ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်
RFA News, 8 November 2012 —- ပြည်ပမှာခိုလှုံနေတဲ့
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ဟာ မနေ့က မြန်မာသမ္မတ
ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း The Nation နဲ့ Bangkok
Post သတင်းစာတွေက ဖေါ်ပြခဲ့ကြပါတယ်။
ဦးသိန်းစိန်နဲ့ သက်ဆင်တို့ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံရဲ့
နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို သက်ဆင်က
ချီးကျူးပြောဆိုခဲ့ပြီး၊ အာဆီယံရဲ့ရှေ့ရေးအပါအဝင် ဒေသတွင်းဆိုင်ရာ
ကိစ္စရပ်အတော်များများကို ဆွေးနွေးခဲ့တယ်လို့ သက်ဆင်ရဲ့ ဥပဒေအကြံပေး
နော့ပါဒန်က ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု