တိမ်းမှောက်ဆီရထားတွဲမှ ဆီများ ဒေသခံများ လုယက်ခပ်စဉ် မီးလောင်၍ လူသေဆုံးထိခိုက်ဒဏ်ရာရသူများပြား
photo - (iCJ)
7 Day News Journal, 9 November 2012 —- ရန်ကုန်၊နိုဝင်ဘာ-၉၎င်းတို့ကို ကယ်ဆယ်ရေးပြုလုပ်နေသော ကျွန်းလှမြို့ ဝေနေယျသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လူနာများကို ဆေးကုသရန် ကျွန်းလှဆေးရုံတွင် ခုတင်မလုံလောက်မှုကြောင့်
ကန့်ဘလူမြို့နယ် ဆေးရုံသို့ ၄၄ ဦးကို ပို့ဆောင်ထားရကြောင်း သတင်းရရှိသည်။
ကျွန်းလှမြို့နယ်မီးသတ်တပ်ဖွဲ့ကို မေးရာတွင် ယခုညနေအထိ
နောက်ဆုံးရစာရင်းများအရ သေဆုံးသူ ၂၇ ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ ၆၇ ဦး
ရှိသွားပြီဖြစ်ရာ ဒဏ်ရာရသူမှာ ကျား ၂၉ ဦးနှင့် မ ၃၈ ဦးဖြစ်ကြောင်း
မီးသတ်ဌာနမှ တာဝန်ရှိသူကပြောသည်။
အဆိုပါ ရထားဆီတွဲမှ တွဲနှစ်တွဲလဲကာ လယ်ကွင်းများထဲ ဆီများဖိတ်စဉ်ရာတွင် ဒေသခံရွာသားများက လုယက်ခပ်ယူရာမှ ကျန်ဆီတွဲတစ်တွဲပါ မီးကူးစက်လောင်သွားခဲ့ခြင်းဖြစ်ကြောင်း ယင်းကပြောသည်။ မီးလောင်ရခြင်း၏ အကြောင်းရင်းကိုမူ အတိအကျ မသိရသေးပေ။
အဆိုပါ ရထားဆီတွဲမှ တွဲနှစ်တွဲလဲကာ လယ်ကွင်းများထဲ ဆီများဖိတ်စဉ်ရာတွင် ဒေသခံရွာသားများက လုယက်ခပ်ယူရာမှ ကျန်ဆီတွဲတစ်တွဲပါ မီးကူးစက်လောင်သွားခဲ့ခြင်းဖြစ်ကြောင်း ယင်းကပြောသည်။ မီးလောင်ရခြင်း၏ အကြောင်းရင်းကိုမူ အတိအကျ မသိရသေးပေ။
မီးမှာ လေးနာရီကြာလောင်ပြီး မွန်းလွဲ ၂ နာရီ ၁၀ မိနစ်မှသာ ငြိမ်းသွားခြင်းဖြစ်ကာ ဒဏ်ရာရသူနှင့် သေဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ကျွန်းလှမီးသတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကျွန်းလှမီးသတ်ကို မေးရာတွင် ယခုညနေအထိ နောက်ဆုံးရစာရင်းများအရ သေဆုံးသူ ၂၇ ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ ၆၇ ဦး ရှိသွားပြီဖြစ်ရာ ဒဏ်ရာရသူမှာ ကျား ၂၉ ဦးနှင့် မ ၃၈ ဦးဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူကပြောသည်။
photo – (iCJ)
No comments:
Post a Comment