ပုသိမ် တောင်သူ လယ်သမား သမဂ္ဂ ဖွဲ့
by mmnewshub
ယမန်နေ့ကကျင်းပသောပုသိမ်မြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းသည့် အခမ်းအနား (ဓာတ်ပုံ – ဆလိုင်း ဟံသာစန်း / ဧရာဝတီ
ဧရာဝတီသတင်းဌာန. ၁၈ရက်နေ့ အောက်တိုဘာ ၂၀၁၂ — တောင်သူ လယ်သမားများ ၏
အရေးကိစ္စများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပုသိမ်မြို့နယ်
အတွင်းရှိ ကျေးရွာ ၅၀ ကျော် မှ တောင်သူလယ်သမားများ စုစည်း၍ ပုသိမ်မြို့နယ်
တောင်သူ လယ်သမား သမဂ္ဂ ကို ဖွဲ့စည်းလိုက်သည်။
ပုသိမ်မြို့နယ် ကြက်ပေါင် တိုက်နယ်၊ ကြက်ပေါင် ကျေးရွာ ပေါ်တော်မူ
ဘုန်းကြီးကျောင်း၌ ယမန်နေ့က ကျင်းပသည့် သမဂ္ဂ ဖွဲ့စည်းခြင်း အခမ်းအနားသို့
ကျေးရွာ ၅၀ ကျော်မှ တောင်သူ လယ်သမား ကိုယ်စားလှယ် ၁၀၀ ခန့် တက်ရောက်၍
ပုသိမ်မြို့နယ် တောင်သူ လယ်သမား သမဂ္ဂ အလုပ် အမှုဆောင် အဖွဲ့ဝင် ၄၆ ဦးကို
ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။