လိုင်ဇာ မသိမ်း သော်ငြား စစ်ရေး အရေးပါ နေရာများ အစိုးရ သိမ်းပိုက် ထားလို
ကချင်ပြည်
လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် ဖြစ်သည့် လိုင်ဇာကို မသိမ်းရန် သမ္မတ
ဦးသိန်းစိန် ညွှန်ကြား ထားသည်ဟု ဦးအောင်မင်းက ယမာန်နေ့တွင် ပြည်တွင်း
မီဒီယာသို့ ပြောကြား ထားသည် ရှိသည့် အပေါ် လိုင်ဇာ ဌာနချုပ် စခန်းအား မသိမ်း
သော်ငြားလည်း စစ်ရေး အတွက် အရေးပါ စိုးမိုး တောင်ကုန်း များအား သိမ်းပိုက်
ထားနိုင်ရန် ရည်ရွယ်၍ စစ်ဆင် နေဖွယ် ရှိကြောင်း ကျောင်းသား တပ်မတော်မှ
ခေါင်းဆောင် တဦးက ပြောသည်။