ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲမှ ပြော ကြား ချက်များ
Popular News Journal, 6 December 2012 — စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုပြန်လည်ဖွဲ့စည်းရာတွင် လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “အချက်တွေဖြုတ်ပယ်တာမဟုတ်ဘူး။
ကိုက်ညီအောင် ပြန်ပြီးပြင်ရတာပါ။ ဒါက ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေုလုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ရတာပါ။
လုပ်ပိုင်ခွင့်တွေကိုလဲ အချက်သစ်တစ်ချက်ပြန်ထည့်ထားပါတယ်။ မုံရွာမှာ ဆန္ဒပြမှုကြောင့် ဖမ်းဆီးထားတဲ့သူတွေ မရှိပါဘူး။
ရန်ကုန်မှာတော့ ရှိနေတယ်လို့ သိရတယ်။ ဒါတွေကိုလည်း ရဲကနေတစ်ဆင့် စုံစမ်းရေးကိုတိတိကျကျ ဆောင်ရွက်နေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
“ဗုံးခွဲတဲ့ကိစ္စမှာ ပထမဆုံး မီးသတ်ပိုက်နဲ့ ဖြန်းတယ်၊ ပြီးမှ
မျက်ရည်ယိုဗုံးတွေပစ်တာလို့ ရဲတပ်ဖွဲ့ကနေ ကျွန်မတို့ စုံစမ်းသိရှိရပါတယ်။
စုံစမ်းနေတဲ့အချိန်မှာ တလွဲကိစ္စတွေ ကော်မရှင်အနေနဲ့ ထုတ်ပြန်မိမှာစိုးလို့၊
လောလောဆယ်မှာ မပြောဖြစ်သေးတာပါ”လက်ရှိအနယ်နယ်အရပ်ရပ်တွင်
ဆန္ဒပြနေကြခြင်းများနှင့်ပတ်သက်၍ “ဆန္ဒပြကြတဲ့ကိစ္စတွေမှာ
ဘာကြောင့်ဆန္ဒပြကြလဲဆိုတာသိချင်တယ်။ ဒါမှ တိတိကျကျလုပ်ပေးလို့ရမှာပေါ့”
ဟုလည်းကောင်း၊
မန္တလေးမှ သံဃာတော်များနှင့်ပတ်သက်၍
“မန္တလေးက သံဃာတော်တွေ ကိစ္စကို မနက်ဖြန်ကျရင် ကော်မရှင်အတွင်းရေးမှူးကိုယ်တိုင် ကိုင်တွယ်မယ်၊ အားလုံးကိုပြောလို့မရသေးဘူး။ ဖြစ်ပြီးခဲ့တဲ့ကိစ္စကို တိတိကျကျပြောဖို့က အချိန်လိုသေးတယ်” ဟုလည်းကောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအားပြောကြားသည်။
“မန္တလေးက သံဃာတော်တွေ ကိစ္စကို မနက်ဖြန်ကျရင် ကော်မရှင်အတွင်းရေးမှူးကိုယ်တိုင် ကိုင်တွယ်မယ်၊ အားလုံးကိုပြောလို့မရသေးဘူး။ ဖြစ်ပြီးခဲ့တဲ့ကိစ္စကို တိတိကျကျပြောဖို့က အချိန်လိုသေးတယ်” ဟုလည်းကောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအားပြောကြားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနှင့်ပတ်သက်၍
ပြင်ပပညာရှင်များနှင့်သာ ဆွေးနွေးတိုင်ပင်
သွားမည်ဖြစ်ပြီး၊
အစိုးရနှင့်ပတ်သက်သော ပညာရှင်များနှင့် ဆွေးနွေးသွားမည်မဟုတ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။”အစိုးရရဲ့ ပညာရှင်တွေနဲ့ ညှိနှိုင်းလုပ်
ဆောင်သွားမယ်ဆိုရင် မေးခွန်းထုတ်စရာတွေ ပေါ်လာနိုင်တယ်”ဟု
ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ထို့အပြင် ကော်မရှင်၏
စုံစမ်းစစ်ဆေးမှုရလာဒ်များအား ပြည်သူအားလုံးက
ကြေနပ်နိုင်လိမ့်မည်မဟုတ်ကြောင်း၊ “စုံစမ်းရေးမှာ ဘယ်တော့မှ
အားလုံးကျေနပ်မယ်ဆိုတာမဖြစ်နိုင်ပါဘူး။ ကျွန်မတို့ မြင်ရင် မြင်တဲ့အတိုင်း
အဖြေကိုတင်ပြသွားမှာပါ။ မကြေနပ်တဲ့သူကလဲရှိမယ်၊ ကြေနပ်တဲ့သူကလဲရှိမယ်”ဟု
ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ မေးမြန်းမှုအားပြန်လည်ဖြေကြားပါသည်။
လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခြင်းနှင့်ပတ်သက်၍
မိမိတို့ကော်မရှင်က သေချာစွာ စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း၊
အားလုံးပြီးစီး၍ အဖြေရမှသာလျှင် သတင်းများထုတ်ပြန်ပေးမည်ဖြစ်ကြောင်းနှင့်
သတင်းထောက်များကို သီးခြားဖြေကြားမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခုအခါ
သတင်းစာရှင်းလင်းပွဲပြီးဆုံးသွားပြီဖြစ်သည်။
No comments:
Post a Comment