အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးရုံး ဖွင့်လှစ်မည်
Export-Import Bank of India မှ မန်နေဂျင်း ဒါရိုက်တာလည်းဖြစ်၊ ဘဏ်ဥက္ကဋ္ဌ လည်းဖြစ်သူ T.C.A Ranganathan
နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယအရှေ့မြောက်ပြည်နယ်များနှင့်
မြန်မာတို့အကြား နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စရပ်များ ဆောင်ရွက်ရန်
တရားဝင်ကိုယ်စားလှယ် ရုံးတရုံး ဖွင့်လှစ်သွားမည်ဟု အိန္ဒိယ နိုင်ငံထုတ် The
Economic Time သတင်းစာတွင် ရေးသားဖော်ပြထားသည်။အိန္ဒိယ၏ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း ဘဏ်တခု ဖြစ်သည့် Export-Import Bank of India မှ မန်နေဂျင်း ဒါရိုက်တာလည်းဖြစ်၊ ဘဏ်ဥက္ကဋ္ဌ လည်းဖြစ်သူ T.C.A Ranganathan က မြန်မာနှင့် ကုန်သွယ်ရေး အဆက်အသွယ် များ ဖွင့်လှစ်ချိတ်ဆက်ထားခြင်းနှင့် ဘင်္ဂလာဒေရှ့်တွင် ခရီးတထောက် နားခိုသည့် ကြားစခန်းများထားရှိခြင်းသည် အိန္ဒိယ အရှေ့မြောက်ဒေသ၏ သဘာဝမြေသြဇာသုံးသည့် စိုက်ပျိုးရေး ထွက်ကုန်များအတွက် အခွင့်အလမ်းသစ် တခုဖြစ်လာနေကြောင်း ဗုဒ္ဓဟူးနေ့က ဘဏ်ဥက္ကဌ က ပြောဆိုသည်ဟု သတင်းစာက ရေးသားသည်။
“ကျနော်တို့ဟာ လာမယ့် လအနည်းငယ်အတွင်း ရုံးမိမိတို့ရုံးကို စတင်လည်ပါတ်နိုင်မယ်လို့ မျှော်လင့်ထားသလို ခွင့်ပြုမိန့်ကိုလည်း လျှောက်ထားပြီး ဖြစ်တယ်” ဟု ၎င်း က ဆိုသည်။ အဆိုပါ ဘဏ်သည် မြန်မာနှင့် ဘင်္ဂလားဒေရှ့်
နှစ်နိုင်ငံအား ဆိုင်းငံ့အကွေးပေးချေ စနစ်ဖြင့် ကုန်ပစ္စည်းများ ဝယ်ယူနိုင်ရေး ခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါ ဘဏ်သည် အိန္ဒိယနိုင်ငံတွင်း၌ ၎င်းတို့၏ ရုံး ၁ဝ ရုံးနှင့် ပြည်ပနိုင်ငံများတွင် ရုံးး ခုနှစ်ရုံး ဖွင့်လှစ် ထားရှိသည်။
အရှေ့မြောက်ဒေသ အတွက် အိန္ဒိယ၏ နိုင်ငံခြားတင်ပို့ကုန် ငွေပမာဏအားဖြင့် ရူပီးငွေ ကုဋေ ၁ ထောင် (အမေရိကန်ဒေါ်လာသန်းပေါင်း ၁၂,ဝဝဝ ခန့်) ထဲမှ ၅ ရာခိုင်နှုန်းသော ငွေပမာဏကို ဒေသစိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့ခြင်းအတွက် လျာထားသုံးစွဲကြောင်း သိရသည်။
အဆိုပါဘဏ်သည် လက်ဖက်ခြောက် ထွက်ကုန်များ၊ ကျောက်မီးသွေးနှင့် ထုံးကျောက် တင်ပို့ခြင်း လုပ်ငန်းများကို အလုံးအရင်းဖြင့် လုပ်ကိုင်လျက်ရှိသည်။ အိန္ဒိယတနိုင်ငံလုံး နိုင်ငံခြားတင်ပို့ကုန် ပမာဏ၏ ၁ ရာခိုင်နှုန်းထက် နည်းပါးသည့် ပမာဏအား အရှေ့မြောက်ဒေသတွင်း ဖြတ်ကျော်ကာ ပုံမှန်ကုန်သွယ်မှု ပြုလုပ်ကြောင်း အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အဆိုရ သိရှိရကြောင်း The Economic Time က ရေးသား
ဖော်ပြသည်။
နေမျိုး
No comments:
Post a Comment