ပြဿနာဖြစ်ပွားခဲ့တဲ့ လူကြီးမင်းဖုန်းဆိုင် သတင်းစာရှင်းလင်းပွဲလုပ်
Photo:
RFA/Kyaw Myo Htun လူကြီးမင်းဖုန်းဆိုင်က ကံစမ်းမဲပြုလုပ်မယ့်အစီအစဉ်
လက်ကမ်းကြော်ငြာကို လသာမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြသနေစဉ်
ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ မနေ့က ရုန်းရင်းဆန်ခတ်
ဖြစ်ပွားခဲ့မှုတွေအတွက် လူကြီးမင်း ဖုန်းအရောင်းဆိုင်အနေနဲ့ အများပြည်သူကို
အနူးအညွတ် တောင်းပန်ကြောင်းနဲ့ တောင်ကြီးမြို့နဲ့ နေပြည်တော်မှာရှိတဲ့
လူကြီးမင်းဖုန်းဆိုင်တွေမှာတော့ မူလအစီအစဉ်အတိုင်း ကံစမ်းမဲအစီအစဉ်ကို
အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကံစမ်းမဲအစီအစဉ်ကိုတော့ အခြားသော ပုံစံနဲ့ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
မနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ လူကြီးမင်းဖုန်းဆိုင်တွေရဲ့ တစ်သိန်းကျော်တန် Samsung Galaxy Mini ကို ၅၀၀၀ ကျပ်နဲ့ ရောင်းချမယ့် ကံစမ်းမဲအစီအစဉ်မှာ ကံစမ်းမဲကူပွန် ထုတ်ယူသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် အစီအစဉ် ဖျက်သိမ်းခဲ့ရပါတယ်။

No comments:
Post a Comment