တပ်မတ်ာလေယာဉ်တစ်စီးကို လဂျားယန်ကောင်းကင်ယံတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်
တပ်မတော်နှင့် ကေအိုင်အေတို့အကြား ဒီဇင်ဘာလအတွင်း
လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှု အကြိမ် ၁၀၀၀ ကျော်ရှိခဲ့ပြီး ဒီဇင်ဘာလ ၃၀
ရက်တွင် ဘွမ်ရိုင်တောင်ကုန်းပေါ်တွင်ရှိ သည့် ကေအိုင်အေတပ်ရင်း ၂၃ ၏
ရှေ့တန်းတပ်စခန်းနေရာ ကို ကေအိုင်အေတို့ လက်လွှတ်ခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါ ကေအိုင်အေတပ်ရင်း၂၃ သည် လိုင်ဇာမြို့၏ လုံခြုံရေးကို
တာဝန်ယူထားသည့် တပ်ရင်းဖြစ်ကြောင်းနှင့် ဒီဇင်ဘာလ ၃၁ ရက် ညပိုင်းတွင်
ကေအိုင်အေတပ်ရင်း ၂၃ ၏ ရှေ့တန်း တပ်စခန်းနေရာအား တပ်မတော်ဘက်မှ
တပ်များရောက်ရှိကာ လက်နက်ကြီးများ တပ်ဆင်ခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်နှင့် ကေအိုင်အေတို့အကြား ၂၀၁၁ ခုနှစ် ဇွန်လအတွင်းမှ
ပြန်လည်စတင်ဖြစ်ပွားခဲ့သည့် စစ်ပွဲများသည်၂၀၁၂ ခုနှစ်ဒီဇင်ဘာလတွင်
တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး နှစ်ဖက်တပ်များအကြား လက်နက်ကြီးများ
အသုံးပြုတိုက်ခိုက်မှု ပိုမိုပြုလုပ်ခဲ့ကြပြီး လဂျားယန်ဒေသဘက်သို့
လေကြောင်းမှ ပစ်ခတ်မှုအချို့ ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ
သိရသည်။
လိုင်ဇာမြို့မှ ခုနစ်မိုင်ခန့်အကွာတွင်ရှိသော လဂျားယန်ဒေသ
တိုက်ပွဲကာလအတွင်း ၁၀၅ မမ၊ ၁၂၀ လက်နက်ကြီး ပစ်ခတ်မှုများမှာ ဒီဇင်ဘာလအတွင်း
အကြိမ်ရေ ၁၀၀၀ကျော်ရှိခဲ့ရာ ဒီဇင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့ကာလ အတွင်း
လက်နက်ကြီးဖြင့် အပြန်အလှန် တိုက်ခိုက်မှု အကြိမ်ရေ ၄၀၀ ကျော်ရှိခဲ့ကြောင်း
သိရသည်။
လဂျားယန်ရှိ ABSDF မြောက်ပိုင်းကွပ်ကဲရေးရုံး လက်နက်ကြီးထိမှန်ထားသည်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်
ယင်းသို့ နှစ်ဖက်တပ်များအကြား အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ရာ ဒီဇင်ဘာလ
၃၀ရက် ညနေပိုင်းက ကေ အိုင်အို/ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး
တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ၁၀၅ မမ လက်နက်ကြီး
ကျည်ဆံနှစ်ကြိမ်၊ အချိန် ၁၀ မိနစ်ခြား၍ ကျရောက်ခဲ့ကြောင်းနှင့်
ဒေါ့ဖုန်းယမ်ဘက်မှ လဂျား ယန်ဘက်သို့ လက်နက်ကြီးပစ်ခတ်မှုမှာ
အကြိမ်ရေပိုများကြောင်း သိရသည်။
''လိုင်ဇာနားတစ်ဝိုက် တရုတ်ပိုင်နက်ထဲကို လက်နက်ကြီးကျည်ဆံကျတာ
ဒါပထမဆုံးပါပဲ။ ပန်ဝါဘက်မှာတော့ မကြာခဏဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့်
အဲဒီဘက်မှာ လူနေတဲ့ရွာတွေမရှိတော့ ထိခိုက်တာမရှိခဲ့ပါဘူး။လဂျားယန်ဘက်ကို
ပစ်တဲ့လက်နက်ကြီးတွေကတော့ ၁၀၅ မမ တွေ ပိုများပါတယ်။ ၁၀၅ မမအတွက်
ကျည်ဆန်တစ်တောင့်တန်ဖိုးက ၀ယ်မယ်ဆိုရင် ကျပ်သိန်း ၂၀ လောက်ရှိပါ တယ်''ဟု
ကေအိုင်အို/ကေအိုင်အေ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က
ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၃၀ရက်တွင် လဂျားယန်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ
ရှမ်းပြည်နယ် နားလုံဘက်မှ ကချင်ပြည် နယ်နားလုံဘက်သို့ စစ်ကြောင်းဆင်းလာသော
အစိုးရတပ်များနှင့် ကေအိုင်အေတပ်များအကြား ပြင်းထန်သော မြေပြင်တိုက်ပွဲများ
ဖြစ်ပွားခဲ့သည်ဟု သိရပြီး ပန်ဝါဒေသဘက်တွင်လည်း တိုက်ပွဲများဖြစ်ခဲ့ကြောင်း
သိရသည်။
ယင်းသို့ နှစ်ဖက်တပ်များအကြား တိုက်ပွဲများ
ပြင်းထန်စွာဖြစ်ပွားခဲ့ရာတွင် လဂျားယန်ဒေသဘက်သို့
လေကြောင်းကူပစ်ခတ်မှုများရှိခဲ့ပြီး တိုက်လေယာဉ်သုံးစင်း အသုံးပြု၍
လေကြောင်းစစ်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ဒီဇင်ဘာလ ၃၀ ရက်နေ့
တစ်ရက်တည်းတွင် လက်နက်ကြီးပစ်ခတ်မှုအကြိမ် ၆၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့က လဂျားယန်ရှိ လူနေအိမ်တစ်လုံး လက်နက်ကြီးကျည်ထိမှန်၍ မီးလောင်ပျက်စီးခဲ့သည်ကိုဒီဇင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်
တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားမှုမှာ ဒီဇင်ဘာလ ၂၃
ရက်မှ စတင်ကာ ပိုမိုပြင်းထန်ခဲ့ပါသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်
မလိရေအားလျှပ်စစ်စက်ရုံအနီးရှိ ကန်တော်တုအနီးတွင်လည်း တိုက်ပွဲများ
ဖြစ်ခဲ့ကြောင်းနှင့် နန်ဆန်ယန်မှ ကပန်းတောင်သို့သွားရာ လမ်းဘေးတွင်လည်း
ကေအိုင်အေတပ်ရင်း ၈ နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ
ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့အပြင် လိုင်ဇာမြို့မှ ၁၃
ကီလိုမီတာခန့်အကွာတွင်ရှိသော ဒေါ့ဖုန်းယန်ဘက်မှ တပ်မတော်တပ်များက
လဂျားယန်ဘက်သို့ လက်နက်ကြီးများဖြင့် ဒီဇင်ဘာလ၂၉ရက်နေ့ နံနက်ပိုင်းမှ
ညအချိန်အထိ ပစ်ခတ်မှုများ မကြာခဏပြုလုပ်ခဲ့ကြောင်း သိရသည်။ |
Comments
အုပ်လိုက် ၀င်ဆော်ပါလား
ညှာရင် ပြာမယ် နော်
ကေအင်ယူကို ဗျင်း သလိုဗျင်းလေ.... ဘာတွေဝေနေတာလဲ...
ဗမာတွေကို အံတုရင် ဘာဖြစ်သွားမယ် ဆိုတာ သိသွားအောင် ပြဘို့ အချိန်ကောင်းဘဲနော်
(ပြောပါဦး မောင်ကချင်တို့ ..... ဘယ်နေ့ဘယ်ရက်က စစ်တပ်ကို ၀င်တိုက်တာ.... လူ ၂၀ ကျသွားတယ်တို့ ....၁၀၀ လောက်ဒဏ်ရာရတယ်တို့ မလုပ်ကြတော့ပါလား.....။
ပြောကြဦးလေ....တပ်က သုံ့ပန်း၅၀ လောက်မိထားတယ်ဆို..... အခုတော့ အသံမထွက်ကြတော့ပါလား....)
တကယ်သာ စစ်တိုက်မယ်ဆိုရင်.... မောင်ကချင်တို့ သေတာကြာပြီ.....MIG-29 တွေ... F-7 တွေ မပါသေးဘူးနော်... G-4 နဲ့ K-8 လေးပဲ ရှိသေးတယ်....ဟက်ဟက်