Wednesday, January 2, 2013

တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကိုပဲ ချေမှုန်းဖို့ လား


တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကိုပဲ ချေမှုန်းဖို့ လား 


ကေအိုင်အေ က ကချင်ကို ကိုယ်စားမပြုဖူး ဆိုစစ်တပ်ကလည်း မြန်မာတွေကို ကိုယ်စားမပြုပါဘူး လို့ပဲ ပြောချင်ပါတယ် ။
ကချင်ဘက်က လိုက်နေတယ်ထင်ရင်လည်း ဦးနှောက်သေးလှတယ်ပဲအောက်မေ့တယ် ။ ငါတို့ ဗမာတွေလည်း ကိုယ့် တပ်မတော်ကိုယ် နိုင်ငံတိုင်းက ခန့်ညားတာ မြင်ချင်တာပေါ့ ။ မင်းတို့ နိုင်ငံတကာ မျက်နှာစာမှာ
မြန်မာတပ်မတော် အကြောင်းတွေ လိုက်ဖတ်ကြည့်လေ ။ တစ်ခုတည်းသော တပ်မတော် ဆိုတာလည်း ဒီလို တပ်မတော်မျိုးလက်မခံနိုင်ပါ ။ ကချင် နဲ့မှ မဟုတ်ဘူး ၊ ကေအိုင်အေ ကောင်းတာမကောင်းတာနဲ့လည်း မဆိုင်ဘူး ။ ခောတ်မီတိုးတက်တဲ့ စစ်မှန်တဲ့ပြည်ထောင်စု ဆိုတာမျိုးက ဒီနေ့လုပ်ရပ်တွေနဲ့ လားလားမှ မအပ်စပ်ဘူး။

မြန်မာတပ်မတော်ဟာတိုင်းရင်းသားတွေနဲ့ဒီမိုကရေစီလှုပ်ရှားမှုတွေကိုပဲနှစ်ပေါင်းများစွာရက်ရက်စက်စက် ချေမှုန်းလာတာဘယ်သူငြင်းမလဲ ။တိုင်းပြည်ရန်စွယ် (ပြည်ပရန်) လို့ မယ်မယ်ရရမှ မရှိပဲ ၊ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကိုပဲ ချေမှုန်းဖို့ စစ်တပ်ကြီးကို ချဲ့သထက်ချဲ့ ပညာရေးနဲ့ကျန်းမာရေး နှစ်ခုပေါင်းရဲ့ အဆ နှစ်ရာကျော် (UNDP 1997Report) သုံးလာခဲ့တာ အီရတ်နဲ့ ဆီးရီးယားပဲ မြန်မာအထက်မှာကျန်သတဲ့။

ဒါကို ပြောနေတာ ။ ကချင်တွေ မန်းလေး မလာပါဘူးကွာ ။ဘာပဲပြောပြော ခု တိုက်နေတာ ပြည်သူတစ်ယောက်အနေနဲ့ ကန့်ကွက်

ပါတယ် ။ ပင်လုံ လို အားလုံးပါတဲ့ ညီလာခံတစ်ခု အမြန် ခေါ်ပေးပါ ။၁၉၉၀လာက် ကတည်းက ကုလလို အဖွဲ့အစည်းကတောင် NLD , တိုင်းရင်းသားတွေနဲ့ သုံးပွင့်ဆိုင် မျက်နှာချင်းဆိုင် ဆွေးနွေးကြပါလို့ စစ်အစိုးရကို အကြံပေးခဲ့ကြတာပါ ။
ပြဿနာကြီးကို ဖျောက်၊ ထိန်ချန်ပြီး ရွှေပိုက်သွားရာ မိုးလိုက်ရွာနေတဲ့ကချင် နဲ့ ရခိုင် ကွက်ကွက်ကလေးပဲ မမြင်ကြပါနဲ့ဗျာ..။ နိုင်ငံရေးနည်းနဲ့စေ့စပ်လို့ မရဘူးဆိုတာ မရှိပါဘူး ။ဒိထက် ပို ပြင်းထန်တဲ့ လူ့အဖွဲ့အစည်း

တွေမှာတောင် ရှင်းနိုင် ဖြေရှင်းနိုင်ခဲ့တဲ့မှတ်တမ်းတွေ အများကြီးပါ ။ခုထက်ထိ တိုင်းရင်းသားအားလုံးနဲ့ တပြိုင်နက် မတွေ့ရဲ မညှီနှိုင်းနိုင်သေးတာကိုက စစ်မှန်တဲ့ ပြည်ထောင်စု နဲ့ ဝေးနေသေးတာပါ ။ တစ်ဖွဲ့ချင်းကြိတ် ညှိ ၊ အကျိုးအမြတ် ခွဲဝေ၊ အပစ်ရပ်တာတွေက ရေရှည် မပါတာအားလုံးလည်း သိပြီးသားတွေချည့်ပါပဲ ။
တပ်မတော်ဟာ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကိုပဲချေမှုန်းဖို့ လား လို့ပဲ မေးရတော့မှာပါ ။ ဗ က ပ အပြို ဝ တွေ ကိုးကန့်တွေ နဲ့ ငြိမ်းပြီးကတည်းက အစွာဆုံး ကေအင်ယူကို ဆော်တယ် ။ဒီကေဘီအေ နဲ့ Divide and rule တယ် ။ ကေအင်ယူ ပြိုတော့ ကျန်တဲ့SSA လိုမျိုးကို တိုက်ပြန်တယ် ။ အတော် ပြုတ်ကုန်တော့ ငြိမ်းတွေုဖြစ်ကုန်တော့ ပြည်တွင်းက NLD ကို အပြုတ်ဆော် လိုက်တာ မှတ်တမ်းပါပဲ ။ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကိုပဲ ဆော်နေတဲ့

အာဏာရှင် လက်ကိုင်တုတ်ဘဝ ရောက်နေတဲ့ တပ်မတော် ဟာသမိုင်းမှာ ပေကျံစွန်းထင်းပြီးသား ၊ ဒီကနေ့ တကယ်ရိုးသားရင် လူထုကိုအမှန်တိုင်း ဖွင့်ချပြပြီး လုပ်သင့်နေပါပြီ ။ တိုင်းရင်းသား ပြဿနာကိုလည်း
ရိုးသားစွာ ဖြေရှင်းသင့်နေပါပြီ ။

Khaing Soelynn Facebook

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။