BBC World ကို မြန်မာ TV က ထုတ်လွှင့်မယ်
မြန်မာပြည် အတွက် ဘီဘီစီက အဖိုးတန် သတင်း ရင်းမြစ်ဖြစ်
BBC World Today, CBeebies, BBC Entertainment ရုပ်သံ လိုင်းတွေနဲ့ BBC World Service အသံလွှင့် အစီအစဉ် တွေကို အခကြေး ယူပြီး တဆင့် လွှင့်ပေးမယ့် Forever Group နဲ့ ဘီဘီစီတို့ အကြား ဒီဇင်ဘာ လက သဘောတူ စာချုပ် ချုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဘီဘီစီ ရဲ့ အရည်အသွေးမြင့် ထူးချွန်ဆုရ ရုပ်သံ အစီအစဉ် တွေ၊ မူကြို ကျောင်းသား တွေ အတွက် ရည်ရွယ် တင်ဆက်နေတဲ့ အစီအစဉ် တွေကို မြန်မာပြည်မှာ တိုက်ရိုက် ထုတ်လွှင့် နိုင်တော့မှာမို့ အလွန် ဝမ်းမြောက်မိတယ်လို့ BBC Worldwide Channels Asia ရဲ့ ဒုတိယ ဥက္ကဋ္ဌဌ Mark Whitehead က ပြောပါတယ်။
ဘီဘီစီ ရဲ့ ဘက်မလိုက် တိကျတဲ့ အစီအစဉ် တွေကို မြန်မာ နိုင်ငံမှာ ပြသခွင့် ရတာဟာ မြန်မာပြည်တွင်း တိုးတက်မှု တွေကို ဖော်ပြတဲ့ လက္ခဏာ ဖြစ်တယ်လို့ ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့် အစီအစဉ် ညွှန်ကြားရေးမှူး Peter Horrocks ကလည်း ပြောပါတယ်။
ဘီဘီစီ ရဲ့ အရည်အသွေးမြင့် ရုပ်သံနဲ့ ရေဒီယို အစီအစဉ်တွေ အခုလို တင်ဆက်ပေးနိုင်တဲ့ အတွက် Forever Group မီဒီယာအုပ်စုကို အားပေးတဲ့ ပရိသတ်တွေ ထပ်တိုးလာမယ်လို့ ယုံကြည်ကြောင်း Forever Group ဦးဆောင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမော် က ပြောသွားပါတယ်။
No comments:
Post a Comment