ကချင်စစ်ပွဲအရေး ကာကွယ်ရေး ၀န်ကြီးဌာန ဘာပြောသလဲ

ကချင်ပြည်နယ်စစ်ပွဲတွေနဲ့ပတ်သက်ပြီးသတင်းမီဒီယာတွေမှာဖော်ပြနေ တာဟာ ကွဲလွဲမှုတွေ ရှိတဲ့ အကြောင်းနဲ့ ကချင်ပြည်နယ် စစ်ပွဲအတွင်း အစိုးရ စစ်တပ်မှ ကျဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှုတွေ များကြောင်း နဲ့ ဒေသခံ ပြည်သူလူထုတွေရဲ့ အသက် အိုအိမ်စည်းစိမ် လုံခြုံရေးအတွက် မလွှဲသာ မရှောင်သာ ခုခံစစ် ကိုသာ ဆင်နွှဲခဲ့ရခြင်းဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီအပြင် တပ်မတော်အနေနဲ့လည်း ငြိမ်းချမ်းရေးကို အမှန်လိုလားကြောင်း ဖော်ပြထားပါတယ်။