မိုဘိုင်းအင်တာနက် အသုံးပြုမှု ဘီလ်စနစ်ကို ပြောင်းလဲမည်
ပြောင်းလဲကောက်ခံမှု ဈေးနှုန်းအား သတ်မှတ်ခြင်းမရှိသေးကြောင်း သိရသည်။
“ဈေးမသတ်မှတ်ရသေးဘူး။ ဘယ်တော့ စမယ်ဆိုတာ ဈေးသတ်မှတ်ပြီးမှပဲစလို့ရမှာပါ။ နိုင်ငံတကာမှာလည်း ဒီစနစ်အတိုင်းပဲ ကောက်ခံတာဖြစ်လို့ပြောင်းလဲ ကောက်ခံမှာပါ” ဟု မိုဘိုင်းအင် ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။
Data base ဖွင့်သည့်အလိုက် ကောက်ခံမည်ဖြစ်ကာ download ဆွဲချပေါ်မူတည်၍လည်းကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။
“အရင်ဆိုရင် အင်တာနက်ဖွင့်လိုက်တာနဲ့ ၁ မိနစ် ၂ ကျပ် ပေးရတယ်။ကွန်နက်ရှင်ကြောင့် သုံးလို့ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ပေးရတာပဲ။ အခုကသုံးလို့ရတဲ့ ပမာဏလောက်ပဲ ပေးရတော့မှာ။ အင်တာနက်ကို အမြဲဖွင့်ထားလို့ရတော့ ဆက်သွယ်ရေးစနစ်က ပိုကောင်းလာတယ်” မိုဘိုင်းအင်တာနက် စနစ်ကို နားလည်ကျွမ်းကျင်သူ ကိုသက်ခိုင်က ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် လက်ရှိကာလ၌ GSM အင်တာနက်စနစ်ကို (၁) မိနစ်(၂) ကျပ်နှုန်း ကောက်ခံ၍ CDMA 800 နှင့် WCDMA မိုဘိုင်းဖုန်းများ အတွက်(၁) မိနစ်လျှင် (၄) ကျပ်နှုန်း သတ်မှတ်၍ ခွဲခြား ကောက်ခံထားသော်လည်း အသစ်ပြောင်းလဲ ကောက်ခံမည့် အသုံးပြုသည့် Volume ပမာဏအလိုက် ကောက်ခံရာတွင်ခွဲခြားကောက်ခံခြင်း ပြုလုပ်မည် မပြုလုပ်မည်ကို တိကျစွာ မသိရှိရသေးပေ။
မိုဘိုင်းအင်တာနက်စနစ် အသုံးပြုသူ အရေအတွက်မှာ လက်ရှိပြည်တွင်း အင်တာနက်အသုံးပြုသူများအနက် အရေအတွက် အများဆုံး ဖြစ်သည်။
ဉာဏ်ဉာဏ် (မြစ်မခ)
No comments:
Post a Comment