ကချင်အရေး အမေရိကန် စိုးရိမ်
မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်
BBC News, 16 January 2013 —- ကချင်ပြည်နယ်မှာ
ဖြစ်ပွားနေတဲ့ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက
အထူးစိုးရိမ်ကြောင်းနဲ့ အပြစ်မဲ့ အရပ်သား တွေကို ကူညီခွင့် ပိုရဖို့
တောင်းဆို နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး
ဒဲရစ်မစ်ချယ်က ပြောပါတယ်။ရန်ကုန်မြို့က ဘီဘီစီ သတင်းထောက် ဦးကိုကိုအောင်က သူ့ကို သီးသန့် ဆက်သွယ် မေးမြန်း ထားတဲ့ အထဲက တချို့ကို ကောက်နှုတ် တင်ပြ လိုက်ပါတယ်။