Tuesday, December 18, 2012

ဝန်ချတောင်းပန်မှုများ ပြုလုပ်ခဲ့သောကြောင့် ဆန္ဒပြမှုများကို ရပ်တန့်လိုက်ခြင်း ဖြစ်ကြောင်း ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့ ထုတ်ပြန်


ဝန်ချတောင်းပန်မှုများ ပြုလုပ်ခဲ့သောကြောင့် ဆန္ဒပြမှုများကို ရပ်တန့်လိုက်ခြင်း ဖြစ်ကြောင်း ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့ ထုတ်ပြန်   PDF Print
Tuesday, 18 December 2012 19:37
AddThis Social Bookmark Button
ဒီဇင်ဘာလ ၁၈ ရက်နေ့ကပြုလုပ်သော ဗုဒ္ဓသာဝကရဟန်းပျိုအဖွဲ့၏ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်
18dechhဒဏ်ရာရ သံဃာတော်များအား သမ္မတရုံးမှ ၀န်ချတောင်းပန်ခဲ့ပြီး သံဃာတော်များကလည်း ကျေနပ် လက်ခံသဖြင့် ဆန္ဒပြမှုများကို ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်း ရဟန်းပျိုများ သမဂ္ဂက ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

ဗုဒ္ဓသာဝက ရဟန်းပျိုအဖွဲ့မှ ရန်ကုန်မြို့၌ လက်ပံတောင်းတောင် စီမံကိန်းသပိတ်စခန်းများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်မှုများအား ဝေဖန်ကြသည့် မိဘပြည်သူများလည်း ရှိကြောင်း၊ ယခုအခါ သီတဂူဆရာတော်ကဲ့သို့ သောဆရာတော်ကြီးများမှ ဆန္ဒပြပွဲများမပြုလုပ်ရန် တောင်းဆိုမှုများနှင့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်နိုင်ငံ တော်အစိုးရအဖွဲ့ကိုယ်စား သမ္မတ ရုံးဝန်ကြီးတစ်ဦးမှ လက်ပံတောင်းတောင် သပိတ်စခန်းများမှ ဒဏ်ရာရသံဃာတော်များ ၀န်ချတောင်းပန်ခဲ့ပြီး သံဃာတော်များမှလည်း ကျေနပ်လက်ခံသဖြင့် ဆန္ဒပြပွဲများ အား ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့က ကြေညာချက်တစ်စောင်လည်း ယင်းနေ့တွင် ထုတ်ပြန်ခဲ့ရာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းများ ဖြိုခွင်းရာ၌ အကြမ်းဖက်မှုနှင့်ပတ် သက်သော ပုဂ္ဂိုလ်များကိုဖော်ထုတ် အရေးယူပေးရေးနှင့် လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ သံဃာတော်များဆန္ဒ ထုတ်ဖော်ရာတွင်ဝန်းရံကူညီမှုကြောင့် ဖမ်းဆီးခံရထားရသော ပုဂ္ဂိုလ်များကို အမြန်ဆုံးချွင်းချက်မရှိ ပြန်လွှတ်ပေးရေးတို့ကိုလည်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
“ဖမ်းဆီးခံထားရသောပုဂ္ဂိုလ်များ ကိုပြန်လွှတ်ပေးရေး။ ဒါနဲ့ပတ်သက်လို့ တစ်ချို့ဒါယိကာ၊ ဒါယိကာမတွေက ဦးဇင်းလွှတ်ပေးပြီးသွားပြီ။ ဦးဇင်း ဘာလုပ်အုန်းမှာလည်းလို့ မေးမြန်း လျှောက်ထားချက်တွေ ရှိပါတယ်။ လွှတ်ပေးတဲ့ ပုဂ္ဂိုလ်မှန်သမျှ တစ်ချို့ဆိုရင် အာမခံကြေးသိန်းလေးဆယ်။ တစ်ချို့ဆိုရင် ပုဒ်မ ၅၀၀(ခ)ဒီလိုမျိုး တွေတက်ပြီးတော့ မြင်တွေ့ရကြားသိ ရတဲ့အတွက် တောင်းဆိုရခြင်းဖြစ်ပါတယ်”ဟု ဗုဒ္ဓသာဝကရဟန်းပျိုအဖွဲ့မှ ဦးဝါသေဋ္ဌမှ မိန့်ကြားခဲ့သည်။
ဖြစ်ပျက်ပြီးးခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးအခင်းကိစ္စများနှင့်ပတ်သက်ပြီး အဖွဲ့အစည်းအမျိုးမျိုး လူပုဂ္ဂိုလ် နှင့် ရဟန်းပညာရှိ အသီးသီးကလည်း ရှုထောင့်ပေါင်းစုံမှ ပြောဆို ရေးသားတင်ပြ ဆွေးနွေးခြင်းများရှိကြောင်း၊ ယခုကိစ္စအား ရဟန်းတော် တစ်ပါးအနေဖြင့် ဘာသာ သာသနာ ရှုထောင့်ကနေ တင်ပြလိုကြောင်း၊ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာသလို မိမိတို့ရဟန်းတော်များ အနေဖြင့် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းနေ ကြသောဒါယိကာ၊ ဒါယိကာမများ၏ နေ့စဉ်အခက်အခဲ ဒုက္ခများကို မျက်ကွယ်မပြုထားနိုင်ကြောင်း ဗုဒ္ဓသာဝက ရဟန်းပျိုအဖွဲ့မှ သံဃာတစ်ပါးဖြစ်သော ဦးအရိယဓမ္မ ကမိန့်ကြားခဲ့သည်။
ထို့အပြင် သာသနာထောက်ပံ့နေသော မိဘပြည်သူများသည် မိမိတို့မိဘများပမာ ကျေးဇူးရှိကြောင်း၊  မြတ်စွာဘုရားက ဟောကြားခဲ့သည့် အတိုင်းကျေးဇူးရှိသူများအား တရားဖြင့်ဆက်ပါက မြတ်ကြောင်း၊ ထို့ကြောင့်မြတ်စွာဘုရား၏ တပည့်သာဝကပီပီ တရားသော နည်းလမ်းဖြင့် ကျေးဇူးဆက်ရန်ရည် ရွယ်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းစွာနဲ့ လမ်းတွေပေါ် ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ဦးအရိယဓမ္မ မှပင် ဆက်လက် မိန့်ကြားခဲ့သည်။
 

Comments 

 
+16 #1 nithit 2012-12-18 22:08
ဝန်ချတောင်းပန်မှုဆိုတာ
1. မိမိကိုယ်တိုင် နှလုံးသားထဲမှ လည်းကောင်း၊ ဦးနှောက် အသိဥာဏ်မှ လည်းကောင်း တမြေ့မြေ့ခံစား၊ တစိမ့်စိမ့် ဆင်ခြင်မိပြီး ရိုးသားစွာ အမှားကြီးမှားမိကြောင်း ၀န်ခံရတာမျိုးပါ။ (သူတစ်ပါး ဆိုတာကို ၀တ်ကျေတန်းကျေ လိုက်ဆိုနေရုံဖြင့် အရာမမြောက်နိုင်ပါ။)
2. မာန်မာနခ၀ါချပြီး ရိုးကျိုးပျပ်ဝပ်စွာ၊ ယုံကြည်သက်ဝင်စွာ ဂါရ၀ထား ၀န်ခံရတာမျိုးပါ။
( ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်အပေါ်၊ အပြစ်တွေအပေါ် မိမိထင်မြင်ချက်တွေ ကောက်ချက်ချတာတွေနဲ့ မာန ၀ါဒ ဖြန့်ရတာမျိုးမဟုတ်ပါ၊)
"သံဃာတော်များအနေနှင့် မိမိတို့၏ ဆွမ်းဒကာ ဒကာမများ၏ ဆန္ဒကို စာနာလိုက်လျောပြီး ယခုကဲ့သို့ သပိတ်စခန်းများတွင် ရောက်ရှိပါဝင်ခဲ့ခြင်း ဖြစ်မည်ဟု ယူဆမိပါသည်ဘုရား။" ဟု အစိုးရအဖွဲ့ကိုယ်စား သမ္မတရုံးဝန်ကြီး ဦးလှထွန်းက လျှောက်ထားခြင်းသည် မောက်မှားခြင်းမက
ရိုင်းပြစော်ကား နေပါရောလား။ သံဃာတော်တို့၏ အလေးအနက်တရားသဘောကို ကလေးကွက်စကားတွေနဲ့ လမ်းလွှဲနေပြန်ပါရောလား။ အကြောင်းမှာ ယခင်တစ်ခါ ရဲတိုင်းမှူးကလည်း ဒီလိုပဲ ရဟန်းသံဃာတို့နှင့် ပြည်သူလူထု သွေးကွဲစေတဲ့ စကားမျိုးပြောပြီး စိတ်မပါ လက်မပါ တာဝန်အရ တောင်းပန်တာမျိုး လုပ်ခဲ့ပြီး စော်ကားခဲ့ပြီးဖြစ်တယ်လေ…. (ဒါဟာ အစိုးရအဖွဲ့ရဲ့ (သို့) အမှန်တကယ် တာဝန်ရှိသူရဲ့ တစ်ခုတည်းသော ညွှန်ကြားချက်ဖြစ်တယ်ဆိုတာ ကောက်ချက်ချလို့ရနိုင်တယ်။
ဒါကြောင့် ပြည်သူလူထုကို နှစ်ပေါင်းများစွာ လိမ်လည်စော်ကား အာဏာအားကိုးနဲ့ ဖြိုခွဲ ညှဉ်းဆဲ၊ သတ်ဖြတ်ချေမှုန်း လူစ တုန်းအောင် လုပ်ခဲ့ကျတဲ့ အာဏာရူးခဲ့ကြတာကို အားမရနိုင်သေးလို့……
အခုတစ်ခါ သံဃာတော်တွေကိုပါ ကာယကံမြောက် ပြစ်မှား၊ ၀စီကံမြောက် ပြစ်မှားပြီး၊ မနောကံမြောက် အကြံအစည်နဲ့ ပြစ်မှားနေကြပါရောလား……
ခွင့်လွှတ်စေချင် ခွင့်လွှတ်သင့်တဲ့ အရိုးခံစကားတွေနဲ့ အမှားတွေဝန်ချ တောင်းပန်မှု မလုပ်နိုင်ကြသေးပါလား…….
တိုတိုပဲပြောလိုက်မယ် အနန္တငါးပါးအပေါ် ကံကြီးထိုက်အောင် မိုက်ကန်းသူတို့ သွားရာလမ်းက မဂ်တား ဖိုလ်တား အပါယ်ငရဲလမ်းမှတပါး အခြားမရှိတာမို့…….
ကိုယ်ပြုသောကံ ကိုယ်သာ ခံကြပေရော့။
(ခွင့်လွှတ်လွယ်လွန်းလျှင် ထပ်ခါထပ်ခါ စော်ကားခံရတတ်တယ်ဆိုတာ သိထားပါတယ်။)

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။