ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Tuesday, March 5, 2013
မီဒီယာလောက လွတ်လပ်မှ တိုင်းပြည် ဂုဏ်ပြောင်မည်

by Nyatasay
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာပေစိစစ်ရေးကို ဖျက်သိမ်းပြီး ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့်ကို ပေးသည်အထိ စာနယ်ဇင်း ထိန်းချုပ်မှု ဖြေလျှော့ပေးလာသည်။ ယူနက်စကို၏ လမ်းညွှန်မှုအပါအဝင် နိုင်ငံတကာ မီဒီယာဖွံ့ဖြိုးရေးအဖွဲ့များနှင့် ပူးပေါင်းပြီး သင်တန်း များပေးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ ပြုလုပ်လာခဲ့ပြီး အစိုးရပိုင် မီဒီယာများကိုလည်း ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများအဖြစ်သို့ အသွင်ကူးပြောင်းရန် အစီအစဉ်များ ချမှတ်လာခဲ့သည်။ ဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေမူကြမ်းကို သတင်းစာနယ်ဇင်းသမားများ ကိုယ်တိုင် ပြန်လည်ရေးဆွဲခွင့် ပြုသည်အထိ သဘောထား ပျော့ပြောင်းမှုကို ပြသခဲ့သည်။
လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင် မှန်ကန်မှု အားနည်းဟုဆို
လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင် မှန်ကန်မှု အားနည်းဟုဆို
by Nyatasay
တနိုင်ငံလုံးတွင် ဖြစ်ပွားနေသည့် မြေယာ အငြင်းပွားမှု ပြဿနာများနှင့် ပတ်သက်ပြီး လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းထားသော်လည်း လယ်ယာမြေကိစ္စ များကို စစ်ဆေး ဖော်ထုတ်ရာတွင် အားနည်းချက်များ ရှိနေပြီး ကော်မရှင် အဖွဲ့ဝင် တချို့သည် အငြင်းပွားဖွယ်ရာ လယ်ယာမြေ ကိစ္စရပ်တွင် ပါဝင် ပတ်သက်မှု ရှိနေသည်ဟု လယ်သမားများအရေး ဆောင်ရွက်နေသည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ကိုနေမျိုးဝေက ဧရာဝတီသို့ ပြောသည်။
ဒီချုပ် ညီလာခံသတင်း
ဒီချုပ် ညီလာခံသတင်း
by Moethee Zun
ညီလာခံတွေနဲ့ ပတ်သက်ပြီး ပြေလည်တယ်ဆိုတဲ့အဆင့်ကို ကျွန်တော်
သိပ်မပြောရဲဘူး - NLD ပါတီ ညီလာခံကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး -
ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံခြင်း ( အံ့ခေါင်မင်း )
( သတင်း - မြန်မာသံတော်ဆင့် - အတွဲ -၁ ၊ အမှတ် - ၅၁ ၊ မတ် - ၂ - ၈ ၊ ၂၀၁၃ ခုနှစ် )
လာမည့် မတ်လ ၈ရက်မှ စတင်ကာ နှစ်ပေါင်း ၂၀ ကျော် ဖိနှိပ်မှုမျိုးစုံကြားမှ
ရုန်းကြွတိုက်ပွဲဝင်ခဲ့ရသော အမျိုးသားဒိမိုကရေစီအဖွဲ့၏
နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို ကျင်းပတော့မည်ဖြစ်သည်။
ယင်းညီလာခံကြီးသည် အာဏာရှင်လက်အောက်တွင် အင်အားချည့်နဲ့အောင်
နည်းမျိုးစုံနှင့် ချောင်ပိတ်ခြင်း ခံခဲ့ရသော ဒီမိုကရေစီ လှုပ်ရှားမှု
ပါတီကြီး၏ ရပ်/ကျေး အဆင့်မှ ဗဟိုအဆင့်ထိ အားသစ်လောင်းသည့် ပွဲကြီးတစ်ရပ်
လည်းဖြစ်ပါသည်။ သို့သော် ယင်းညီလာခံကြီးနှင့် ပတ်သက်၍
ပါတီအောက်ခြေအဆင့်မှ စကားအမျိုးမျိုး ဝေဖန်ပြောကြားမှုများ၊ ပဋိပက္ခ
အသွင်သဏ္ဍန် များသည်လည်း သြဇာအာဏာ ယစ်မူးမှုတို့၏ ဓမ္မတာအရ
ဖြစ်ပေါ်လာခဲ့ကြသည်။ ပွင့်လင်းစွာဆောင်ရွက်လာနိုင်မှု နှင့်
လူထုကြားကြီးမားသော ထောက်ခံမှုရခြင်းကြောင့် ဝင်လာမစဲ တသဲသဲ ဖြစ်ခဲ့ရသော
NLD ပါတီအနေဖြင့် လူစုံသလို ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်အဆင့် ညီလာခံများ၌
ပြဿနာလည်း စုံခဲ့လေသည်။
ယင်းပြဿနာများကြားမှာပင် ယခုဗဟိုအဆင့်ညီလာခံကြီး ကျင်းပတော့မည်ဖြစ်သည်။
ထို့အတွက် ညီလာခံနှင့် ပတ်သက်၍ ညီလာခံကျင်းပရေး ဗဟိုကော်မတီအတွင်းရေးမှုး
ဦးညာဏ်ဝင်း နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေတစ်ဝိုက် ရွှေကြောများတွေ့

by moethiha aung

Wednesday, March 6, 2013
နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ နေပြည်တော်တိုင်းစစ် ဌာနချုပ် နယ်မြေအနီးတစ်ဝိုက်တွင် စီးပွားဖြစ် ထုတ်နိုင်သော ရွှေကြောများရှိနေကြောင်းဘူမိဗေဒ ပညာရှင်ဦးစိုးသိန်းက ပြောသည်။
ယခင် နေပြည်တော် မြို့တော်အဖြစ် မဖော်ထုတ်ခင် ၁၉၈၉ ခုနှစ် အစောပိုင်းကာလက ယင်းနယ်မြေတွင် သရက်ခုံ ရွှေကြောတစ်ခုရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ရွှေထုတ်လုပ်သည့် စက်ရုံဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။ယင်းရွှေကြောမှာ နေပြည်တော် တောင်ဘက်ရှိ တောင်တန်းများ
မှတစ် ဆင့် ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းအထိပင် ရှည်လျားကြောင်း ဦးစိုးသိန်းကပင်ဆိုသည်။

ကရင်ပြည်နယ်တွင်း မြေယာသိမ်းခံရမှု ပြဿနာကြီးထွား

by mmnewshub
Subscribe to:
Posts (Atom)