တောင်တရုတ်ပင်လယ်နှင့် မဟာဗျူဟာရေးရာ
(အပိုင်း-၉)
ပဋိပက္ခဖြေရှင်းရန် အကြံပြုချက်များ
တောင်တရုတ်ပင်လယ်အငြင်းပွားမှုကနေ
ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားလာခြင်း မရှိရေးအတွက် တိုက်ရိုက်နဲ့ သွယ်ဝိုက် ပါဝင်ပတ်သက်နေတဲ့
နိုင်ငံတွေအားလုံးမှာ တာဝန်ရှိပါတယ်။ စစ်ရေး ထိတွေ့မှုတွေ မဖြစ်ပွားလာစေရေးအတွက် တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့
နိုင်ငံတွေအနေနဲ့ ပဋိပက္ခ ဖြေရှင်းခြင်းနည်းလမ်းများကို အသုံးပြုသင့်ကြောင်း ပညာရှင်များက
အဆိုပြုထားကြပါတယ်။