အတိုးနှုန်း မြင့်မားမှုပြဿနာနှင့် ရင်ဆိုင်နေရသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဘဏ်ချေးငွေအတိုးနှုန်းအား ၂၀၁၃ ခုနှစ်မှ စတင်၍ လက်ရှိအတိုးနှုန်း ၁၃ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ စတင်လျော့ချမည် |
Wednesday, 19 December 2012 09:58 |
အတိုးနှုန်းမြင့်မားသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည့် ပြည်တွင်းရှိ
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအတွက် လက်ရှိဘဏ်တိုးနှုန်း ၁၃
ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ
စတင်လျော့ချပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအပေါ် ထိရောက်သက်သာသည့် ချေးငွေအဖြစ် ကျပ်ငွေ ငါးဘီလျံအား ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးဖြင့် သက်သာစွာ ထုတ်ချေးနိုင်ရေးအတွက် အစိုးရအဖွဲ့ထံ တင်ပြရာ ကျပ်ငွေငါးဘီလျံအတွက် ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရသည်။ |