Sunday, September 2, 2012

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံ  
Sunday, 02 September 2012 22:13
7489_2
သြဂုတ်လ ၂၉ ရက်နေ့က ပြုလုပ်သောတွေ့ဆုံပွဲတွင် ပြည်သူတို့၏တိုင်ကြားစာနှင့် သနားခံစာဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းအား Press Freedom စာတန်းပါဦးထုပ်ကို The Voice Weekly ဂျာနယ်မှ မန်နေဂျင်းအယ်ဒီတာ ကိုကျော်နိုင်က ပေးအပ်စဉ် 
Photo: Nyan Linn Aung
7489_1
သတင်းလွတ်လပ်ခွင့်ကော်မတီယာယီ၏ တောင်းဆိုချက်(၇)ချက်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း၊ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။ ဦအောင်ကြည်သည် စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း ဥက္ကဋ္ဌမောင်ဝံသနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
လက်ရှိတွင် မြန်မာစာနယ်ဇင်း သမဂ္ဂ(MJU) ၊မြန်မာစာနယ်ဇင်းကွန်ရက်(MJN)နှင့် မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း (MJA) (ယခင် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့အား ပြောင်းလဲ ဖွဲ့စည်းထားသော အသင်း သုံးသင်းထဲမှတစ်သင်း) ဟူ၍ အဖွဲ့အစည်းသုံးခုရှိပြီး သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)ကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။ အဆိုပါ သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ)သည် ဂျာနယ်အချို့ ပိတ်ပင်ခံရခြင်း၊ တရားစွဲဆို ခံရခြင်း အပါအ၀င် မီဒီယာလွတ်လပ်ခွင့်များနှင့် ပတ်သက်၍ တောင်းဆိုချက်(၇)ချက်ကို ထုတ်ပြန်ထားကြောင်း သိရသည်။
ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် စက်တင်ဘာလ ၂ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ၀င်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ခန်းမတွင် အစည်းအရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် ပြုပြင်ပြောင်းလဲရေးများ အရှိန်မြှင့်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား ပြောင်းလဲခန့်အပ်ခြင်း၊ အစားထိုး ခန့်အပ်ခြင်းများ ပြုလုပ်လျက်ရှိရာ ပြန်ကြားရေး ၀န်ကြီးဌာနတွင် ပြည်ထောင်စု ၀န်ကြီးအဖြစ် ဦးအောင်ကြည် (ယခင် အလုပ်သမား ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန)နှင့် ဒုတိယ၀န်ကြီးနှစ်ဦးကို ခန့်အပ်ခဲ့သည်။
လက်တလော အပြောင်းအလဲ ပြုလုပ်မှုများတွင် ၀န်ကြီးဌာနအချို့၌ အရပ်သား ပညာရှင်အချို့အား ခန့်အပ်ထားသည်ကို တွေ့ရှိရသော်လည်း ပြန်ကြားရေး ၀န်ကြီးဌာနတွင်မူ ယခင်တပ်မတော် အရာရှိဟောင်းများကိုသာ ပြည်ထောင်စု ၀န်ကြီးနှင့် ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန် ပေးထားကြောင်း တွေ့ရှိရပါသည်။
Comments 
 
+5 #1 oonayoo 2012-09-03 07:19
စစ်ဗိုလ်အသိုင်းအ၀ိုင်းတစ်ချို့ကို ခန့်ထားတာက သမ္မတကြီးအနေနဲ့လဲ သူ့ရဲ့ ပတ်ဝန်းကျင်ကို ချက်ချင်းစွန့်ခွာဖို့ဆိုတာကို မဖြစ်နိုင်လို့၊ ကျနော်ကတော့ ထောက်ခံပါတယ်။ ဘယ်သူဘယ်ဝါတွေ တက်လာပါစေ မြန်မာပြည်ကြီးတိုးတက်ဖို့အတွက် ဦးဆောင်သူကို အမြဲထောက်ခံနေမှာပါ။
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။