အမေရိကန်နိုင်ငံ နယူးရောက်မြို့ ကွင်းစ်ကောလိပ်မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသား မိသားစုတွေနဲ့ တွေ့ဆုံပွဲ(ရုပ်/သံ)အစအဆုံး
Video..dvb livestation
နယူးရောက်မြို့ မြန်မာမိသားစုများနှင့် တွေ့ ဆုံပွဲ အမှတ်တရ စကားများ....
- ကြမ်းခင်းဈေး ၇ နှစ် နဲ့  ဈေးကွက်ဝင်ခဲ့ တဲ့  NLD -
တနင်္လာနေ့ ရောက်ရင် ဘယ်သူပါသွားပီလဲရယ်လို့ မေးရတဲ့  NLD
နယူးရောက်မြို့ မြန်မာမိသားစုများနှင့် တွေ့ ဆုံပွဲ အမှတ်တရ စကားများ....
- ကြမ်းခင်းဈေး ၇ နှစ် နဲ့  ဈေးကွက်ဝင်ခဲ့ တဲ့  NLD -
တနင်္လာနေ့ ရောက်ရင် ဘယ်သူပါသွားပီလဲရယ်လို့ မေးရတဲ့  NLD
- လူတန်းစား ၄ရ ပ်မှာ NLD က တော်တော် အောက်ဆုံးတန်းရောက်ခဲ
့ရပါတယ်
-
ရထားတဲ့ အခွင့် အရေးကို မှန်ကန်စွာ အသုံးချပါ။ ကိုယ်အခွင့် အရေးဟာ သူတပါးအတွက် စိတ်အနှောက်အရှက်
မဖြစ်ဘို့ တော့  လိုပါတယ်။
- ကချင်မှာဖြစ်နေတဲ့  စစ်ပွဲညှိနှိုင်းဆွေးနွေးနေတာမှာ NLD မပါဘာဘူး။ NLDကအစိုးရ အဖွဲ့ အစည်းမဟုတ်တဲ့ အတွက်ပါ။ ပါမှအောင်မြင်မယ်ဆိုပီး လာခိုင်းရင်လဲ လုပ်မှာပါ။
- ABSDF အဖွဲ့ ကလဲ နိုင်ငံရေးအဖွဲ့ ဖြစ်ပါတယ်။ စေတနာမှန်မှန်နဲ့  လုပ်သင့် တာတွေကို လုပ်ဘို့ ဘဲ လိုပါတယ်။ မတူကွဲပြာမှုတွေက နေရာတိုင်းမှာရှိပါတယ်။

တိုက်ယူမှရမယ်ဆိုတဲ့ စိတ်တွေဟာ စစ်ဝါဒဆန်ပါတယ်။ ရန်လိုတဲ့ အပြုအမူတွေဟာ စိတ်က လာတာဖြစ်လို
့စိတ်တော်လှန်ရေးကိုအရင်လုပ်ကြပါ။
- ကျမက တပ်မတော်ကို မကြိုက်တာ မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေးကို မကြိုက်တာပါ။
- အကြမ်းမဖက်တဲ့ နည်းဟာ ပိုကြာရင်ကြာမယ် ဒဏ်ရာဒဏ်ချက်နည်းပါတယ်။
- ကျမက တပ်မတော်ကို မကြိုက်တာ မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေးကို မကြိုက်တာပါ။
- အကြမ်းမဖက်တဲ့ နည်းဟာ ပိုကြာရင်ကြာမယ် ဒဏ်ရာဒဏ်ချက်နည်းပါတယ်။
-
အကြမ်းဖက်တဲ့ နည်းက မြန်ရင်မြန်မယ် ဒဏ်ရာဒဏ်ချက်များမယ် ကုစားရတာကြာမယ်။
- တိုင်းရင်သားများစည်းလုံးမှုအခြေအနေသိချင်ရင်ကိုယ်
့အချင်းချင်းရောစည်းလုံးမှုရှိမရှိ မေးချင်ပါတယ်။
- ကယားပြည်နယ်ဟာလဲတိုးတက်မှုနည်ပါးနေပေမဲ
့စစ်တမ်းကောက်ယူသွားတာကတော့  အခြေအနေအရ လွိုင်ကော်မှာဘဲကောက်ယူသွားလို့  တိုးတက်မှုနှုန်းများပြာနေသလို
ဖြစ်နေတာပါ။
- ဒီမိုကရေစီနိုင်ငံမှာနေပီးတော
့ အဖွဲ့ ဝင်တွေက ပါတီခေါင်းဆောင်ကို မကြိုက်တာ မသိကြဘူုးလား။
- လွတ်လပ်စွာရေးသားပြောဆိုခွင်
့တွေဟာ ဘယ်နေရာမှာအဆုံးသတ်သလဲဆိုတော့  သူတပါးရဲ့ လွတ်လပ်ခွင့် ကို ထိပါးလာရင်တော့ 
ဒီမိုကရေစီကို ချိုးဖောက်တာပါဘဲ။
- ရခိုင်အရေးနဲ
့ပတ်သက်ရင် ပါးရိုက်လို့ နားကိုက်မယ်ဆိုတာမျိုးရှိနေသ၍ ဘယ်တော့ မှ ပီးဆုံးမှာမဟုတ်ပါဘူး။
- ကိုယ့် နိုင်ငံကို မကြောက်မရွံ့ ပြန်လာနိုင်ဘို
့ဘယ်သူက လုပ်ပေးနိုင်မလဲတဲ့ ။ ကိုယ့် ကိုယ် ကိုဘဲ အရင်မေးကြည့် ပါ။
- ဒေါ်စုအနှစ်၂၀၀၀ အသက်ရှည်ပါစေတဲ့ ။ မများလွန်းဘူးလာဆိုတော
့ လုပ်စရာတွေက အများကြီးရှိသေးတာတဲ့ ။
- ဗမာအချင်းချင်းစည်းလုံးမှုရှိကြဘို့ တယောက်နဲ
့တယောက်ရန်မဖြစ်ကြဘို့ လိုပါတယ်။ တော်ကြာ ကလေးတွေက ဗမာယဉ်ကျေးမှုဆိုတာ ဒါလားဆိုပီးတော
့ လန့် သွားလိမ့် မယ်။
-
နိုင်ငံခြားသားခံယူထာတဲ့ ဗမာတွေအတွက် နှစ်နိုင်ငံသားခံယူဘို့ ဥပဒေနဲ့ ဆိုင်ပါတယ်။
- တိုင်းရင်သားတွေနဲ့ ဆွေးနွေးပွဲများမှာ ပါဝင်ဘို
့ခိုင်းစေလာရင် ပါဝင်မှာပါ။အဆင်သင့် ပါဘဲ။
- အလုပ်လက်မဲ
့ကျဆင်းပပျောက်ရေးအတွက် ကော့် မှူးမြို့ နယ်မှာစတင်နေပါတယ်။
- မြန်မာ့ ပညာရေးအတွက် ကိစ္စတွေမှာ အစိုးရက လုပ်ပါတယ်။
ကျမတို့ ကတော့  အစိုးရမဟုတ်တဲ့ အတွက် လုပ်လို့ မရသေးပါဘူး။ တတ်နိုင်သလောက်တော့ လုပ်နေပါတယ်။
အခမဲ့ ပညာရေးအတွက် ဆက်သွယ်အကြံပြုစေချင်ပါတယ်။
- နှစ်နိုင်ငံနိုင်ငံသားခံယူဘို့ ကိစ္စကလွှတ်တော်ကဆုံးဖြတ်ရမှာပါ။ နှစ်နိုင်ငံသားဖြစ်ခွင့်  မပေးတဲ့ နိုင်ငံတွေလဲ အများကြီးရှိနေပါတယ်။
- နှစ်နိုင်ငံနိုင်ငံသားခံယူဘို့ ကိစ္စကလွှတ်တော်ကဆုံးဖြတ်ရမှာပါ။ နှစ်နိုင်ငံသားဖြစ်ခွင့်  မပေးတဲ့ နိုင်ငံတွေလဲ အများကြီးရှိနေပါတယ်။
- ဗမာတွေ ဗမာစကား တိုင်းရင်းသားတွေ တိုင်းရင်းသားဘာသာစကားကို
မမေ့ ကြပါနဲ့ ။
- ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဘို့ ဆိုတာက လွှတ်တော်ထဲမှာ မဲ၇၅ % ကျော်မှရမယ်။ တပ်မတော်က ၂၅%ပါဝင်နေတော့  အနည်းဆုံး တယောက်ပါဝင်လာဘို့  လိုပါတယ်။ တပ်မတော်သားတွေအနေနဲ့ ကလဲ ဘယ်အပိုင်းတွေဟာပြင်ဘို့ လိုမယ်ဆိုတာမြင်လာဘို့  မြန်မြန်မြင်လာရင်တော့  ပါကောင်းမှာပေါ့ ။
- ဒေါ်စု သမ္မတဖြစ်နိုင်ပါမလားဆိုတော့  ဖွဲ့ စည်းပုံအရတော့  မဖြစ်ပါဘူး။ ဒါပေမဲ့  ပြည်သူ လူထုရဲ့ အပေါ်မူတည်ပါတယ်။သမ္မတလုပ်ဘို့ ကမ်းလှမ်းလာ၇င်ပြည်သူက တောင်းဆိုလာရင် နိုင်ငံရေး

လုပ်နေတဲ့ လူဘဲ လုပ်ရဲရမှာပေါ့ ။
- ပြည်တော်ပြန်နိုင်ငံရေးသမားတွေ
နိုင်ငံရေးလုပ်တဲ့ နေရာမှာ နိုင်ငံရေးဆိုတာလုပ်စားဘို့  မဟုတ်ပါဘူးဆိုတာ ပြောခြင်ပါတယ်။(
(Chit Aung Hla Patrick)
(Chit Aung Hla Patrick)