ကချစ်စစ်ပွဲနဲ့ ပွင့်လင်းစ မီဒီယာ
တိုက်ပွဲကြားက ကေအိုင်အေ စစ်သားများကို ဧရာဝတီ ဓာတ်ပုံဆရာက မှတ်တမ်းယူထားနိုင်ခဲ့တယ် (ဓာတ်ပုံ – Steve Tickner)
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်း ၆၀
ကျော်နေပြီဖြစ်ပေမယ့် စစ်မြေပြင်အခြေနေကို
လွတ်လပ်စွာသတင်းပို့ခွင့်ရတာကတော့ ရက် ၆၀ မပြည့်သေးဘူးလို့ ပြောရမှာပါ။
အထူးသဖြင့် အခုဖြစ်နေတဲ့ ကချင်စစ်ပွဲဟာ အစိုးရသစ်၊ လွှတ်တော်သစ်လက်ထက်
ပြုပြင်ပြောင်းလဲရေးကာလ၊ အတိအကျ ပြောရမယ်ဆိုရင် ပြန်ကြားဝန်ကြီးအသစ်နဲ့
ဒုဝန်ကြီးအသစ်လက်ထက် မီဒီယာအသွင်ကူးပြောင်းရေး ကာလလို့
ကြွေးကြော်နေချိန်မှာ ပထမဆုံးကြုံလိုက်ရတဲ့ မီဒီယာ လွတ်လပ်ခွင့် စမ်းသပ်မှု
တခုဖြစ်ပါ တယ်။