Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

Wednesday, March 20, 2013

ကမ်းရိုးတန်းသွား အမြန်ရေယာဉ် များအား ကြပ်မတ် ပေးစေချင် (ပေးစာ )

ကမ်းရိုးတန်းသွား အမြန်ရေယာဉ် များအား ကြပ်မတ် ပေးစေချင် (ပေးစာ )

ထားဝယ်- မြိတ်- ကော့သောင်း  ကမ်းရိုးတန်းသွား အမြန်ရေယာဉ် များသည် ရေကြောင်း ဦးစီးဌါနမှ သတ်မှတ် ခွင့်ပြု ထားသည့် ခရီးသည် အရေအတွက်ထက် များစွာ ပိုမို တင်ဆောင်ခြင်းကြောင့် ခရီးသည်များ ထိုင်ခုံနေရာ မရဘဲ အမြန်ယာဉ် အမိုးပေါ် တက်စီးရခြင်း၊ လှေခါးများ၊ အိမ်သာ တံခါးဝ များတွင် ဖြစ်သလို ထိုင်စီးရခြင်းများ အပြင် ခရီးသည်များအား အမြန် ရေယာဉ် ပိုင်ရှင်များ၊ အမြန်ရေယာဉ် အလုပ်သမားများမှ ရိုင်းစိုင်းစွာ ပြုမူ ပြောဆို ဆက်ဆံခြင်း များ ပြုလုပ်လျက် ရှိရာ ခရီးသည်များ အနေဖြင့် တန်ရာ တန်ဖိုး အခကြေးငွေ ပေးပြီး စီးနင်းသော်လည်း များစွာ အောက်ကျ နောက်ကျ ဖြစ်ရပါသည်။

Friday, February 22, 2013

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကနဦး)ဌာန၏ လာဘ်ငွေ အဓမ္မ တောင်းခံနေခြင်းကိစ္စ (ပေးစာ)

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကနဦး)ဌာန၏ လာဘ်ငွေ အဓမ္မ တောင်းခံနေခြင်းကိစ္စ (ပေးစာ) 

 ဓာတ်ပုံ ဧရာဝတီ
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကနဦး)ဌာန၏ လာဘ်ငွေ အဓမ္မ တောင်းခံနေခြင်းကိစ္စ (ပေးစာ)

ကညနယာဉ် မှတ်ပုံတင်ဌာန(ကနဦး) မြင်သာ ရန်ကုန်တောင်ဉက္ကလာတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည် နိုင်ငံတော်မှ စေတနာထား၍  ပြည်သူအများ သက်သာချောင်ချိ နိုင်ငံတကာအဆင့်မှီ ကားများ  စီးနိုင်စေရန် စေတနာထား၍၊ ယာဉ်အိုဟောင်းအပ်ကာ အဆင့်မြင့် ယာဉ်များ သွင်းစေခြင်း၊ မော်ဒယ်မြင့်များ  နိုင်ငံခြားငွေစာရင်းဖြင့် သွင်းစေခြင်းများ ဆောင်ရွက်ပေးလျှက်ရှိရာတွင် ယင်းဌာန၏ ယာဉ်စစ်အင်္ဂျင်နီယာဌာန ယာဉ်စစ်ဆေးခြင်းအထိ  အဆင်ပြေချောမွေ့သော်လည်း၊ ကနဦးဌာနသို့ ရောက်ရှိ၍ အမှုတွဲ စဖွင့်သည်မှ စ၍ကိစ္စရပ်တိုင်းအား ငွေညှစ်ခြင်းငွေ   တောင်းခြင်းများကို လုပ်ငန်း၏ ဆောင်ရွက်မှု အဆင့်တိုင်းတွင် ယာဉ်မှတ်ပုံတင် စာအုပ်လက်ဝယ် ရောက်ရှိသည့် ဆောင်ရွက်ပေးသည့် စားပွဲတိုင်း ငွေလမ်းခင်းနေရပါသည်။

Thursday, February 21, 2013

ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ)

ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ) 

 ကားနေရာအခက်အခဲကြောင့် ယနေ့ရန်ကုန်မြို့မှ တိုင်ထောင်၍ ကားParking နေရာရယူကြပုံ တချို့

ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ) 
သမ္မတကြီး ဦးသိန်းစိန်ခင်ဗျား...

သမ္မတကြီးနှင့် အစိုးရအဖွဲ့သည် clean government, good governance ဖြစ်ဖို့
ကြီးစားနေသည့် အစိုးရအဖွဲ့ဖြစ်ကြောင်း ပြည်သူများက ယုံကြည်နေကြပါသည်။

သို့သော် ထိုယုံကြည်ချက်များအား ဖျက်လို ဖျက်ဆီးပြုမည့်သူများက သမ္မတကြီးတို့အစိုး
အဖွဲ့အတွင်း၌ ရှိနေကြပါသည်။  ၎င်းအတွင်းလူများကြောင့် သမ္မတကြီးတို့ အစိုးရအဖွဲ့သည် တဖြည်းဖြည်းနှင့် အမည်းစက်များ များလာသည်ကို တွေ့လာရပါသည်။  ထိုလူများသည် သမ္မတကြီးတို့ အစိုးရအဖွဲ့၏ သားသမီး၊ ဆွေမျိုးတစ်စုပင် ဖြစ်ပါသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။