Tuesday, December 18, 2012

ရန်ကုန် ဆေးရုံကြီးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစစ်ဆေး


ရန်ကုန် ဆေးရုံကြီးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစစ်ဆေး

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ဆေးရုံ ကြီးသို့ ဒီဇင်ဘာ ၁၇ရက်နေ့ နံနက်ပိုင်းက သွားရောက်ခဲ့စဉ်(ဓာတ်ပုံ- Popular News)
RFA News, 17 December 2012  — ပြည်သူ့လွှတ်တော် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က လက် ပန်းတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်း ခံရချိန်မှာ ပြင်းထန် စွာ ဒဏ်ရာရရှိခဲ့တဲ့ အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေပြားနဲ့ မေးရိုးအထူးကုဌာနမှာ တက်ရောက်ကုသနေတဲ့ သံဃာတော်တွေ သွားရောက်တွေ့ဆုံခဲ့ပြီး၊ သံဃာတော်တွေရဲ့ ကျန်းမာရေးတိုးတက်မူ အခြေအနေတွေကို ကြည့်ရှုအားပေး ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ ရန်ကုန်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ကျော်နဲ့ လည်းတွေ့ဆုံပြီး ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်ချက်တွေကိုလည်း မေးမြန်းဆွေးနွေးခဲ့ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွန်းမံပြီး အဆင့်မြင့် ဆေးရုံကြီး ဖြစ်မြောက်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဖွဲ့ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို နိုဝင်ဘာလ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က  ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။