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းသည် ကိုယ်ကျိုးစီးပွား ကာကွယ်လွန်းပြီး ယခင်ခရိုနီများသာ ပိုမို ချမ်းသာလာနိုင်ကြောင်း ပြည်တွင်း ပြည်ပမှ စီးပွားရေးပညာရှင်များက ဝေဖန်လျက်ရှိသည်။
လက်ရှိအချိန်သည် နိုင်ငံ၏စီး ပွားရေးအုတ်မြစ်အတွက် ခိုင်မာသော ဥပဒေများပြဋ္ဌာန်း လုပ်ဆောင်ရမည့် အချိန်တွင် ပိတ်ထားသည့် ဥပဒေများဖြင့် ကာဆီးထား သကဲ့သို့ ဖြစ်ပြီး နိုင်ငံတကာထက် နှစ်ပေါင်းများစွာ နောက်ကျကျန်ခဲ့သည့် နိုင်ငံ့စီးပွားရေးကို ကယ်ဆယ်ရာ မရောက်ကြောင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မူကြမ်း ရေးဆွဲရာတွင် ပါဝင်ခဲ့သည့် ပညာရှင်များက ဆိုသည်။
နိုင်ငံတကာမှ စီးပွားရေး ပညာရှင်များကလည်း လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မူကြမ်းတွင် ကိုယ်ကျိုးစီးပွား ကာကွယ်သည့် အပိုဒ်များ ပါဝင်နေသောကြောင့် နိုင်ငံခြားကုမ္ပဏီများ ကို နောက်တွန့်သွားစေနိုင်ပြီး နိုင်ငံစီးပွားရေးကို နှစ်ရှည်လများ လွှမ်းမိုးခဲ့သည့် ခရိုနီလုပ်ငန်းရှင်များကို အကျိုးရှိစေနိုင်ကြောင်း စိုးရိမ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။
သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ မြန်မာ့စီးပွားရေးရေးရာ ကျွမ်းကျင်သူ ရှောင်တာနဲလ်က “ပိုလွတ်လပ်တဲ့ စီးပွားရေးပတ်ဝန်း ကျင်ဖြစ်လာရမယ့်အစား နိုင်ငံတွင်း က လူတချို့က လူနည်းစုချုပ်ကိုင် ထားတဲ့ မြန်မာ့စီးပွားရေးစနစ် ဖြစ်လာနိုင်တဲ့ အခြေအနေတစ်ရပ်ဆီ တွန်းပို့ပေးနေတယ်လို့ ထင်ရပါတယ်”ဟု ပြောကြားခဲ့သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် ပြည်တွင်းက အသေးစား အလတ်စား SMEs လုပ်ငန်းတွေ ဒုက္ခတွေ့နိုင်တယ်ဆိုတဲ့ အချက်ကို ထောက်ပြပြီး ပြင်လိုက်ကြတာ။ အဲဒီမှာ နိုင်ငံခြားမြှုပ်နှံသူတွေ စိတ်မ၀င်စားတော့ဘဲ ပြည်တွင်းက အင်အားကြီးတဲ့သူတွေပဲ ထပ်ပြီး အင်အားရှိသွားနိုင်သလို တကယ်တမ်း စိုးရိမ်ခဲ့တဲ့ SMEs တွေအတွက် လည်း ကောင်းလာမှာ မဟုတ်ဘူး။ ပြည်သူ့အတွက် ပြည်သူ့အတွက် ဆိုပြီးပြင်လိုက်တာ တကယ်နစ်နာတာက ပြည်သူပြန်ဖြစ်တော့မယ်  .  .  .
ဂျာမနီ သတင်းအေဂျင်စီတစ်ခု ဖြစ်သည့် DPA မှ ထုတ်ပြန်ထားမှုတွင် သမ္မတရုံးဝန်ကြီးဦးစိုးသိန်း (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ယခင်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)က ‘မတည် အရင်းအနှီး ဒေါ်လာငါးသန်းရှိရမည် ဆိုသော လိုအပ်ချက်သည် အသေးစားနှင့် အလတ်စားလုပ်ငန်းများ အတွက် အလွန်အားပျက်စရာ ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လတ်တလော စိတ်ဝင်စား နေကြသော လုပ်ငန်းများမှာ အသေးစားနှင့်အလတ်စား လုပ်ငန်းများသာ ဖြစ်ကြောင်း’ ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
ဆက်လက်၍ ၎င်းက”လက်ရှိ ရင်းနှီးမြှုပ်နှံမှုဥပဒေက ပြင်ဆင်ထားတဲ့ ဥပဒေမူကြမ်းသစ်ထက် ပိုကောင်းနေတယ်”ဟုလည်း ပြောကြားခဲ့သည်။
သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ မြန်မာ့စီးပွားရေးရေး ရာ ကျွမ်းကျင်သူ ရှောင်တာနဲလ်က “ကိုယ်ကျိုးမျှော်လင့်ချက်များကြောင့် ခိုင်ခိုင်မာမာအမြစ်တွယ်နေသည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်နောက် ပြန်ဆုတ်သွားမှုကို ထင်ဟပ်ပြနေသည်”ဟု ပြောကြားခဲ့ပြန်သည်။
လက်ရှိ ပြင်ဆင်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းသစ်သည် အပြင်ပန်းအားဖြင့် ပြည်တွင်းအသေးစားနှင့် အလတ်စား လုပ်ငန်းများ ရှင်သန်နိုင်စွမ်းကို အထောက်အကူပြုမည်ဟု ထင်ရသော်လည်း အင်အားရှိနှင့်ပြီးသော စီးပွားရေး လုပ်ငန်းရှင်ကြီး လက်တစ်ဆုပ် (ခရိုနီ)စာကိုသာ အကျိုးရှိစေနိုင်မည် ဖြစ်ကြောင်း ဥပဒေမူကြမ်းရေးဆွဲရေးနှင့် နီးစပ်သည့် တာဝန်ရှိသူတစ်ဦးကလည်း ထောက်ပြထားသည် ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။
ပြင်ဆင်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းသစ်ရေး ဆွဲရာတွင် ပါဝင်ခဲ့သည့် စီးပွားရေး ပညာရှင်တစ်ဦးကလည်း”ပထမဆုံး ပြင်ထားတဲ့ ဥပဒေမူကြမ်းကိုကြည့်ပါ။ ဖွင့်ထားပေးတာ။ ဒါကိုအခု အပြင်ခံလိုက်ရတာ။ အဓိကအကြောင်း ပြချက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေဝင်လာရင် ပြည်တွင်းက အသေး စား အလတ်စား SMEs လုပ်ငန်းတွေ ဒုက္ခတွေ့နိုင်တယ်ဆိုတဲ့ အချက်ကို ထောက်ပြပြီး ပြင်လိုက်ကြတာ။ အဲဒီမှာ နိုင်ငံခြားမြှုပ်နှံသူတွေ စိတ် မ၀င်စားတော့ဘဲ ပြည်တွင်းက အင်အားကြီးတဲ့သူတွေပဲထပ်ပြီး အင်အားရှိသွားနိုင်သလို တကယ်တမ်း စိုးရိမ်ခဲ့တဲ့ SMEs တွေအတွက်လည်း ကောင်းလာမှာမဟုတ်ဘူး။ ပြည်သူ့ အတွက် ပြည်သူ့အတွက်ဆိုပြီး ပြင်လိုက်တာ တကယ်နစ်နာတာက ပြည်သူပြန်ဖြစ်တော့မယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမလာတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပညာတွေ မလာတော့ဘူး။ နိုင်ငံအတွက် ဥပဒေတစ်ခုခိုင်ခိုင်မာမာချပြပြီး လုပ် ရမယ့်အချိန်မှာ နိုင်ငံတကာက စိတ်မ၀င်စားတဲ့ ဥပဒေဖြစ်သွားတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးမှာ အရမ်း နောက်ကျကျန်ခဲ့ပြီ နှစ်ဆသုံးဆတိုး လုပ်ရတော့မှာ။ ဒီလိုအချိန်မှာ ပညာ ရှင်တွေ နေ့မအိပ်ညမအိပ် လေ့လာရေးဆွဲခဲ့တဲ့ နိုင်ငံတကာ စိတ်ဝင်စားအောင် ဖွင့်ပေးထားတဲ့ ဥပဒေမူကြမ်း က အပြင်ခံလိုက်ရတယ်”ဟု ပြောပြ ခဲ့သည်။
ဆက်လက်၍ “မေးချင်တာက ပြည်သူ့အတွက်ဆိုတဲ့ စကားတစ်လုံးတည်းနဲ့ ဖွင့်ထားတဲ့ဥပဒေမူကြမ်း အပြင်ခံရတာ။ အဲဒီပြည်သူ့အတွက်လို့ ပြောခဲ့တဲ့သူက ပြည်သူ ဘယ်လောက်က ပြင်စေချင်လို့လဲ၊ ပြည်သူ ဘယ်လောက်ကို ကိုယ်စားပြုလို့လဲဆိုတာတော့ မသိရဘူး။ SMEs တွေအတွက် တကယ်တမ်းစိုးရိမ် စရာမလိုဘူး။ SMEs တွေလဲပြိုမသွားအောင် ဘယ်နိုင်ငံမှာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပိတ်ပြီး မလုပ်ဘူး။ SMEs တွေ ပြိုလဲမသွားအောင် တိုးတက်လာအောင် တစ်ကယ်လုပ်ရမှာက နိုင်ငံတကာ ဘဏ်တွေကနေ SMEs အတွက်ချေးငွေ တွေကို အတိုးမဲ့နဲ့ချေးယူပြီးဒီမှာ ပြန် ကူညီရမယ်၊ နောက် SMEs တွေအ တွက် ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ကူညီရမှာ။ အခု နိုင်ငံခြားဥပဒေကို ဒီအတိုင်းထားလိုက် SMEs တွေကို မကူညီဘဲထား ဘာဖြစ်လာမှာလဲ။ တကယ်က တစ်လမ်းစီလုပ်ကိုင်ရမှာ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ဖွင့်ရင် ဒုက္ခတွေဖြစ်ကုန်မယ် ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ ဥပဒေ တစ်ရပ်မှာ အမြဲတမ်း နည်းဥပဒေဆိုတာ ရှိပါတယ်။ နည်းဥပဒေနဲ့ပြန်ပြီး ထိန်းချုပ်ရမှာပါ။ အကုန်ဖွင့်စရာ မလိုဘူးဆိုရင် ကိုယ်တကယ် ကန့်သတ်သင့်တဲ့အချက်ကို နည်းဥပဒေ မှာ Sector အလိုက်ပြန်ထည့်ပြီး ပြန်ကာကွယ်ထားရမယ်။ ဒါကနည်းလမ်းအကျဆုံးပါပဲ။ ဖွင့်ရမှာကို သွားပိတ်တာမျိုးကတော့ နိုင်ငံနာပါတယ်။ ပထမဆုံးအပြင်မခံရတဲ့ ဥပဒေမူကြမ်းဆိုရင် ထိုင်း၊ ဗီယက် နမ်တို့နဲ့နည်းတူဖြစ်အောင် ရေးဆွဲ ထားတာပါ။ အခုက အင်အားရှိတဲ့ လူနည်းစုပဲအကျိုးဖြစ်မယ့် ကိန်း ဆိုက်သွားတာပေါ့။ ဖက်စပ်လုပ်ငန်း ဆိုရင် နိုင်ငံတကာက မတည်ငွေရင်း ၄၉ ရာခိုင်နှုန်းပဲထည့် ဒီဘက်က ၅၁ ရာခိုင်နှုန်းထည့်ဆိုတော့ ဒီဘက် ချည်းပဲ အလေးသာနေတဲ့အတွက် ၀င်လာသမျှ ဒီကတတ်နိုင်တဲ့လုပ်ငန်း ရှင်ကြီးတွေပဲ အလုပ်ဖြစ်မှာပေါ့။ လုပ်ငန်းတွေက ဘာကောင်းလာစရာ ရှိမှာလဲ။ အိမ်နီးချင်းနိုင်ငံတွေက ဥပဒေတွေမှာလည်း အဲဒီလို ကန့် သတ်မထားဘူး။ အနည်းဆုံး အမေရိကန်ဒေါ်လာ ငါးသန်းရှိမှပဲ မြန်မာနိုင်ငံမှာ မြှုပ်နှံလို့ရမယ်ဆိုတော့ လာစေချင်လို့ လုပ်တာမလာနဲ့ ပြောသလိုဖြစ်နေတယ်”ဟုလည်း သုံးသပ် ခဲ့သည်။
“မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း မီခိုနေရတဲ့ စိုက်ပျိုးရေး ကဏ္ဍကို ကန့်သတ်တဲ့ Sector  ထဲ ထည့်ထားတယ်။ သူတို့ဆီကလာ ရင် မြန်မာနိုင်ငံရဲ့ တစ်ဧကအထွက်နှုန်းတွေတိုးမယ့် နည်းပညာ၊ မျိုးစေ့ တွေပါလာမယ်။ ဒါကိုကန့်သတ် ချင်ရင် နည်းဥပဒေထဲမှာထည့်ပြီး ကန့်သတ်လို့ရသေးတယ်။ ကိုယ်နဲ့ မကိုက်ညီတာ ထည့်စရာမလိုဘူး။ ဒါကိုကန့်သတ်တဲ့အတွက် အရင်က တည်းက မြေပိုင်ပြီးသား၊ ထပ်ပြီး ပိုင်ချင်တဲ့သူတွေ အတွက် အခွင့်အရေးပေးသလို ဖြစ်နေတယ်။ ဒီလိုပဲ ဒီဥပဒေမှာ နိုင်ငံခြားသားရင်းနှီးမြှုပ် နှံမယ့်သူတွေဆိုရင် ၄၉ ရာခိုင်နှုန်း လို့ပြောထားတဲ့အတွက် ဥပမာ အမေ ရိကန်ဒေါ်လာသန်း ၁၀၀၀ မြှုပ်နှံရမယ့် စီမံကိန်းမှာ သန်း ၅၀၀ တောင် မြှုပ်နှံခွင့်မရဘူး။ ကျန်တဲ့သန်း ၅၀၀ ကျော်အတွက် မြန်မာနိုင်ငံမှာ ဘယ် သူ မြှုပ်နှံနိုင်မလဲ၊ ၁၀ ယောက်၊ ၁၅ ယောက်ထက် မပိုတဲ့သူတွေပဲ မြှုပ်နှံ နိုင်မှာပေါ့။ ဒါဆိုရင် ခရိုနီတွေပဲ ကောင်းစားမှာဖြစ်လို့ ဒါကို သတိပြုသင့်ပါတယ်”ဟု နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေကြမ်းရေးဆွဲရာတွင် ပါဝင်သည့် စီးပွားရေးပညာရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
Comments 
+39 #3 Aung Zeya 2012-09-02 20:28
နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံး၏ဖန်တီးနိုင်စွမ်းအားသည်
တေဇနှင့်အပေါင်းအပါ ၁၀ ယောက် လက်ထဲတွင်ရှိရေး ဆိုတာကြီးက
မပြီးသေးဘူးလားဗျာ။
 
+70 #2 myatmoe 2012-09-02 12:59
ကြံ.ခိုင်ရေးပါတီကတော့ ခရိုနီတွေကြီးစိုးထားတော့ ခရိုနီတွေကြိုက်တဲ့ပုံစံပြင်မှာပေါ့၊အဲလိုလုပ်နေရင်၂၀၁၅မှာမဲ တမဲမှရမှာဟုတ်ဘူး။ပြည်သူတွေကို ငအ-တွေမထင်နဲ့၊မဲ မရတော့မှမစားရတဲ့အမဲသဲနဲမပတ်နဲ့ပေါ့ဗျာ။ တခြားပါတီတွေဖြစ်တဲ့ NLD RNDP ၊တစည ၊ကျားဖြူပါတီတွေကရော ရေငုံနှတ်ပိတ် ငြိမ်နေကြလားဗျာ၊
 
+96 #1 salamander 2012-09-02 10:12
Quote:
ဒါဆိုရင် ခရိုနီတွေပဲ ကောင်းစားမှာဖြစ်လို့ ဒါကို သတိပြုသင့်ပါတယ်”ဟု နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေကြမ်းရေးဆွဲရာတွင် ပါဝင်သည့် စီးပွားရေးပညာရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
ပညာရှင်ကြီးများခင်ဗျား ....ဒီဥပဒေက ခင်ဗျားတို.ပဲ ဆွဲတာမဟုတ်ဘူးလား။ ဥပဒေကြမ်းအဆင့်ပဲရှိသေးတာမဟုတ်လား။ မဖြစ်သင့်ဘူးထင်ရင်လည်း ကန်.ကွက်ပြီး လိုအပ်တာတွေ ပြန်ပြင်ပေါ့ဗျ။
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။