ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Wednesday, December 12, 2012
နျူကလီးယားဆိုင်ရာ စာချုပ်နှစ်စောင်တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးမည်
နျူကလီးယားဆိုင်ရာ စာချုပ်နှစ်စောင်တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးမည် |
Thursday, 13 December 2012 13:58 |
နျူကလီးယားဆိုင်ရာ စာချုပ်နှစ်စောင်ဖြစ်သော “'ပိုမိုတိကျသော
သတင်းအချက်အလက်များကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)သို့
ပေးပို့ရန် နောက်ဆက်တွဲစာချုပ်နှင့် ပြုပြင်ပြောင်းလဲထား သော ပမာဏနည်းသည့်
နျူကလီးယား သတ္တိကြွပစ္စည်းများဆိုင်ရာ စာချုပ်တို့တွင်
မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာချုပ်နှစ်စောင်တွင် လက်မှတ်ရေးထိုးရန် ဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်ခြင်းမရှိကြောင်း၊အနာဂတ်တွင်လည်း ထုတ်လုပ်ရန်မရှိကြောင်း ပြသရန်အတွက်ဖြစ်ကြောင်း သိရသည်။ လက်မှတ်ရေးထိုးပြီးပါက နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချရန်ဖြစ်သော ဆေးဝါးကုသရေး၊ လယ်ယာထွက်သီးနှံများ ပြုပြင်ထိန်းသိမ်းရေး၊ ပညာသင်ကြားရေး၊ သုတေသနလုပ်ငန်းများဆိုင်ရာ နည်းပညာနှင့် ပစ္စည်းကိရိယာများ ရရှိရေးနှင့် နိုင်ငံ၏ ကျွမ်းကျင်သူပညာရှင်များအား အတွေ့အကြုံများ ရရှိစေပြီး နိုင်ငံတ ကာ အဖွဲ့အစည်းများသို့ ထိုးဖောက်တာဝန်ထမ်းဆောင်နိုင်ရေးစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးကာ စာချုပ်ဝင်နိုင်ငံ ဖြစ်ခဲ့ကြောင်း၊ သို့သော် စာချုပ်ဝင်နိုင်ငံများက စာချုပ်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမရှိသဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်အသုံးပြုမည့် ဘေးအန္တရာယ်ကို ကာကွယ်တားဆီးရန်အတွက် နျူ ကလီးယားလုံခြုံမှု စောင့်ကြပ်ရေးသဘောတူညီချက်များ ဆက်လက်ရေးဆွဲခဲ့ပြီး စာချုပ်ဝင်နိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ထိုသို့ နျူကလီးယားလုံခြုံမှု ကာကွယ်စောင့်ကြပ်ရေး သဘောတူညီချက်နှင့် ပမာဏနည်းသည့် နျူကလီးယားသတ္တိကြွပစ္စည်းများဆိုင်ရာ စာချုပ်တို့တွင် ၁၉၉၅ ခုနှစ်၌ မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ စာချုပ်ဝင်နိုင်ငံများသည် နျူကလီးယားလုံခြုံမှု ကာကွယ်စောင့်ကြပ်ရေး မူလစာချုပ်ပါပြဋ္ဌာန်းချက်များသည် ပြည့်စုံလုံလောက်မှု မရှိတော့သဖြင့် ပိုမိုတိကျသည့် သတင်းအချက်အလက်များကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီသို့ ပေးပို့ရန် နောက်ဆက်တွဲ စာချုပ်ချုပ်ဆိုနိုင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း လည်း သိရသည်။ ယခင်ရေးဆွဲထားသော ပမာဏနည်းသည့် နျူကလီးယား သတ္တိကြွပစ္စည်းများဆိုင်ရာ စာချုပ်သည်လည်း ပြည်စုံမှုမရှိသည့်အတွက် ၂၄ နာရီအတွင်း နျူကလီးယားလက်နက် ထုတ်လုပ်သည်ဟု သံ သယရှိသည့် နေရာများသို့ ၀င်ရောက် စစ်ဆေးနိုင်သည့် ပြုပြင်ပြောင်းလဲထားသော ပမာဏနည်းသည့် နျူကလီးယား သတ္တိကြွပစ္စည်းများဆိုင်ရာ စာချုပ်အား ၂၀၀၅ ခုနှစ်တွင် ထပ်မံရေးဆွဲပြီး စာချုပ်ဝင်နိုင်ငံများ ပါဝင် လက်မှတ်ရေးထိုးထားသော်လည်း မြန်မာနိုင်ငံအနေဖြင့် ယင်းပြန်လည် ရေးဆွဲထားသည့် စာချုပ်နှစ်စောင်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အတွက် နိုင်ငံတစ်ကာ၏ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်ဖြေရှင်းနေရသဖြင့် လက်မှတ်ရေးထိုးနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ |
"၁၂-၁၂-၁၂ တိုက်ပွဲမှသည် တကြော့ပြန် ခံရမည့် ပွဲမျိုးလား"
"၁၂-၁၂-၁၂ တိုက်ပွဲမှသည် တကြော့ပြန် ခံရမည့် ပွဲမျိုးလား"
by moethiha aung
"၁၂-၁၂-၁၂ တိုက်ပွဲမှသည် တကြော့ပြန် ခံရမည့် ပွဲမျိုးလား"
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ချက်ချင်း ဖျက်သိမ်းရန် အ
တွက်လူထုဆန္ဒပြပွဲ တနိုင်ငံလုံးပြုလုပ်ကြဖို့  ကြွေးကြော်နေကြ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ချက်ချင်း ဖျက်သိမ်းရန် အ
တွက်လူထုဆန္ဒပြပွဲ တနိုင်ငံလုံးပြုလုပ်ကြဖို့  ကြွေးကြော်နေကြ
သည်။ လက်ပံတောင်းတောင် ကျေးရွာ -၂၆-ရွာက ပတ်ဝန်း ကျင်ကျေးရွာများ၏တောင်းဆိုသံသည် ခုတော့ သင်္ဃာများကို မီးခိုးဗုံးနှင့် ဖြိုခွဲခဲ့ ၍အနာရင့်လာသည့် အခြေအနေမျိုး ဖြစ်လာသည် ။
လက်ပံတောင်းတောင်အရေးနှင့် မြေယာပြဿနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း အပိုင်း (၁)
လက်ပံတောင်းတောင်အရေးနှင့် မြေယာပြဿနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း အပိုင်း (၁)
by mmnewshub
Arakan Times, 12 December 2012 —-
လက်ပံတောင်းတောင် အရေးသည် အမှိုက်ကစ ပြသာဒ် မီးလောင်ခြင်း မဟုတ်ပါ။ ပြသာဒ်ကြီး တစ်ခုလုံးကို လောင်နေသော မီးကျီးခဲသည် အမှိုက်ကလေးတစ်စကို ထပ်မံရှို့မိပြီး ထတောက်လာခြင်း သာ ဖြစ်သည်။ ပြသာဒ်ကြီး တစ်ခုလုံးကို လောင်နေသော မီးကျီးခဲကို စနစ်တကျငြိမ်းသတ်နိုင်မှသာ လက်ပံတောင်းကဲ့သို့ မီးတောက် ကလေးများ တစ်ပြည်လုံးတွင် အလိုလို ငြိမ်းသွားပါမည်။ ဤသည်ကို ရှင်းပါမည်။

Subscribe to:
Posts (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။
Powered By Blogger Widgets