ယခင် စစ်အစိုးရ၏ ၂/၈၈ အမိန့်ကို လက်ရှိသမ္မတ၏ ၃/၂၀၁၃ ဖြင့် ပယ်ဖျက်
ရန်ကုန် (မဇ္ဈိမ) . ၂၉ရက်နေ့ ဇန်န၀ါရီ ၂၀၁၃ —- ၁၉၈၈ ခုနှစ်၊ အာဏာသိမ်း စစ်အစိုးရက ကနဦး ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၂/၈၈ ကို လက်ရှိ
နိုင်ငံတော်သမ္မတ က အမိန့်အမှတ် ၂/၂၀၁၃ ဖြင့် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ထိုအမိန့် အမှတ် ၂/၈၈ သည် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပုဒ်မ ၄၄၇ နှင့် ဆန့်ကျင်နေသဖြင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးပယ်ဖျက် လိုက်ခြင်း ဖြစ် သည်။