န၀တရဲ့ ၂/ ၈၈ အမိန့်ကို ဖျက်သိမ်းလိုက်ပြီ
ရှစ်လေးလုံး အရေးတော်ပုံ ကာလ ရန်ကုန်မြို့ မြင်ကွင်း
ဒီအမိန့်ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၄ နှစ်ကျော်ကြာပြီးနောက် အခုလို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။
မြန်မာ့အလင်းသတင်းစာ
မြန်မာနိုင်ငံမှာ
၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးနောက်
စက်တင်ဘာ လ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဆိုတဲ့ စစ်ကောင်စီ အစိုးရက အမိန့်တွေ
ဆက်တိုက်ထုတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဒုတိယမြောက် အမိန့်ဖြစ်တဲ့ ၂ / ၈၈ ဆိုတဲ့ လူ ၅ ဦးထက် ပို မစုရ၊ ဆန္ဒမပြရဆိုတဲ့ အမိန့်ဟာ ထိုစဉ် က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေသာမက၊ အခြားသော နိုင်ငံသားတွေအတွက်ပါ ထိရောက်စွာ အရေးယူခဲ့တဲ့ အမိန့်ပုဒ်မလည်းဖြစ်ပါတယ်။
ဒီအမိန့်နဲ့ လူစုခွဲ၊ ပစ်မိန့်ပေးနိုင်တဲ့ အတွက် ၂/၈၈ အမိန့်ဟာ ယခင် စစ်အစိုးရများ တလျှောက်လုံး ကျင့်သုံး ခဲ့တာလည်းဖြစ်ပါတယ်။
No comments:
Post a Comment